Monday, November 3, 2014

ယူနိုက်တက်အမရဘဏ်မှ ငွေများပြန်ထုတ်နေကြောင်း သတင်းထွက်ပေါ်နေမှုမှာ မဟုတ်မှန်ဟု ယူနိုက်တက်အမရဘဏ်၏တာဝန်ရှိသူ ငြင်းဆို


၂၀၁၂ ခုနှစ် မေလအတွင်းက ထုတ်ဝေခဲ့သော Weekly Eleven News ဂျာနယ်တွင် "နိုင်ငံတော်သမ္မတ၏ ဂျပန်ခရီးစဉ်သို့ နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်ကြီးများ လိုက်ပါခဲ့ကြ" သတင်းဖော်ပြခဲ့သည်ကို တွေ့ရစဉ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း (ဗဟိုအတိုင်ပင်ခံ၊ ပြည်ခိုင်ဖြိုးပါတီနှင့် စက်မှု (၁) ၀န်ကြီးဟောင်း) ၏သားဖြစ်သူ ဦးနေအောင်နှင့်အဖွဲ့ပိုင်ဆိုင်သော UAB (ယူနိုက်တက်အမရဘဏ်) မှငွေများ ပြန်ထုတ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ကြောင်း သိရသည်။ သို့သော် ယင်းကဲ့သို့ထွက်ပေါ်မှုနှင့်ပတ်သက်၍ UAB ဘဏ်တာဝန်ရှိသူက ပြန်လည်ငြင်းဆိုခဲ့သည်။အမေရိကန်ပြည်ထောင်စုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ယခင်စက်မှု (၁) ၀န်ကြီးဟောင်းဖြစ်သူ ဦးအောင်သောင်းကို သူ၏လုပ်ရပ်များကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအပေါ် အဟန့်အတားဖြစ်စေသည်ဟုဆိုကာ အောက်တိုဘာ ၃၁ ရက်က Sanction Blacklist စာရင်းသွင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့သော သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်၏အရေးယူပိတ်ဆို့မှုမှာ ဦးအောင်သောင်းကိုသာဖြစ်ပြီး ဦးနေအောင်၏အမည်ပါဝင်ခြင်းမရှိကြောင်း သိရသည်။ ထို့အတူ UAB ဘဏ်၏ အစုရှယ်ယာပိုင်ဆိုင်မှုတွင် ဦးအောင်သောင်းပါဝင်ခြင်း ရှိ၊ မရှိ မသိရှိရပေ။

"အတုမရှိဂျာနယ်" ဟူသော Facebook စာမျက်နှာတွင် ဦးအောင်သောင်းပိုင်ဆိုင်သော အမရဘဏ်တွင် မဘသအဖွဲ့အစည်းမှထည့်ဝင်ထားသော အစုရှယ်ယာငွေများကို သံဃာတော်အချို့က လာရောက်ထုတ်ယူသွားကြောင်း စသည်ဖြင့်ဖော်ပြထားခြင်းဖြစ်သည်။


၂၀၀၂ ခုနှစ်အတွင်းက ဦးအိုက်ထွန်း၊ ဦးအောင်ဇော်နိုင် (ယခုရွှေတောင်လုပ်ငန်းစု) တို့ဦးစီးသော အာရှဓနဘဏ် (AWB)၊ ဦးကျော်ဝင်းဦးစီးသော မြန်မာမေဖလားဝါးဘဏ် (MMB)၊ ဦးသိမ်းဝေ Mr.Serge Pun (ယခု FMI ဥက္ကဋ္ဌ)ဦးစီးသော ရိုးမဘဏ်များ၌ ငွေကြေးပြဿနာ များကြုံတွေ့ခဲ့ရပြီး အစိုးရမှ ၀င်ရောက်ဖြေရှင်းခဲ့သော်လည်း ငွေကြေးအပ်နှံသောသူအများအပြား ဒုက္ခကြုံတွေ့ခဲ့ရသည်။ အစိုးရက ငွေကြေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများလိုက်နာရန် ပျက်ကွက်မှုဖြင့် အာရှဓနဘဏ်နှင့် မြန်မာမေဖလားဝါးဘဏ်တို့ကိုပိတ်ပစ်ခဲ့ပြီး . . .

ထွက်ပေါ်နေသောသတင်းနှင့်ပတ်သက်၍ UAB ဘဏ်တာဝန်ရှိသူများအား The Daily Eleven သတင်းစာက နိုဝင်ဘာ ၃ ရက်က ဆက်သွယ်မေးမြန်းခဲ့ရာ "လကုန်ရက်ဆိုတော့ ဘဏ်မှာ ငွေသွင်းငွေထုတ်များပါတယ်။ အဘဦးအောင်သောင်းသားက ဘဏ်ကရှယ်ယာရှင်တွေထဲက ရှယ်ယာရှင်တစ်ယောက်ပါ။ ကျွန်တော်တို့ဘဏ်မှာ ရှယ်ယာရှင်တွေအများကြီးရှိပါတယ်။ တစ်ဦးတစ်ယောက်ရဲ့လွှမ်းမိုးမှုမရှိပါဘူး။ ဘဏ်လုပ်ငန်းက ပုံမှန်အခြေအနေအတိုင်း လည်ပတ်နေပါတယ်။ ကျွန်တော်တို့ အခုကိစ္စနဲ့ပတ်သက်ပြီး လူအများ ရှင်းရှင်းလင်းလင်းသိအောင် ရှင်းပြနေပါတယ်။ တချို့တလေကစိုးရိမ်ပြီး ဖုန်းဆက်ပြီးမေးတာမျိုးတွေရှိပါတယ်။ ဒီနေ့ဆိုရင် ကျွန်တော်တို့ဘဏ်မှာ အပ်ငွေ ၄၄ ဘီလျံဝန်းကျင်ရှိပါတယ်။ ထုတ်ငွေက ၄၁ ဘီလျံပဲရှိပါတယ်။ ဘဏ်လုပ်ငန်းက ပုံမှန်အတိုင်းပါ" ဟု United Amara Bank Ltd. မှ CEO ဦးသန်းဝင်းဆွေက ပြန်လည်ဖြေကြားခဲ့ပါသည်။

