Thursday, August 21, 2014

ဝေဘာဂီဆေးရုံမှလူနာ ငှက်ဖျား လက္ခဏာတွေ့ဟု ဓာတ်ခွဲခန်းအဖြေထွက်

မြောက်ဥက္ကလာရှိ ဝေဘာဂီဆေးရုံတွင် အီဘိုလာရောဂါရှိသူဟု သံသယရှိ၍ ဆေးကုသမှု ခံယူနေသူမှာ ရန်ကုန်ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၏ စစ်ဆေးချက်အရ ငှက်ဖျားရောဂါပိုး ရှိနေသည့် လက္ခဏာတွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေမှူး ဒေါက်တာ ထွန်းတင်က မဇ္ဈိမကို သြဂုတ်လ ၂၁ ရက် နံနက်ပိုင်းတွင် ပြောသည်။



“လောလောဆယ် သွေးအဖြေမှာ ငှက်ဖျားပိုး စမ်းသပ်တွေ့ရှိထား ပါတယ်။ ကျွန်တော်တို့က ရောဂါလက္ခဏာတွေကြောင့် အီဘိုလာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးခဲ့တာပါ။ ဒီလိုစစ်ရင်းနဲ့ ငှက်ဖျားပိုး တွေ့ခဲ့တာပါ။ လူနာရဲ့အခြေအနေကလည်း တိုးတက်လာပါပြီ။ ဒါပေမယ့် အီဘိုလာ ဖြစ်တဲ့ဒေသတွေကို သွားခဲ့သူမို့ ခုထိတော့ သီးသန့်ခွဲခြားပြီး စောင့်ကြည့်နေပါတယ်” ဟု ၎င်းကပြောသည်။ရန်ကုန် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန၏ စစ်ဆေးချက်အဖြေအရ လူနာသည် ငှက်ဖျားပိုးရောဂါနှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ်နှင့် ပလပ်စမိုဒီရမ်ဗိုင်းဘက် ရောဂါပိုး နှစ်မျိုး ကူးစက်ခံနေရကြောင်းတွေ့ရှိခဲ့ပြီး ၎င်းနှင့်အတူ စစ်ဆးကုသနေရသည့် အခြားသူလေးဦးမှာလည်း ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာနအဖြေအရ မည်သည့်ရောဂါ လက္ခဏာပိုးမျှ မတွေ့ရှိ ရကြောင်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ သြဂုတ် ၂၁တွင် ထုတ်ပြန်ထားသည်။

လူနာငါးဦးလုံး၏ သွေးများကို အန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ကာ စစ်ဆေးလျက်ရှိသည်ဟုလည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


mizzimaburmese

0 comments:

Post a Comment