Monday, November 3, 2014

မြန်မာဒီမိုကရေစီ အကူးအပြောင်း . . . ဘာတွေ ပြောင်းပြီလဲ

မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းဟာ ၄ နှစ်တာ ကာလထဲ ချဉ်းနင်းဝင်ရောက်ခဲ့ပါပြီ။ နိုင်ငံတကာမှာ ဖြစ်ခဲ့တဲ့ ဒီမိုကရေစီအကူးအပြောင်းတွေမှာလည်း ပထမဦး ဆုံး ရွေးကောက်ခံ အစိုးရတွေဟာ စိန်ခေါ်မှု အခက်အခဲများစွာ ရင်ဆိုင်ကြရပါတယ်။ ယေဘုယျ ရင်ဆိုင်ရတဲ့ ပြဿနာတွေကတော့ ဆင်းရဲမွဲတေမှု လျှော့ ချနိုင်ဖို့နဲ့ အခြေခံဥပဒေကို ခေတ်ကာလနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲဖို့ပါပဲ။ မြန်မာနိုင်ငံမှာလည်း ဒီအခက်အခဲတွေရှိပေမယ့် အခုအချိန်ထိ အတိုင်းအတာ တစ်ခု ထိ ချောမွေ့နေဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒီအပြောင်းအလဲဟာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး၊ ခရီးသွားလာရေး၊ စာပေ စတဲ့ အခန်းကဏ္ဍတွေအပေါ် ဘယ်လို သက်ရောက်ခဲ့သလဲဆိုတာကို ပေါ်ပြူလာနယူးစ်က အကြမ်းဖျင်း မေးမြန်းဖော်ပြလိုက်ပါတယ်။ဦးခင်မောင်ဦး
အတွင်းရေးမှူး (စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ပြည်သူ့လွှတ်တော်)

လက်ရှိအစိုးရရဲ့သက်တမ်း လေးနှစ် အတွင်းမှာ စီးပွားရေးပိုင်းဖွံ့ဖြိုးတိုးတက် မှုကတော့ အားရစရာ အကောင်းဆုံး ကဏ္ဍတစ်ခုအနေနဲ့ ရပ်တည်နေတယ်။ အရင်ကနိုင် ငံတော်နဲ့ နိုင်ငံသားတွေ မရ ခဲ့တဲ့ စီးပွားရေး အခွင့်အလမ်းတွေ၊ စီး ပွားရေးအကျိုးရလဒ်တွေ အခုရနေတယ်။ ဥပမာတစ်ခုပဲ ထင်သာမြင်သာကို ပြော ရရင် အရင်တုန်းက ကားတစ်စီးဘယ် လောက်လဲ အခုဘယ်လောက်လဲ ဒါကို ပဲ ယှဉ်ထိုးပြီးကြည့်မယ်ဆိုရင် တွေ့နိုင် တယ်။ နောက်တစ်ခုက အခွန်တွေရ လာတယ်။ အခွန်တွေ လွတ် ကင်း လာတဲ့ တပ်မတော်ပိုင် ဦးပိုင်လီမိတက်လိုဟာမျိုးတွေတောင်မှ အခုအခွန်တွေဆောင်နေရတယ်။ အရွေ့တွေရှိတယ်။ နောက်တစ်ခု ပြည်ပက ယုံကြည်မှုတွေ ပို လာရင် အ ရင်တုန်းက နိုင်ငံခြားဘဏ်တွေ မဝင်ခဲ့ဘူး။ အခုဝင်လာတယ်။ ကိုးခု တောင်ဝင်လာတယ်ဗျာ။ စီးပွားရေးပိတ် ဆို့မှုတွေကိုရုပ်သိမ်းပေး တယ်ဗျာ။ ကြွေးတွေလျှော် ပစ် တယ်ဗျာ။ စီးပွားရေးလုပ်ငန်းတွေကို အခု နိုင်ငံသားတွေက အေး အေးဆေးဆေး လုပ်နိုင်ပါတယ်။ ဒါက အားသာချက်တွေ။ အားနည်းချက်ရောမရှိဘူးလား။ ရှိတာပေါ့။ လူတွေရဲ့ ဆန္ဒ က အကန့်အသတ်ရှိတာ မဟုတ်ဘူး။ အမြဲတမ်းပဲလိုချင်တယ်။ ဒီ့အတွက်အား နည်းချက်တွေကိုရှာမယ်။ အားမလို အားမရဖြစ်ကြ။ ဒါတွေ လက်ခံပါတယ်။ ဒီလောက် အချိန်တိုတိုလေးနဲ့ ဒီလိုမျိုး စီးပွားရေးအတိုင်းအတာတွေ ဖြစ်လာ တယ်ဆိုတာက နည်းတဲ့ ပြောင်းလဲချက် မဟုတ်ဘူး။ အစိုးရပဲဖြစ်ဖြစ်၊ လွှတ် တော်ပဲဖြစ်ဖြစ်၊ တရားစီရင်ရေးကပဲဖြစ်ဖြစ် လုပ်ရတဲ့အလုပ်က အကန့်အသတ်ရှိတယ်။ အဲဒီအကန့်အသတ်တွေကနေ လုပ်သွားတာပါ။ လူတွေရဲ့ ဆန္ဒ ကတော့ အကန့်အသတ်ကို မရှိဘူး။ ဒါကို နားလည်ရင် ဦးသိန်းစိန်အစိုးရ လက်ထက်ရဲ့ စီးပွားရေးကဏ္ဍကပြောင်းသလား မပြောင်းဘူးလားဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို မြင်နိုင်တယ်။

