Monday, September 1, 2014

တောင်းပန်စာရမှ သရဖူကိုပြန်အပ်မယ်လို့ မေမြတ်နိုး ပြော


မေမြတ်နိုး အနေနဲ့ ကိုရီးယားအဖွဲ့အစည်းက စပွန်ဆာရှာခိုင်းသလို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ လိုအပ်ချိန်မှာ အဖော်အဖြစ်နေရမယ်လို့ တောင်းဆိုခဲ့တာကြောင့် ငြင်းဆိုပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့တာလို့ ဆိုပါတယ်။ ယခင်ပြောဆိုထားတဲ့မိန်းကလေး kpop အဖွဲ့ လည်း မလုပ်တော့သလို အစီအစဉ်ပြောင်းလဲ လိုက်ကြောင်း| ခေါင်းအစခြေအဆုံး လှပအောင် ပလတ်စတစ် ဆာဂျရီလုပ်ပြီး ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များထံ စပွန်ဆာ ရှာခိုင်းကြောင်း| ကိုရီးယားတင်မက kpop လွှမ်းမိုးမှု ရှိတဲ့ ဂျပန်နိုင်ငံ မှာပါ စပွန်ဆာ ရှာခိုင်းတာကြောင့် လက်မခံဘဲပြန်လာတာ လို့ စာနယ်ဇင်းရှင်းလင်းပွဲမှာ မေမြတ်နိုးက ပြောပါတယ်။

မေမြတ်နိုးက အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး ပြိုင်ပွဲမှာတော့ အသက်ဆယ့်ရှစ်နှစ်အနေနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အာရှပစိဖိတ်ဝေါ အဖွဲ့အစည်း က ကြေညာချက်ကို မြန်မာနိုင်ငံရောက်မှ သိရှိခဲ့တာကြောင့် crown ပြန်မပေးဖြစ်ခဲ့ကြောင်း ခိုးလာတာမဟုတ်ကြောင်းရှင်းပြပါတယ်။

ကိုရီးယားအဖွဲ့အစည်းအနေနဲ့ သူတို့ အမှားကို သမီးအမှားပါလို့ ပုံချပြီး မြန်မာနိုင်ငံ ကိုရှုံ့ချတဲ့အတွက် တောင်းပန်စာလိုချင်ပါတယ်။ တောင်းပန်စာရမှ crown ကို အဖွဲ့အစည်းကို ပြန်အပ်မယ်။ သမီးဘက်က မမှားလို့ တောင်းပန်စရာမရှိဘူး။ သူတို့မတောင်းပန်ရင် သက်ဆိုင်ရာကနေ ဆက်လုပ်သွားမယ်´ လို့လည်း မေမြတ်နိုးက ဆိုပါတယ်။

Author ရဲလင်းလင်းသန်း
photo ကိုမျိုးခိုင်
Kumudra

0 comments:

Post a Comment