"ဦးဇင်းတို့မဘသအဖွဲ့အစည်း သံဃာတော်တွေအနေနဲ့ ဒီလိုကလိမ်ကကျစ်ပုံစံမျိုးတွေ မလုပ်ပါဘူး။ ယူနိုက်တက်အမရဘဏ်မှာ အစုရှယ်ယာတွေ၊ အပ်ငွေတွေထည့်ဝင်ထားတာလည်း မရှိပါဘူး" ဟု ဦးပါမောက္ခက နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက The Daily Eleven သို့ပြန်လည်ဖြေကြားထားသည်။

ယူနိုက်တက်အမရဘဏ်ကို ၂၀၁၀ ပြည့်နှစ် သြဂုတ်လတွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံမြို့ကြီးများ၌ ဘဏ်ခွဲများဖွင့်လှစ်ထားသော ဘဏ်တစ်ခုဖြစ်သည်။ ယခုအခါ ပြည်တွင်းလက်လီ၊ လက်ကားဘဏ်လုပ်ငန်းများ၊ ပြည်ပငွေလွှဲအ၀င်လုပ်ငန်းများကိုလည်း ပြည်ပဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်လျက်ရှိသော ဘဏ်တစ်ခုဖြစ်သည်။

ယူနိုက်တက်အမရဘဏ်မှ ချိတ်ဆက်လုပ်ဆောင်လျက်ရှိသော ဘဏ်အများစုမှာ အာရှအခြေစိုက်ဘဏ်များဖြစ်ပြီး တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း စသည့်ဘဏ်များအပြင် ဥရောပရှိ ဂျာမနီဘဏ်ဖြင့် ချိတ်ဆက်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဘဏ်အများစုမှာ အစိုးရနှင့်အစိုးရ၀န်ကြီးဌာနများ၊ အစိုးရနှင့်နီးစပ်သော ခရိုနီလုပ်ငန်းရှင်ကြီးများက ပိုင်ဆိုင်ကြပြီး အများပိုင်များမှာလည်း အများပိုင်စစ်စစ်မဟုတ်ကြပေ။ ၂၀၀၂ ခုနှစ်အတွင်းက ဦးအိုက်ထွန်း၊ ဦးအောင်ဇော်နိုင် (ယခုရွှေတောင်လုပ်ငန်းစု) တို့ဦးစီးသော အာရှဓနဘဏ် (AWB)၊ ဦးကျော်ဝင်းဦးစီးသော မြန်မာမေဖလားဝါးဘဏ် (MMB)၊ ဦးသိမ်းဝေ Mr.Serge Pun (ယခု FMI ဥက္ကဋ္ဌ)ဦးစီးသော ရိုးမဘဏ်များ၌ ငွေကြေးပြဿနာ များကြုံတွေ့ခဲ့ရပြီး အစိုးရမှ ၀င်ရောက်ဖြေရှင်းခဲ့သော်လည်း ငွေကြေးအပ်နှံသောသူအများအပြား ဒုက္ခကြုံတွေ့ခဲ့ရသည်။ အစိုးရက ငွေကြေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများလိုက်နာရန် ပျက်ကွက်မှုဖြင့် အာရှဓနဘဏ်နှင့် မြန်မာမေဖလားဝါးဘဏ်တို့ကိုပိတ်ပစ်ခဲ့ပြီး ရိုးမဘဏ်အား ငွေလွှဲလုပ်ငန်းသာ လုပ်ကိုင်ခွင့်ပြုခဲ့ပြီး မကြာသေးမီကမှ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတွင် ယခင်အစိုးရခေါင်းဆောင်များနှင့်ရင်းနှီးသော ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးနေအောင်၊ ဦးချစ်ခိုင်တို့အား ဘဏ်လုပ်ငန်းလိုင်စင်များချထားပေးခဲ့ပြီး ယခုအစိုးရလက်ထက်တွင် သမ္မတရုံးနှင့် ရင်းနှီးသော ရွှေသံလွင်ဦးကျော်ဝင်းက ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ထပ်မံရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းရှင်ကြီးများသည် ဘဏ်လုပ်ငန်းသီးသန့်လုပ်ကိုင်သူများမဟုတ်ခြင်းဟူသောအချက်ကြောင့် နိုင်ငံတကာရှိဘဏ်လုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက ယုံကြည်စိတ်ချနိုင်စွမ်းမှာ ဝေဖန်စရာဖြစ်ခဲ့ရသည်။

ယခုအခါ အများပြည်သူအပ်ငွေပမာဏများပြားလာပြီး ကမ္ဘောဇဘဏ်မှာ အပ်ငွေကျပ်ဘီလျံ ၄၀၀၀ ဖြင့် အများဆုံးဖြစ်လာခဲ့ရာ ယခင်အာရှဓနဘဏ်ထက်များစွာ ပမာဏကြီးမားလာခဲ့ကြောင်း သိရှိရသည်။
မကြာသေးမီက AGD ဘဏ်လည်း ရှယ်ယာအပြောင်းအလဲကြောင့် ငွေထုတ်ယူမှုများပြားလာခဲ့သော်လည်း ဗဟိုဘဏ်က ကူညီဖြေရှင်းနိုင်ခဲ့ကြောင်း သိရသည်


Eleven Media Group

0 comments:

Post a Comment