ဒေါက်တာ ခင်မောင်လွင်
ညွှန်ကြားရေးမှူး(အငြိမ်းစား)၊ ကျန်းမာရေးဝန်ကြီးဌာန

ကျန်းမာရေးကဏ္ဍမှာ တိုးတက်လာတဲ့အချက် ငါးချက်နဲ့ လိုအပ်ချက် ငါးချက်ကို ပြောမယ်။တိုးတက်လာတဲ့ ပထမအချက်က အမျိုးသားကျန်းမာရေး ကော်မတီကို ဒုတိယ သမ္မတ (၁) ကိုယ်တိုင်က ဥက္ကဋ္ဌ အဖြစ် ထိုင်တယ်ဆိုတော့ တိုးတက်လာတယ်။ ဘာလို့လဲဆိုတော့ NHC ၊ သူက ကျန်းမာရေးလုပ်ငန်းတွေကို ညှိနှိုင်းတဲ့အခါမှာ ဝန်ကြီး အ ဆင့်ထက်မြင့်တဲ့ လူရှိမှသာလျှင် အဆင်ပြေမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ဆိုင်လို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ယူပြီးလုပ်ရ တာ မဟုတ်ပါဘူး။ ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စတွေဆိုရင် ဒုတိယသမ္မတက တာဝန်ယူထားတော့ ဆောင်ရွက်ရတာ ပိုထိရောက်ပြီး တိုး တက်လာတယ်လို့ ပြောရမှာပေါ့။

ဒုတိယအချက်ကတော့ အစိုးရက ကျန်းမာရေးဘတ်ဂျက်ကို အများကြီးတိုးသုံးလာတယ်။ အဲဒါကလည်း တိုးတက်တဲ့ အချက်ပဲ။ တတိယအချက်ကတော့ နိုင်ငံတကာ အထောက်အကူတွေ ကျန်းမာရေးကဏ္ဍမှာ အများကြီးရလာတယ်။ စတုတ္ထအချက်ကတော့ အခုဆို ရင် မိတ်ဆွေနိုင်ငံတွေ ပိုများလာတာနဲ့အမျှ တက္ကသိုလ်အချင်းချင်း ဆက်သွယ် ဆက်ဆံရေးမှာ တိုးမြှင့်လာတဲ့အတွက် ကြောင့် ဆေးပညာသင်ကြားရေးမှာ အဆင့်မြင့်သင်ကြားရေးအတွက် အခွင့်အလမ်းတွေပွင့် သွားတယ်။ နောက်ဆုံး အချက်ကတော့ ပုဂ္ဂလိ က ဝန်ဆောင်မှုလုပ်ငန်းတွေ များစွာ တွေ့ရတယ်။ ဒါလည်း တိုးတက်လာတဲ့ အချက်ပဲ။ လိုအပ်နေတဲ့အချက် ငါးချက်ကို ပြောမယ်။ ကျန်းမာရေး ဝန်ကြီးဌာနက လူထုကျန်းမာရေးဝန်ကြီးဌာနအဖြစ် ပြောင်းသင့်တယ်။ ဘာလို့လဲဆိုတော့ ပုဂ္ဂလိက အခန်းကဏ္ဍဟာ ပုဂ္ဂလိက ဆေးကု တာတွေကိုယူတဲ့ အခါမှာ လူထုကရွေးကောက် ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနသည် လူထုကျန်းမာရေးကိစ္စရေးရာတွေမှာ အထူးအာရုံစိုက်သင့်တဲ့အတွက်ကြောင့် ကျန်းမာရေးဝန်ကြီး ဌာနရဲ့အသွင် သဏ္ဌာန်ဟာ ပြောင်းလဲသင့်ပါတယ်။

ဒုတိယအချက်ကတော့ ပုဂ္ဂလိက ဆေးရုံတွေနဲ့ ပုဂ္ဂလိက အခန်းကဏ္ဍက ကျန်းမာရေးမှာ များပြားလာတာနဲ့အမျှ ကျန်းမာရေးကုသမှုဆိုင်ရာ သီးခြားဦးစီး ဌာနတစ်ခု ဖွင့် လှစ်သင့်တယ်။ သူတို့ တွေက ကုသမှုကို ကြီးကြပ်တဲ့အခါမှာ ပုဂ္ဂလိကကုသမှုကို နိုင်နိုင်နင်းနင်းဆောင် ရွက်ဖို့လိုပါတယ်။ ကုသမှုအပိုင်းမှာ နောက်တစ်ပိုင်း ကတော့ ပြည့်စုံမှုမရှိတဲ့ ပြည်သူလူထုကို လူထုကျန်းမာရေး စောင့်ရှောက်မှု ပုံစံနဲ့သွားတဲ့အခါမှာ ဆေးကုသတဲ့အပိုင်းမှာ ကျယ်ပြန့်တဲ့ တာဝန်တွေ ရှိပါတယ်။ ဒီလို ပုဂ္ဂလိ က အခန်းကဏ္ဍကို လူထု မနစ်နာအောင် ထိန်းသိမ်းကာကွယ်ပေးဖို့ လိုပါတယ်။ ဒါကလည်း အရေးကြီးပါတယ်။

