Monday, September 1, 2014

UNFC တွင် KNU ပါဝင်မှုကို ခေတ္တ ဆိုင်းငံ့ထားမည်ဖြစ်ပြီး ဆက်လက် ပါဝင်သင့်မသင့် KNU ဗဟိုကော်မတီအစည်းအဝေးတွင်ဆုံးဖြတ်မည်


တိုင်းရင်သားလက်နက်ကိုင် တပ်ပေါင်းစုဖြစ် သော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ ပထမအကြိမ်ညီလာခံမှထွက်ခွာခဲ့သည့် ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးအနေဖြင့် UNFC တွင် ဆက်လက်ပါဝင်ခြင်း မပါဝင်ခြင်းကို KNU ဗဟိုကော်မတီအဖွဲ့၏ အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး ယင်းအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်ကြောင်း သြဂုတ် ၃၁ရက်နေ့စွဲဖြင့် KNU ဗဟိုမှ ကြေညာချက်ထုတ်ပြန်လိုက်သည်။အချက် ငါးချက်ပါ ယင်းကြေညာချက်တွင် UNFC အဖွဲ့သို့ ပေးပို့ထား သည့် ကေအင်န်ယူအဖွဲ့၏ ကိုယ်စားလှယ်ကို ရုပ်သိမ်းသွားမည်ဖြစ်ပြီး ညီလာခံတက်ရောက်နေသည့် ကေ အင်န်ယူကိုယ်စားလှယ်အဖွဲ့၊ လေ့လာ သူများနှင့် ရုံးအဖွဲ့များအားလုံးကို ညီလာခံတွင်ပါဝင်မှုမှ ရပ်စဲကြောင်း ကေအင်န်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏လက်မှတ်ဖြင့် ထုတ် ပြန်သောကြေညာချက်တွင် ဖော်ပြ ထားသည်။

''အဖွဲ့က အပြီးနုတ်ထွက်တာ မဟုတ်ပါဘူး။ ယာယီသာဖြစ်ပါတယ်။ ဗဟိုကော်မတီအစည်းအဝေးမှာ ပြန် ပြီး ဆက်ပါသင့်၊ မသင့်ဆိုတာ ဆုံး ဖြတ်မယ်လို့ အခုပဲကျွန်တော့်ကို အ ထွေထွေအတွင်းရေးမှူး ဖဒိုစော ကွယ်ထူးဝင်းက ဖုန်းဆက်ပြီး ပြော လာတယ်''ဟု UNFC ညီလာခံကျင်း ပမှုကို သွားရောက်လေ့လာခဲ့သည့် ၈၈မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမြအေးက စက်တင်ဘာ ၁ရက် ညနေပိုင်းတွင် ပြောသည်။

KNU မှထုတ်ပြန်ခဲ့သည့် ကြေ ညာချက်တွင် အဖွဲ့အစည်းတစ်ခု၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိခိုက်သည့် ဖွဲ့စည်းလုပ်ဆောင်မှု များကို ကေအင်န်ယူအနေဖြင့် လုံးဝ လက်ခံနိုင်ခြင်းမရှိကြောင်း ဖော်ပြ ထားပြီး ကေအင်န်ယူအနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ တပ်ပေါင်းစုညီလာခံ တွင် လက်ရှိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုရှိသည့် အခြေခံမူများဖြင့် ပူပေါင်းဆောင်ရွက်နိုင်မည့် အကြံပြု စာတမ်းတစ်စောင် တင်သွင်းခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

ကေအင်န်ယူအဖွဲ့နှင့် UNFC အဖွဲ့ဝင်များအကြား ညှိနှိုင်းရခက်ခဲ ခဲ့သည့်အချက်များမှာ ကေအိုင်အို၊ TNLA/PSLF၊ SSA မြောက်ပိုင်း၊ မွန်ပြည်သစ်ပါတီ စသည့် အဖွဲ့များအ ပါအဝင် အဖွဲ့အဝင်တချို့က UNFC အဖွဲ့ဥက္ကဋ္ဌအား အဖွဲ့ဝင်များမှ ရွေး ချယ်ပြီး ဗဟိုဦးစီးစနစ်ဖြင့် နိုင်ငံရေး အခွင့်အရေး တောင်းဆိုမှုများနှင့် တပ်ပိုင်းဆိုင်ရာ ပေါင်းစည်းရေးကိစ္စ များတွင် ရပ်တည်ချက်တစ်မျိုးတည်း ဖြင့်သွားလိုသော်လည်း ကေအင်န် ယူအဖွဲ့အနေဖြင့် တူသည့်အရာ တွဲ လုပ် မတူသည့်အရာ ခွဲလုပ်ဆိုသည့် မူဝါဒမျိုးသာ ထားရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်း အမည်မဖော်လိုသူ ညီ လာခံတက်ရောက်နေသူ တစ်ဦးက ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ကေအင်န်ယူဗဟိုအနေဖြင့် ကိုယ်စားလှယ်များကို ညီလာခံတွင် ပါဝင်မှုရပ်စဲထားမည်ဟု ကြေညာ ထားခဲ့သော်လည်း အဖွဲ့၏လေ့လာ သူအဖြစ်တက်ရောက်နေသည့် တွဲ ဘက်အတွင်းရေးမှူး (၂) ဖဒိုမန်းမန်း နှင့် UNFC တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် ဖဒိုဒေးဗစ်တာက ပေါတို့မှာ စက်တင်ဘာ ၁ရက် ညီ လာခံအစည်းဝေးသို့ ဆက်လက် တက်ရောက်နေကြောင်း သိရသည်။

