Thursday, August 21, 2014

အလှမယ် ၅ ဦး ဘယ်နိုင်ငံတွေမှာ သွားရောက် ယှဉ်ပြိုင်မလဲ

ယနေ့ အချိန်မှာတော့ မြန်မာနိုင်ငံမှာ Miss ပြိုင်ပွဲဝင်တွေအတွက် အခွင့်အရေးတွေများပြား လာနေပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်လောက်မှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာက ကျင်းပခဲ့တဲ့ Miss ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်မူတွေ မရှိခဲ့ပါဘူး။



ဓာတ်ပုံ-Miss Asia Pacific World
၂၀၁၂ ခုနှစ်က နန်းခင်ဇေယျာမှ စတင်ပြီး Miss ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရမှ အစပြုကာ ယခု အချိန် မှာတော့ Miss ပြိုင်ပွဲဝင်မယ့်သူတွေများပြားလာခဲ့ပါတယ်။ ဒါကြောင့်လဲ Miss ပြိုင်ပွဲဝင်နိုင်ဖို့အတွက် အဖွဲ့ အစည်းတွေဟာလဲ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။သြဂုတ်လ၂၁ ရက်နေ့မှာ ရန်ကုန်မြို့ MCC ခန်းမမှာ ည ပိုင်းအချိန် နိုင်ငံတကာMiss ပြိုင်ပွဲတွေကို သွား
ရောက်ယှဉ် ပြိုင်ဖို့အတွက် ရွေးချယ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ထိုပြိုင်ပွဲတွေမှာ ဒိုင်အဖြင့် အမှတ်ပေး ဖို့ကိုလည်း ပြည်ပနိုင်ငံမှာ Miss သရဖူရရှိထားတဲ့ ဖိလစ်ပိုင်နိုင်ငံမှ လာရောက် ကူညီပေးခဲ့ပါတယ်တဲ့။

မကြာမီ ၅ နိုင်ငံမှာ ကျင်းပမယ့် Missပြိုင်ပွဲအတွက်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပိုလန် နိုင်ငံ မှာ ကျင်းပမယ့် Miss supranational ပြိုင်ပွဲ မှာ သွားရောက်ယှဉ် ပြိုင်ဖို့အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးချယ်ခံရတာကတော့ Miss ဟန်သီ က ရရှိသွားပြီး၊ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် Miss Grand International အတွက်မြန်မာနိုင်ငံကိုယ်စားပြု Miss M ဂျာ ဆိုင်းက ရရှိခဲ့ပြီး၊ ဖိလစ်ပိုင်မှာ ကျင်းပမယ့် Miss Earth အတွက် Miss အိမွန်ခိုင်၊ ဂျော်ဒန်နိုင်ငံမှာ ကျင်းပမယ့် Miss Intercontinental ပြိုင်ပွဲအတွက် Miss အိန်ဂျယ်လမုန်း၊ ထိုင်ဝမ်မှ ကျင်းပမယ့် Face of Beauty International ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြုMiss ဟယ်လင်မျိုး အစရှိတဲ့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ဖို့ အတွက် Miss အသီးသီးတွေကိုရွေးခဲ့ပါတယ်။

ယခု ကျင်းပတဲ့ ပြိုင်ပွဲကို Miss Golden land Myanmar Organization က ကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပါ တယ်။

အိမ့်သံစဉ်
ဧရာဝတီ

0 comments:

Post a Comment