တတိယအချက်အနေနဲ့ ပြောချင်တာက ဥပဒေပိုင်းဆိုင်ရာအရ ကျန်းမာ ရေးစောင့်ရှောက်မှု အလွန့်အလွန် အားနည်းပါတယ်။ ဥပမာဆိုရင် ပုဂ္ဂလိက ကျန်းမာရေးဆေး ကုဂေဟာတွေရဲ့ ဥပဒေ တွေကဆိုရင် ထုတ်သာထုတ်ထားတာ တကယ်ကတော့ ဥပဒေရှိရင် နည်း ဥပဒေရှိရမယ်။ နည်းဥပဒေရှိရင် လုပ် ထုံးလုပ်နည်းရှိရမယ်။ ပြီးရင် စည်းမျဉ်း စည်းကမ်းတွေ ရှိရမယ်။ စံချိန်စံညွှန်း တွေ ရှိရမယ်။ ဥပဒေတစ်ခုတည်းကို မည်ကာမတ္တထုတ်ရုံနဲ့ ပြည်သူလူထုကို ကာကွယ်နိုင်တဲ့ ဥပဒေမဖြစ်ပါ ဘူး။ ဆေး လိပ်ဆိုရင်လည်း ဆေးလိပ်နဲ့ ဆေး ရွက်ကြီးဆိုင်ရာ ဥပဒေရှိပေမယ့် ပြည် သူလူထုကို ကာကွယ်နိုင်တဲ့ အနေအ ထားမရှိပါဘူး။ အစာဆေးဝါးဆိုရင် လည်း ဥပဒေရှိ တယ်။ နောက်ထပ်ပြုပြင် တာလေးတွေ ရှိသော်လည်းပဲ လူထုအတွက်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ဒီဥပဒေတွေ မှာ ပြည်သူ လူ ထုရဲ့ ပိုင်ခွင့်တွေ ပါဝင်ဖို့လိုတယ်။ ဒါက ဥပဒေပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ကို အကုန်လုံး ပြန်ကြည့်ဖို့လိုပါတယ်။

စတုတ္ထအချက်ကတော့ တိုင်းရင်းဆေးဟာ ပုဂ္ဂလိကဆန်တဲ့အတွက်ကြောင့် တိုင်းရင်းဆေးတွေကို ပြည်သူလူထု အန္တရာယ်မရှိအောင် သုတေသနပြု စစ် ဆေးဖို့ ဆေး သုတေသနဦးစီးဌာနနဲ့ အစာဆေးဝါးဌာနတွေက လုပ်နိုင်တာ ဖြစ်တဲ့အတွက်ကြောင့် ဦးစီးဌာနတစ်ခု အနေနဲ့ ရှိဖို့ မလိုအပ်တော့ပါဘူး။ လွတ်လွတ်လပ်လပ် တိုင်း ရင်းဆေးအနေနဲ့ က သူတို့ကြိုက်ရောင်း ကြိုက်ဝယ်ပဲပေါ့။ တိုင်းရင်းဆေးမှာ ဘေးအန္တရာယ်ရှိတာ မပါဘူး။ တိုင်းရင်းဆေးကို မမှန်မကန် မကြော်ငြာဖို့ ထိန်းချုပ်ပြီးတဲ့ အခါမှာ တိုင်းရင်းဆေးဆရာတွေအနေနဲ့ ကျင့် ဝတ်တွေကို ထိန်းသိမ်းဖို့အတွက် သက်ဆိုင်ရာ ဦးစီးဌာနတွေက တာဝန်ခွဲယူလို့ရတာမို့လို့ ဦးစီးဌာနတစ်ခုအနေနဲ့ နားမ လည်တဲ့ လူတွေက ထိန်းချုပ်ဖို့ မလိုအပ်ပါဘူးလို့ ပြောချင်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့တော့ အခုကြီးထွားလာတဲ့ ပုဂ္ဂလိက အခန်းကဏ္ဍမှာ နာရေးကူညီမှုအသင်းတွေက လွဲလို့ အခြားဘာမှ မြင်သာထင်သာ မရှိပါဘူး။ စားသုံးသူ ကာကွယ်ရေးအသင်းတွေကပဲ သူတို့ ဆောင်ရွက်မှုတွေက သိပ္ပံနည်းကျ အထောက်အထားတွေနဲ့ ပြည့်ပြည့်စုံစုံဆောင်ရွက်မှသာလျှင် ထိရောက်ပါလိမ့်မယ်။ အဲဒီအတွက် လည်း သူတို့ကို အထောက်အကူပြုဖို့ လိုပါတယ်။ ဒါ့အပြင် အခုကြားနေရတဲ့ လူနာတွေက ပုဂ္ဂလိက ဆေးရုံတွေမှာ ပိုက်ဆံပေးပြီးတော့တက်တဲ့အခါမှာ ထိုက်ထိုက် တန်တန် ဝန်ဆောင်မှုမရဘူးလို့ပေါ့။ ဒါက ဝန်ဆောင်မှု ဖြစ်ပါတယ်။ ဆေးရုံရဲ့ပုံစံနဲ့ မတူပါဘူး။ ပုဂ္ဂလိက အခန်းကဏ္ဍမှာ ကျန်းမာရေးစောင့် ရှောက်မှုကို ဝိုင်းပြီးလုပ်ဖို့ လိုပါ တယ်။