ယင်းနေ့တွင်ပင် ကေအင်န်ယူ အဖွဲ့ ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် မှလည်း ယူအင်န်အက်ဖ်စီ ညီလာခံ သို့ အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့ပြီး မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ် များကြောင့် ညီလာခံကြန့်ကြာမှုဖြစ်ခဲ့ ရသည်ကို စိတ်မကောင်းကြောင်းနှင့် ကေအင်န်ယူအဖွဲ့၏ (၁၅)ကြိမ်မြောက် ညီလာခံမှချမှတ်ထားသည့် မူဝါဒ များအတိုင်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ခိုင်မာသည့် တပ်ပေါင်း စုတည်ဆောက်နိုင်ရေးအတွက် ကြိုး ပမ်းသွားမည်ဖြစ်ကြောင်းနှင့် KNU အဖွဲ့အတွင်း ညှိနှိုင်းမှုများ ပြုလုပ်၍ တပ်ပေါင်းစုတွင် ဆက်လက်ပါဝင် သွားရန် ကြိုးပမ်းသွားမည် ဖြစ် ကြောင်း ယင်းအကြောင်းကြားစာ တွင် ဖော်ပြထားသည်။

''ကျွန်မတို့ နှစ်ခြမ်းမကွဲပါဘူး။ ကျွန်မ အခုဆုံးဖြတ်တာကတော့ ကေအင်န်ယူ ညီလာခံမှာ ဆုံးဖြတ် ထားတဲ့အတိုင်းပါပဲ။ တပ်ပေါင်းစုရဲ့ ပူးပေါင်းမှုဟာ KNU ရဲ့ မူသဘော ထားရှိပါတယ်။ ဒါကို ဆက်ပြီးသွား ဖို့ကတော့ ဗဟိုကော်မတီသဘော ထားရှိပြီးသား ဖြစ်ပါတယ်။ ဒီမူကို ကျွန်မတို့မပယ်ဖျက်ရသေးဘူး။ ချ ထားတဲ့မူအတိုင်း ရှေ့သွားတယ်။ အဲဒါကြောင့် ကေအင်န်ယူအနေနဲ့ ဒီမဟာမိတ်တပ်ပေါင်းစု ပူးပေါင်း ဆောင်ရွက်ရေးမူကို ဆက်လက်ဆုပ် ကိုင်သွားရမှာ'' ဟု ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောသည်။

လေ့လာသူများ ၏ အဆိုအရ ကေအင်န်ယူအဖွဲ့တွင် ဥက္ကဋ္ဌဗိုလ်ချုပ် ကြီး မူတူးဆေးဖိုး၊ အထွေထွေအ တွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း၊ မန်းငြိမ်းမောင် စသည့်ပုဂ္ဂိုလ်များက မူဝါဒတစ်မျိုး ဒုတိယဥက္ကဋ္ဌ နော်စီဖိုး ရာစိန်၊ အတွင်းရေးမှူး(၂) ဖဒိုမန်း မန်း၊ ဖဒိုဒေးဗစ်သာကပေါတို့က မူဝါ ဒတစ်မျိုးဖြစ်နေကြောင်း သုံးသပ်ကြ ပြီး ဥက္ကဋ္ဌနှင့် အဖွဲ့ကို လက်ခံသည့် တပ်မဟာများရှိသလို ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့် အဖွဲ့ကိုထောက်ခံ သည့်တပ်မဟာများလည်းရှိကြောင်း လေ့လာသူများကဆိုသည်။

STAL
Democracytoday

0 comments:

Post a Comment