Friday, August 22, 2014

စတုတ္ထတန်းကျောင်းသား/သူတွေကို ဘောင်းဘီချွတ်ရိုက်သည့်ဘားအံမြို့နယ်က ကျောင်းဆရာ


ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်၊ သာမညကျေးရွာမူလတန်း ကျောင်း၌ ၂၀၁၄၊ သြဂုတ် (၁) ရက်နေ့တွင်စတုတ္ထတန်းကျောင်း သား/သူ (၁၇)ဦးကို စာမရသဖြင့်ဘောင်းဘီများချွတ်စေပြီးအတန်းပြ ဆရာကရိုက်နှက်ဆုံးမမှုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

သာမညကျေးရွာ မူလတန်း ကျောင်းသည်အဆောက်အဦ မပြီးစီး၊ မပြည့်စုံသေးသဖြင့်သာမညဆရာတော်လက်ထက်(သာသနိကအဆောက်အဦ)ဓမ္မာ ရုံတွင်နေရာချထားသင်ကြားပေး လျက်ရှိရာဘောင်းဘီချွတ်ရိုက် သည့်ကိစ္စရပ်မှာ အဆိုပါဓမ်္မာရုံအပေါ်ထပ် စာသင်ခန်း၌ဖြစ်ပွား ခဲ့ပြီးနံနက်(၁၁)နာရီခွဲခန့်တွင် တစ်ကြိမ်၊ နေ့လယ် (၁)နာရီခွဲခန့်တွင် (၁)ကြိမ် ကျောင်းသား (၁၁)ဦးနှင့်ကျောင်းသူ(၆)ဦးတို့ကို အတန်းပြဆရာ ဦး-----ကဘောင်းဘီချွတ်စေပြီး ရိုက်နက်ခဲ့ ခြင်းဖြစ်သည်ဟုမျက်မြင်သက်သေ များက ပြောသည်။နိုင်ငံတော်အစိုးရမှ ၁၉၉၁ ခုနှစ်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလ သမဂ္ဂညီလာခံသဘောတူစာချုပ် အပိုဒ်(၁၉)၌ကလေးသူငယ်များ အားလုံးတွင် နာကျင်အောင်ပြု လုပ်ခံရခြင်း၊ ဆိုးဝါးစွာဆက်ဆံခံ ရခြင်းတို့မှ အကာအကွယ်ရရှိခွင့် ရှိကြောင်း၊ အပိုဒ်(၃၇)၌ ကလေးသူငယ်များအားလုံးသည်ရက်စက် သော သို့မဟုတ် ထိခိုက်နာကျင် စေသော နည်းလမ်းဖြင့် ပြစ်ဒဏ် ပေးခြင်းကို မခံထိုက်စေရဆိုသည့် အခွင့်အရေးရှိကြောင်း၊ အပိုဒ်(၃၉)၌ မည်သည့်ကလေးသူငယ် မဆို နာကျင်ထိခိုက်ခဲ့လျှင်၊ လျစ် လျူရှုခံရလျှင် သို့မဟုတ် ဆိုးဝါး စွာ ဆက်ဆံခြင်းခံရလျှင် အကူ အညီရပိုင်ခွင့်ရှိကြောင်း ဖော်ပြ ပါရှိပြီးအဆိုပါသဘောတူစာချုပ် ကို နိုင်ငံပေါင်း (၁၉၁) နိုင်ငံက သဘောတူလက်မှတ်ရေးထိုးထား ကြောင်း သိရသည်။

ကျောင်းသား/သူလေးများကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင် စေနိုင်သည့် သာမညမူလတန်း ကျောင်းတာဝန်ရှိ ဆရာတစ်ဦး၏ လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး“ကျွန်မတို့ ကလေးတွေကို စိတ် ဒဏ်ရာရအောင် မရိုက်ရဘူးလို့ ညွှန်ကြားချက်တွေလည်းထွက်ထား ပြီးသားလေ။ ကျွန်မတို့ အမြန်ဆုံး စစ်ဆေးပေးပါ့မယ်”ဟုကရင်ပြည် နယ်၊ ပညာရေးဌာနစု၊ ညွှန်ကြား ရေးမှူး ဒေါ်မြင့်မြင့်ဝင်း(စစ်ဆေး ရေး)က ပြောသည်။

သာမည မူလတန်းကျောင်း ဆရာ ဦး-----၏ တပည့်များ အပေါ်လိုအပ်သည်ထက်ပိုမိုပြုမူ ဆုံးမခဲ့သည်ဆိုသည့် သတင်းဖြစ် ပေါ်မှုနှင့် ပတ်သက်ပြီး မြို့နယ် ပညာရေးမှူးမှသွားရောက်တွေ့ ဆုံစစ်ဆေးပေးမည်ဟု ပြောဆိုပြီး ယင်းသို့ပြောဆိုသည့် သြဂုတ် လ (၁၉) ရက် ညနေ(၃) နာရီ (၁၀) မိနစ်ခန့်မှာပင်သာမည်မူလတန်းကျောင်းသို့ရောက်ရှိလာကာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောင်း အကျိုးတော်ဆောင်များကိုတွေ့ဆုံ သွားခဲ့ကြောင်းသိရသည်။

သာမညမူလတန်းကျောင်း၌ ဖြစ်ခဲ့သည့်ကိစ်္စကို ကျောင်းသား မိဘတစ်ဦးက “အခု (၄)တန်း ကျောင်းသူဆိုတာကတော့ သာမည မှာဆိုရင် အသက်တွေက ၁၂ နှစ်၊ ၁၃နှစ်ရှိတဲ့ အရွယ်တွေ လည်းရှိလာပြီ။ တချို့ဆိုရင် မိန်း ကလေး သဘာဝအရဖြစ်သင့်တဲ့ ဖွံ့ဖြိုးထွားကြိုင်းမှုတွေရှိနေကြပြီ လေ။ အဲဒီအခြေအနေမှာ ကျောင်း ဆရာလေးအသက်(၂၀)ကျော် ကျော် လူငယ်လေးကနေ အခုလို မျိုးဆောင်ရွက်တယ်ဆိုတော့ ဒီ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာပေါ့။ ခံစားချက်နဲ့ပြောမယ်ဆိုရင်လည်း မကောင်းဘူး။ပတ်ဝန်းကျင်မိဘ အမြင်နဲ့ ကြည့်မယ်ဆိုရင်လဲ သည်းခံလောက်စရာအခြေအနေ မျိုးမဟုတ်ဘူးပေါ့”ဟု ကျောင်း သားမိဘတစ်ဦးက ၎င်း၏သဘော ထားကိုပြောကြားသည်။ကျောင်း သား၊ ကျောင်းသူများကို ဘောင်း ဘီချွတ်ရိုက်ပြီး ဆုံးမခဲ့သည်ဆို သော ကျောင်းဆရာ ဦး...မှာ ကျောင်းအုပ်ဆရာမကြီး၏ မောင်အရင်းဖြစ်ကြောင်း ဒေသခံရွာသား များက ဖြည့်စွက်ပြောကြားသည်။

ပွင့်ဆန်း

hotnewsweekly.

0 comments:

Post a Comment