ဒေါက်တာစိုးဝင်းဦး
ဥက္ကဋ္ဌ၊ ပုဂ္ဂလိကဆရာများအသင်းချုပ်

သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ လက်ထက်ထဲမှာ သိသာတဲ့ ပညာရေးဆိုင်ရာ ပြောင်းလဲမှုကတော့ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂတွေနဲ့ အတိုက်အခံ အင်အားစုတွေရဲ့ သဘောဆန္ဒ မပါဘဲ အမျိုးသားပညာရေး ဥပဒေကြမ်းကို ဓာတ်ကြမ်းတိုက်ပြီး အတည်ပြုလိုက်တာ ပါပဲ။ တားနေရင်းကြားထဲကနေ မရရအောင် လုပ်နိုင်တယ်၊ မဖြစ်ဖြစ်ေ အာင် လုပ်နိုင်တယ်ဆိုတဲ့ သဘောက စစ် အစိုးရ မဟုတ်တော့ဘူးလို့ပြောနေတဲ့ စကားကို အခိုင်အမာဟုတ်တယ်ဆိုရင် အခိုင်အမာဟုတ်ကြောင်း တစ်နည်း အား ဖြင့် ဖော်ပြလိုက်တဲ့ သဘောပါပဲ။ လူနည်းစုက တိုင်းပြည်ရဲ့ ကံကြမ္မာကို ကျင့်သုံးဖော်ဆောင်ပေးတဲ့ နည်းလမ်းအတိုင်း ပညာရေးကို သူတို့ လုပ်လိုက်တာပါပဲ။ အခု အပြောင်းအလဲက ဘာလဲဆိုရင် စစ်သားအရေခွံချွတ်သလို ဒုတိယဝန်ကြီး၊ ညွှန်ချုပ်များနှင့် ဒုညွှန်ချုပ် များစသည်ဖြင့် သွပ်သွင်းလိုက် တာပဲ။ နောက်ဆုံး ညွှန်မှူးတွေ လည်း ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပညာရေးကို သူတို့ ခြယ်လှယ်ကြတော့မယ်။ အဲဒီအခါ ပညာရေးဟာ နစ်သထက်နစ် သွားတော့မယ်။ ကောင်း မွန်တဲ့ ပြောင်း လဲမှုပါပဲ။ နည်းပါးစွာ ရရှိနေတဲ့ ဘတ်ဂျက်ကို အများကြီး ရအောင် ဒီအစိုးရကပေးနိုင်ခဲ့တယ်။ နောက်တစ်ခါ ပညာရေး ပြုပြင်ပြောင်းလဲဖို့အတွက် နိုင်ငံ တကာက အကူ အညီတွေကို တောင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ အောက်ခြေမှာဖြစ်တဲ့ ဆရာ၊ ဆရာမတွေရဲ့ အဆင့်အတန်းနဲ့ကျောင်းသားတွေရဲ့ ပညာအရည်အချင်းတွေက သိသိသာ သာ ပြောင်း လဲမလာခဲ့ပါဘူး။ နောက်တစ်ခုပြောချင်တာက အခုဝန်ကြီးဌာနက ဘာလုပ်လုပ်လျှို့ဝှက်တယ်။ တကယ့်အရေးကြီးတဲ့ ၄ တန်းနဲ့ ၈ တန်းကို ခရိုင်စစ်၊ တိုင်း စစ် ပြောင်း မယ့်ကိစ္စကို အနီးကပ်မှ ပြောတယ်။ တလောကပဲ မေးခွန်းပုံစံအတွက် ကော်မတီဖွဲ့တဲ့ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်ကို ကြည့်ခြင်းအားဖြင့် ပညာရေး ရဲ့ ပြောင်းလဲမှုကို သိရှိနိုင်တယ်။ စာမေးပွဲက ဖင်နားကပ်တော့မယ် အခုမှမေးခွန်းပုံစံအတွက် ဆွေးနွေးရဦးမယ်ဆိုတော့ မကြားဖူးတဲ့ လုပ်ထုံးလုပ်နည်းတွေ မကြား ဖူးတဲ့ ပြောင်းလဲမှုတွေပါပဲ။ လွှတ်တော်ထဲမှာ ပညာရေးကို ၁၂ တန်းအထိ ပြောင်းလဲမယ် ပြောခဲ့ပြီး အခုအချိန်ထိ ဘာတစ်ခုမှ တိတိကျကျ မချပြနို င်သေး တဲ့ ပြောင်းလဲမှု ဘတ်ဂျက်တွေရပြီး အဲဒီဘတ်ဂျက်တွေနဲ့ မြန်မာ့ပညာရေးရဲ့အပေါ်ကို မပြောင်းလဲနိုင်တဲ့ ပြောင်းလဲမှုတွေကို သမ္မတဦးသိန်း စိန်ရဲ့ လေးနှ စ်တာကာ လ ထဲမှာ လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် သိရှိခဲ့ရပါတယ်။

ဒေါ်စံပယ်အောင် (မန်နေးဂျင်းဒါရိုက်တာ)
Nature Dream ခရီးသွားလုပ်ငန်း

လက်ရှိအစိုးရသက်တမ်းမှာ ဟိုတယ်နဲ့ခရီးသွား လုပ်ငန်းတိုးတက်မှု ရှိတယ်။ အဓိကအချက်သုံးချက်ပေါ့။ (၁)ဧည့်အဝင်နှုန်း တိုးတက်တယ်။ (၂) အခြေခံအဆောက် အအုံပိုင်း၊ ဟိုတယ် လေကြောင်းလိုင်းတွေ တိုးတက်တယ်။ (၃) မမြင်သာတဲ့ နည်းဗျူဟာပိုင်းတိုးတက်တယ်။ ဥပမာ Master Plan (ခရီးသွားလုပ်ငန်းပင် မစီမံကိန်း)ပေါ်ေ ပါက်လာတယ်။ အကောင်အထည်လည်း ဖော်နိုင်တယ်။ အင်နဲ့အားနဲ့ Master Plan တစ်ခုထွက်လာတယ်။ အရင်အစိုး ရလက်ထက်တုန်းကတော့ တံခါးပိတ်ဝါဒ ကျင့် သုံးခဲ့တဲ့အတွက် ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး လောက်လောက် လားလား ပြောလို့မရတဲ့ အနေအထားပေါ့။ လက်ရှိဦးသိန်းစိန် အစိုးရလက်ထက်မှာ မူဝါဒပြောင်း လဲတယ်။ တံခါးဖွင့်ဝါဒကျင့်သုံးလို့ ခရီးသွားလုပ်ငန်းစန်းထလာတယ်။ အားသာချက်အနေနဲ့ဆိုရင် E-visa (အီလက်ထရောနစ်ဗီဇာ)လုပ်တယ်။ ဒါခုနကပြောတဲ့အ ချက်တွေထဲမှာ ထပ်ဖြည့်လိုက်တဲ့အချက်ပေါ့၊ အားနည်းချက်အနေနဲ့ကတော့ ဟိုတယ်ခရီးကဏ္ဍမှာ ဘတ်ဂျက်မရှိဘူး။အစိုးရအနေနဲ့ ဟိုတယ်ခရီးဝန်ကြီးဌာနအတွက် ဘတ်ဂျက်ချထားပေးတယ်ဆိုတဲ့ သတ်မှတ်ချက်မတွေ့ရဘူး။ တိုးတက်လာတဲ့ ဟိုတယ်ခရီးသွားလုပ်ငန်းကို လျစ်လျူရှုထားသလိုများ ဖြစ်နေလားလို့တွေးမိတယ်။ ဥပမာ အိမ်နီးချင်းထိုင်းနိုင်ငံဆိုရင် ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် တစ်ရက်ကို ဒေါ်လာ တစ်သန်းနှုန်းနဲ့ တစ်နှစ်စာ ၃၆၅ သန်းချပေးတာမျိုး၊ နိုင်ငံတကာ အဖွဲ့အ စည်းတွေက ခရီးသွားကဏ္ဍအတွက်ကူညီတာမျိုးတွေ အရမ်းများတယ်။

