Sunday, November 9, 2014

မုန်တိုင်းကြောင့် ပင်လယ်တွင်းမျောပါနေသူ ၁၈၆ဦးကို ဒုတိယနေ့တွင် ထပ်မံကယ်ဆယ်နိုင်ခဲ့


မုန်တိုင်းကြောင့် ပင်လယ်ပြင်တွင်မျောပါနေသော ဖျာ ပုံဒေသမှ ကျားဖောင်ရေလုပ်သား ၁၈၆ဦးကို တပ်မတော်(ရေ)မှ ထပ်မံ ကယ်ဆယ်ရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၉ရက် နံနက်ပိုင်း တွင် ဒုတိယအသုတ်အဖြစ် အဆိုပါ ရေလုပ်သား ၁၈၃ဦးကို ထပ်မံကယ် ဆယ်ရရှိခဲ့ခြင်းဖြစ်ပြီး မွန်းလွဲပိုင်းတွင် သုံးဦးကို ထပ်မံတွေ့ရှိခြင်းဖြစ်သည်။ ယင်းတို့အနက်မှ ၁၇၄ဦးကို ဧရာဝတီ ရေတပ်စခန်းဌာနချုပ်(ရန်ကုန်)သို့ လွှဲပြောင်းပေးအပ်ထားပြီးဖြစ် ကြောင်း သိရသည်။အဆိုပါရေလုပ်သားများအား ကယ်ဆယ်ရေးလုပ်ငန်းများကို တပ် မတော်(ရေ)မှ စစ်ရေယာဉ် ငါးစင်းဖြင့် ကယ်ဆယ်မှုများ ဆောင်ရွက်လျက်ရှိ နေပြီး ပထမ အသုတ်အဖြစ် ရေလုပ် သား ၂၅၂ဦး၊ ဒုတိယအသုတ်အဖြစ် ရေလုပ်သား ၁၈၃ဦးနှင့်ယနေ့မွန်း လွဲပိုင်းတွင် တတိယအသုတ်အဖြစ် သုံးဦးတို့ကို ရှာဖွေကယ်ဆယ်နိုင် ခဲ့ခြင်းဖြစ်သည်။
ယင်းကယ်ဆယ်ရရှိသူများကို လည်း နေရပ်ပြန်ပို့ခြင်းများကိုပါ တစ်ပါတည်းဆောင်ရွက်လျက်ရှိနေ ကြောင်း ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနမှ သိရ သည်။

ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန ရန်ကုန် တိုင်းဦးစီးအရာရှိဦးကြည်သာက ''ဒီနေ့ဆိုပြင်ပသင်္ဘောက တွေ့လို့ ကယ်လာတာတောင် သုံးဦးပါသေး တယ်။ ဘယ်နှစ်ဦးမျောလာတယ်ဆို တာတောင်ဘယ်သူမှ အတိအကျ မေးလို့မရဘူးဆိုတော့ ဘယ်နှစ်ဦး ကျန်သေးလဲဆိုတာခန့်မှန်းရခက်ပါ တယ်။ ဒါကြောင့် တပ်မတော်(ရေ)ကလည်း ကျန်သေးတဲ့ သူရှိ၊ မရှိဆက် ပြီး ကယ်ဆယ်ရေးကိုလုပ်နေတုန်းပဲ'' ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနအနေ ဖြင့် တပ်မတော်(ရေ)မှပြန်လည် လွှဲ ပြောင်းပေးသည့်ရေလုပ်သားများကို နေရပ်လိပ်စာများမေးကာချက်ချင်း နေရပ်ပြန်နိုင်အောင် စီစဉ်ဆောင် ရွက်ပေးနေခြင်းဖြစ်ပြီး ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးသို့ ကားလေး စီးဖြင့်ပို့ဆောင်ပေးနိုင်ခဲ့ပြီး ကျန်နေရပ် လိပ်စာများသို့ ကားတစ်စီးဖြင့် ပို့ ဆောင်ပေးခဲ့ကြောင်းလည်း ဦးကြည် သာကပြောသည်။
ယခုလ ၇ရက်ညပိုင်းက ရာသီ ဥတုဆိုးရွားမှုကြောင့် အထက်ပါရေ လုပ်သားများမှာ ပင်လယ်ပြင်အတွင်း မျောပါနေကြောင်း သတင်းရရှိသဖြင့် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေ ယာဉ်-၅၅၆၊ စစ်ရေယာဉ်- ၅၆၃၊ စစ် ရေယာဉ်-၅၆၄၊ စစ်ရေယာဉ်-၆၂ဝ (ထပယ)၊ စစ်ရေယာဉ်-နဝရတ် စုစု ပေါင်း ငါးစင်းဖြင့် ရှာဖွေကယ်ဆယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိနေခြင်းဖြစ်သည်။

Democracytoday

0 comments:

Post a Comment