ဒီမှာက အဲဒါမျိုး မတွေ့ရဘူး။ နောက်ပြီး အားနည်းချက်တစ်ခုအနေနဲ့ အရည်အသွေးမြင့် ဝန်ဆောင်မှုလိုတယ်။ ခရီးသွားလုပ်ငန်းပွင့်လန်းလာတဲ့အချိန်မှာ လုံလောက် တဲ့ ပြင်ဆင်မှုတွေမတွေ့ရဘူး။ အဲဒါကြောင့် ဟိုတယ်လိုအပ်ချက်၊ လူ့စွမ်းအားအရင်း အမြစ်ပိုင်းအားနည်းချက်တွေ တွေ့ရ တယ်။ Social Impact ကတော့ ဥပမာ Child Abuse လိုမျိုး သတိထားလာရမယ့် အချက်တွေပေါ့။ စီးပွားရေးအရသက်ရောက်မှုကတော့ ရင်းနှီးမြှုပ်နှံမှု တွေ၊ ခရီးသွားလုပ်ငန်းရဲ့ဝင်ငွေတွေဟာ ဒေသခံတွေကို ရာခို င်နှုန်းဘယ်လောက် အကျိုးပြုသလဲဆိုတာ အစိုးရကို မေးခွန်းထုတ်စရာပေါ့။ နောက်တစ်ချက်က ခိုင်မာတဲ့ခရီးသွားလုပ်ငန်းဥပဒေ မရှိဘူး။ ခရီးသွားလုပ်ငန်းမှာ စည်းကမ်း ထိန်းသိမ်းရေးပိုင်း အားနည်းတယ်။ နောက်ပြီး နိုင်ငံရဲ့သန့်ရှင်းလှပမှုနဲ့ ပတ်သက်ပြီး အချို့နေရာတွေမှာ ဧည့်သည်တွေက စောဒကတက်တာတွေတောင် ရှိတယ်။ သန့်ရှင်းလှပမှု Tourism ပိုင်း ကအရမ်းနိမ့် ကျပါတယ်။ အဲဒါကိုလည်းထိန်းသိမ်းဖို့လိုပါတယ်။ ခိုင်မာတဲ့ခရီးသွားလုပ်ငန်းဥပဒေကတော့ တကယ်ကို လိုအပ်တဲ့အတွက် ဒီအစိုးရသက်တမ်းအတွင်းမှာကို ခိုင်မာတဲ့ခရီးသွားလုပ်ငန်း ဥပဒေထွက်သင့်ပါပြီ။

ဦးထွန်းထွန်းနိုင်
အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ ဦးဆောင်ကော်မတီဝင်

၂ဝ၁ဝ ရွေးကောက်ပွဲနောက်ပိုင်းမှာ အသွင်ပြောင်းထားတဲ့ ပြည်ထောင်စုအစိုးရ ပေါ်လာတယ်။ ဒီအစိုးရလက်ထက်မှာ အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေ၊ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၊ နည်းဥပဒေအပါအဝင် ဥပဒေ ငါးခု ပြဋ္ဌာန်းခဲ့တယ်။ မကြာသေးခင်က ဘဲ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်ခဲ့တယ်။ ခွင့်ရက်နဲ့ အလုပ်ပိတ် ရက်အက်ဥပဒေကို ပြင်ဆင်ခဲ့တယ်။ မြို့ နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှာ ရှင်းတဲ့ အလုပ်သမားအငြင်းပွားမှုက ၂ဝဝဝ ကျော်ရှိခဲ့တယ်။ ဒီကြားထဲမှာ အလုပ် သမား ဆန္ဒပြမှုတွေက ဆက်တိုက်ဖြစ်ခဲ့တယ်။ အဓိကက အစိုးရဝန်ထမ်းတွေ လစာတိုးတာနဲ့ ကုန်ဈေးနှုန်းတက်တော့ အလုပ်သမားတွေကလစာ တိုးလိုချင်တာ၊ နောက် တစ်ချက်က အလုပ်သမားအဖွဲ့ အစည်းဥပဒေအရဖွဲ့စည်းထားတဲ့ အလုပ် သမားခေါင်းဆောင်တွေကို အလုပ် ရှင်တွေက အကြောင်းအမျိုးမျိုးပြပြီး အလုပ်ထုတ် တာေ တွကြောင့် ဆန္ဒပြတာ။ အဲဒီနှစ်ချက်ပေါ့။ နောက်တစ်ခုကတော့ လုပ်ငန်းရှင်တွေက ဥပဒေမလိုက်နာလို့၊ ဥပမာ လူမှုဖူလုံရေးကတ်ကို အလုပ် သမားလက်ထဲ ထည့်မပေး တာတွေလိုမျိုး ကြောင့်လည်း ဆန္ဒပြတာတွေရှိတယ်။ လက်ရှိအလုပ်သမားအဖွဲ့အစည်းဥပဒေအရဖွဲ့ထားတဲ့ အခြေခံအလုပ်သမားအဖွဲ့ပေါင်းက ၄ဝဝ နီးပါးရှိတယ်။ စိုက်ပျိုးရေးအခြေခံ အလုပ်သမားအဖွဲ့အ စည်းပေါင်းက ၈ဝဝ ကျော်ရှိတယ်။ ဒီ နှစ်ခုပေါင်းမှ လူဦးရေတစ်သိန်းနီးပါးပဲရှိတယ်။ ၂ဝ၁၃ခုနှစ်တုန်းက ILO က ဦးဆောင်ပြီး အလုပ်သမားဖိုရမ်လုပ်တယ်။ အဲဒီမှာဂျီနီဗာကိုသွားမယ့် ကိုယ်စားလှယ်တွေရွေးပြီး လွှတ်ခဲ့တယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာ မြန်မာအလုပ်သမား ကိုယ်စား လှယ်တွေက အပြုသဘောဆောင်ထောက်ခံဆွေးနွေးခဲ့တဲ့အတွက် ILO က ပိတ်ဆို့မှုတွေ ရုပ်သိမ်းခဲ့တယ်။ အဲဒီလိုရုပ်သိမ်းလို့ အစိုးရရဲ့ ဂုဏ်သိက္ခာ တက် တယ်။ လုပ်ငန်းရှင်တွေအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာတယ်။ အစိုးရနဲ့အလုပ်ရှင်ပဲ အမြတ်ထွက်တာ။ အလုပ်သမားတွေကတော့ ဒီနေ့၊ ဒီအချိန်အထိ အခက် အ ခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေရဆဲပဲ။ သူတို့ဘဝတွေ ခုချိန်ထိ ဘာမှမတိုးတက်ဘူး။ လူဆယ် ယောက်ရှိတဲ့အခန်းမှာစုပြီး ငှားနေရတုန်း၊ ထမင်းဆိုင်မှာ ၁ဝဝ၊ ၂ဝဝ တန် ထ မင်းနဲ့ဟင်းကိုစားနေရတုန်းပဲ။ အလုပ်သမားအဖွဲ့အစည်းက တက်ကြွလှုပ်ရှားသူတွေ အလုပ်ထုတ် ခံနေရတုန်းပဲ။

အစိုးရလုပ်ငန်းတွေကို ပုဂ္ဂိလက ပေးလိုက်တဲ့အတွက် ဝန်ထမ်းအဖြစ်နှစ် ၃ဝ၊ ၄ဝ လုပ်လာတဲ့သူတွေ ဒုက္ခရောက်ကြတယ်။ မြန်မာပြည်မှာ လယ်သမားပြီးရင် အလုပ် သ မားလူတန်းစားက အင်အားအကြီးဆုံးပဲ။ ဒါဟာပြည်သူလူထုပါပဲ။ လယ်သမား၊ အလုပ်သမား ဘဝအာမခံချက်မရှိသရွေ့ တိုင်းပြည်တည် ငြိမ်အေးချမ်းမှာ မဟုတ်ဘူး။ ဒါကြောင့် မို့ နောက်တက်လာမယ့် အစိုးရတိုင်း၊ ပါတီတိုင်းက အလုပ်သမားတွေ အလုပ်ခွင်တည်မြဲရေးကို အာမခံချက်ပေးနိုင်တဲ့ အစိုးရဖြစ်စေချင်တယ်။

အောင်ဒင် (စာရေးဆရာ)

ဦးသိန်းစိန် သက်တမ်းမှာ အပြောင်းအလဲကတော့ စာပေလွတ်လပ်ခွင့်ရလာတယ်။ စာပေစိစစ်ရေးကို ရုပ်သိမ်းလိုက်တယ်။ ကြိုတင်ဆင်ဆာလုပ်ရတဲ့ဟာတွေ မရှိတော့ ဘူး။ အဲဒီလိုမျိုး တိုးတက်မှုတွေရှိလာတယ်။ နောက်တစ်ခါ မဂ္ဂဇင်း၊ ဂျာနယ်တွေ ထုတ်ဝေခွင့်ပေးတယ်။ နောက် နေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့်ပေးတယ်။ တိုးတက် မှု တစ်ရပ်ပါပဲ။ ကောင်းတယ်။ အထူးသဖြင့် စာပေလွတ်လပ်ခွင့်ရတယ်ဆိုတော့ တော်တော်ပျော်စရာကောင်းတဲ့ ကိစ္စပါပဲ။ တစ်ဖက်မှာ ဘာပြန်တွေ့လဲဆိုတော့ တကယ် တမ်း လွတ်လွတ်လပ်လပ်အသုံးချနေတာက ခရိုနီတွေနဲ့ အာဏာ ပိုင်များနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့သူများပဲ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပဲ အရင်းအနှီး ရှိတာကိုး။ ဂျာနယ်တစ်စောင်ထုတ်ဖို့ဆိုတာ၊ သတင်းစာတစ်စောင်ထုတ်ဖို့ဆိုတာ အရင်းအနှီး က ကြီးမားပါတယ်။ ပြီးတော့လည်း ရေရှည်ရပ်တည်ဖို့ ကြိုးစားဖို့ဆိုတာ ပိုတောင်ဆိုးသေးတယ်။ အဲ့ဒီအခါမှာအရင်းအနှီးနဲ့ အဆက်အသွယ်ရှိသူတွေ က ခုနကပြောသလို ခရိုနီတွေနဲ့ အာ ဏာပိုင်တွေနဲ့ ပတ်သက်သူတွေ များ သာ ဖြစ်ကြ ပါတယ်။ သူတို့ကသာ လက်ရှိမီဒီယာကို လွှမ်းမိုးနေတာကို တွေ့ရ တယ်ဆိုတော့ မီဒီယာလောကကို ကြည့်မယ်ဆိုရင် ခုနကပြောသလို အစိုးရပိုင် သတင်းစာတွေ က လည်း သတင်းစာလောကရဲ့ သုံးပုံနှစ်ပုံလောက်ကို လွှမ်းမိုးချုပ်ကိုင်ထားတယ်။ ပြီးတော့ကာ ခရိုနီတွေနဲ့ စီးပွားရေးသမားတွေနဲ့ အာဏာပိုင်တွေရဲ့ သတင်းစာ ဂျာနယ်တွေက လည်း နောက်ထပ် ရာခိုင်နှုန်းကြီးကြီးကို လွှမ်းမိုးထားတယ်။ မီဒီယာကျင့်ဝတ်ပီသတဲ့ တာဝန်သိတဲ့ ဂျာနယ်ဆရာများ ရဲ့ စာစောင်တွေကတော့ တဖြည်းဖြည်း နဲ့ အရေအတွက် နည်းသထက် နည်း လာတဲ့အခါမှာ ရေရှည်မရပ်တည်နိုင်တော့ဘူး။

ဒါတော့ ဝမ်းနည်းစရာပဲဆိုတော့ မီဒီယာလွတ်လပ်ခွင့်ကို တကယ်တမ်း လက်တွေ့အသုံးချပြီး အကျိုးဖြစ် နေတာက ကျွန်တော်တို့ ခင်ဗျားတို့ မဟုတ်ဘဲနဲ့ ခရိုနီတွေဖြစ်နေ တာကို ဝမ်းနည်းစွာတွေ့မြင်ရတယ်။ အဲ့ဒါ တော့တော်တော် စိတ်မကောင်းစရာပါပဲ။ လွတ်လပ်ခွင့်ရှိတယ်။ အဲ့ဒီ လွတ်လပ်ခွင့်ကို တန်ဖိုးထားလို့ရှိရင် ဒီထက်ပိုတဲ့ လွတ် လပ်ခွင့်ကို မျှော်လင့်လို့ရတယ်။ အဲ့ဒီ လွတ်လပ်ခွင့်ကို တန်ဖိုးမထားဘူးဆိုရင် ရှိတဲ့ လွတ်လပ်ခွင့်ပါ ဆုံးရှုံးသွားမယ်။ ခုဖြစ်နေတဲ့ ပြဿနာက မီဒီယာလောကမှာ ကိုပဲမီဒီ ယာ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်နေတာရှိတယ်။ များသောအားဖြင့်တော့ ခရိုနီတွေ ကြီးစိုးတဲ့ မီဒီယာတွေကတော့ ဂျာနယ်ကိုလက်ကိုင်ပြုပြီးတော့ ကိုယ်နဲ့မတည့်တဲ့ စီးပွားပြိုင်ဘက်ကို တိုက်ခိုက်တာတို့၊ ကိုယ့်ကို ဦးစားမပေးတဲ့ အာဏာရှင်အစိုးရအဖွဲ့အဖို့ တိုက်ခိုက် တာတို့ အဲဒီလိုမျိုး မီဒီယာကို အသုံးချပြီး တိုက်ခိုက်တာ။ အဲဒီထဲမှာ ဂျာနယ်လစ်တွေက ခုတုံးလုပ်ပြီး အပါခံနေရတာ။ မီဒီယာလောကက တစ်နည်းနဲ့ ပြောရင်တစ်ဖက်မှာ လွတ်လပ်ခွင့်ရရှိ ရဲ့သားနဲ့ လွတ်လပ်ခွင့်ကို အလွဲသုံးစား လုပ်ကြတယ်။ ဒါကို ရှင်းလိုက်နိုင်ဖို့ လိုတယ်။ ထုတ်ဝေခွင့်မှာဆိုရင်လည်း အခု ထိတော့ ထုတ်ဝေသူအား လုံးက နောက်ဆက် တွဲ ပြဿနာ ကို ရှောင်ဖို့ အ တွက်ကြိုပြီးတော့ ကိုယ့်ဘာသာကိုယ် ဂရုတစိုက် ရှောင်ပြီးလုပ်နေရတုန်းပဲ။ ဒါက သိပ်ကောင်းတဲ့ လက္ခဏာတော့ မဟုတ် ဘူး။ အရမ်းလွှတ်ပေးပြန်တော့ လည်း ဟို တလောကထွက်တဲ့ အပြာစာအုပ်ဆန်ဆန် စာအုပ်တွေ ထွက်လာမှာလည်း ရှိသေးတယ်ဆိုတော့ အဲ့ဒါ လွတ်လပ်ခွင့်ကို ကျွန်တော်တို့ ဘယ်လို တန်ဖိုး ထားသလဲ။ ဘယ်လို စနစ်တကျ အသုံးချသလဲဆိုတာရှိသေးတယ်။ စုန်းပြူးကတော့ ရှိတာပဲ။ အဲ့ဒီမှာ အလွဲသုံးစားပြုတဲ့သူတွေ များလာလေလေ လွတ်လပ်ခွင့်ရဲ့ တန်ဖိုး ကနည်းလေလေ ဖြစ်လာ မှာပဲ။ လွတ်လပ်ခွင့်က ကျွန်တော်တို့ အပြည့်အဝ ရသေးတာ မဟုတ်သေးဘူး။ အတိုင်းအတာတစ်ခုအထိပဲ ရထားတာ။ အရေးကြီးဆုံးက ရထား တဲ့ လွတ်လပ်ခွင့်ကိုတန်ဖိုးထားပါ။ ပြီးရင် စနစ်တကျအသုံးချပါ။ ပြီးရင် အဲ့ဒီလွတ်လပ်ခွင့်ကို ထပ်ပြီးတော့ ကြီးမားကျယ် ပြန့်အောင်တိုးချဲ့ပါ။ ကျွန်တော်တို့က အသက် ရှူခွင့် ရလာတယ်။ ဒါပေမဲ့ ရှူခွင့်ရတဲ့လေက ညစ်နွမ်းနေဆဲပဲ။ မသန့် ရှင်းဘူး။ အဲ့ဒီတော့ အရင်တုန်းက အသက်တောင် ရှူခွင့်မရခဲ့ဘူး။ အခုကျ တော့ အသက် ရှူခွင့်ရတယ်။ ဒါပေမဲ့ လေထုကညစ်ညမ်းနေတယ်။ အဲ့ဒီတော့ လေထုကို သန့်စင်အောင်လုပ်ရမယ်။ လေထုထဲမှာရှိနေတဲ့ အဂတိလိုက်စား မှုတွေ၊ အခွင့်အရေးကို အလွဲ သုံးစား လုပ်မှုတွေ၊ မတော်မတရားမှုတွေ၊ ငွေ ကြေးခဝါချမှုတွေ၊ အာဏာအလွဲသုံးစားအကုန်လုံးကို တတ်နိုင်သလောက် သန့် စင်အောင် ဖြစ်နိုင်မယ်ဆိုရင် အဲ့ဒီလေ က စင်ကြယ်လာမယ်ဆိုရင် အသက်ရှူရတာ ပိုကောင်းတာပေါ့ဗျာ။ အဲ့ဒီတော့မှ ကျွန်တော်တို့ အားလုံး ပိုပြီး ကြံ့ခိုင်လာမှာပေါ့ဗျာ။

ကိုစည်သူ
ဒါရိုက်တာ၊ လူကြီးမင်းဖုန်းဆိုင်

ဦးသိန်းစိန်လက်ထက်မှာ ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ အကြီးမားဆုံး ပြောင်းလဲမှုကတော့ သိန်းချီပေးနေရတဲ့ ဖုန်းတွေ ကျပ် ၁၅ဝဝ နှုန်း ဖြစ်သွားတာပါပဲ။ ဖုန်းမ ကိုင်နိုင်တဲ့ လူတွေ ဖုန်းကိုင်လာနိုင်တယ်။ ဒီတော့ ဖုန်းနဲ့ ဆက်စပ်ပြီး လုပ်ငန်းလုပ်ကိုင်မှုတွေ အဆင်ပြေလာတယ်။ တစ်နေရာနဲ့ တစ် နေရာ ဆက်သွယ် မှုတွေေ ကာင်းလာ တယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံ ကိုလည်း အခြားနိုင်ငံတွေလို မိုဘိုင်းဖုန်း နဲ့ ပတ်သက်ပြီး ရွေးချယ်သုံးစွဲလို့ ရ အောင် အော်ပရေ တာတွေ ပေါ်ေ ပါက် လာအောင် လုပ်ပေးခဲ့တယ်။ ဆက်သွယ်ရေး ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့တယ်။ ဒီတော့ အော်ပရေတာတွေ အပြိုင်အဆိုင်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတဲ့ အတွက် မြန် မာပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာတယ်။ စီးပွားရေး အခွင့်အလမ်းတွေ ပေါ်လာ တယ်။ ဖုန်းကိုအခြေပြုပြီး ဆော့ဖ်ဝဲ ရေးဆွဲတာတွေ ရှိလာပြီး နည်း ပညာ တိုးတက်မှုတွေ ဖြစ်လာခဲ့တယ်။ အက်ပလီကေးရှင်း၊ GPS စတဲ့ စနစ်တွေ၊ အင်တာနက်သုံးပြီး Bussiness လုပ် ငန်းတွေ တွင်ကျယ်လာခဲ့ပါတယ်။ လတ် တေ လာ အနေအထားအရ ပြည်သူအားလုံး ဖုန်းမကိုင်နိုင်သေးပေမယ့် ၂ဝ၁၆၊ ၂ဝ၁၇ လောက်ဆိုရင်တော့ MPT, Ooredoo, Telenor ကုမ္ပဏီ တွေရဲ့အခြေခံ အဆောက် အအုံတွေ ခိုင်မာလာတဲ့အခါ စိတ်ကြိုက်ရွေးချယ်သုံးနိုင်ကြမှာပါ။ ကျေးလက်ဒေသလည်း အသိပညာတွေ တွင်ကျယ်လာမှာပါ။ ဆုတ်ယုတ်မှုတွေအနေနဲ့ ကတော့ အင် တာနက်သုံးစွဲမှုတွင်ကျယ်လာပေမယ့် သုံးစွဲသူအများစုဟာ လူမှုရေးကိစ္စဘက်ကို ဦးတည်ပြီး သုံးနေကြတယ်။ အကျိုးရှိ စေမယ့် အရာဘက်ကို မလုပ်ကြ ဘူး။ ဒါက လည်း မြန်မာနိုင်ငံကို လာသွားတဲ့ ပညာရှင်တစ်ဦးက ပြောသွားတာပါ။ နောက်တစ်ချက်က မိဘတွေအနေနဲ့ သားသမီးကို အုပ်ချုပ်မှု အပိုင်းမှာ အနည်းငယ် လစ် ဟင်း မှုတွေ ရှိလာတယ်။ သားသမီး ဖုန်းသုံးနေတယ်။ ဘယ်လို အရာတွေကို သုံးနေတယ်ဆိုတာ Password ခံထားရင် မသိနိုင်တော့ဘူး။ မျက်ကွယ်ဖြစ်စေတဲ့ သဘော ပါ။ ခြုံပြီး ပြောရရင်တော့ သမ္မတဦးသိန်းစိန်လက်ထက်မှာ ဆက်သွယ်ရေးကဏ္ဍ အကောင်းဘက်မှာ ရှိနေပါတယ်။

ပေါ်ပြူလာနယူးစ်

Popular Myanmar News Journal

0 comments:

Post a Comment