Monday, November 3, 2014

ကိုပါကြီးရုပ်အလောင်း နိုဝင်ဘာ ၅ ရက်၌ ပြန်ဖော်မည်ဟုဆို


စစ်တပ်က ဖမ်းဆီးထားစဉ်အတွင်းသေဆုံးသွားသည့် အလွတ်တန်း သတင်း
ထောက် ကိုပါကြီး၏ ရုပ်အလောင်းအားပြန်လည်တူးဖော်ရန် သက်ဆိုင်ရာမှ ဇနီး
ဖြစ်သူ ဒေါ်သန္တာကို နိုဝင်ဘာ ၂ ရက်ကအကြောင်းကြားခဲ့သည်။မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရွှေဝါချောင်ကျေးရွာတွင် လွန်ခဲ့သည့်
တစ်လနီးပါးက မြှုပ်ထားခဲ့သည့် ရုပ်အလောင်း ကို နိုဝင်ဘာ ၅ ရက်တွင် ပြန်
လည်တူးဖော်မည်ဟု အကြောင်းကြားစာ၌ ဖော်ပြထားသည်။

အလွတ်တန်း သတင်းထောက်ကိုပါကြီးမှာ စက်တင်ဘာလအတွင်းက
တပ်မတော်နှင့် ဒီကေဘီအေတို့ဖြစ်ပွားသော တိုက်ပွဲသတင်း သွားရောက်ယူစဉ်
ခလရ (၂၀၈) မှ ကျိုက်မရောမြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်း၏
ဇနီး မသန္တာက ကိုပါကြီး သေဆုံးကြောင်းတပ်မတော်မှ သတင်း ထုတ်ပြန်ပြီးနောက်
အောက်တိုဘာ ၂၆ ရက်တွင် ကျိုက်မရောမြို့နယ်ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ခြင်း
ဖြစ်သည်။

'ကျွန်မကို ဒီနေ့(နိုဝင်ဘာ ၂ ရက်)မွန်းတည့် ၁၂ နာရီလောက်မှာ ကိုပါကြီး
ရုပ်အလောင်းကို နိုဝင်ဘာ ၅ ရက်မှာတူးဖော်မယ့်အကြောင်း အကြောင်းကြား
တယ်။ နိုဝင်ဘာ ၄ ရက် ကျိုက်မရောကိုသွားမယ်။ ကျွန်မရှေ့နေ ဦးရောဘတ်စန်း
အောင်အပါအ၀င် တခြားကူညီမယ့်သူတွေလည်း ပါမှာပါ။ ကိုပါကြီးရုပ်
အလောင်းကို ပြန်လည်တူးဖော်တဲ့အခါမှာ သူတို့လည်း ရှိနေမှာပါ'ဟု မသန္တာက
ကိုပါကြီး ရုပ် အလောင်း ပြန်လည်တူးဖော်ရာတွင် ၎င်းဘက်မှ စီစဉ်ထားသည်များ
ကိုစံတော်ချိန်သို့ နိုဝင်ဘာ ၂ ရက်တွင်ပြောဆိုခဲ့သည်။

'ပထမ အခေါက်သွားတုန်းကဒေါ်နော်အုန်းလှနဲ့ နှစ်ယောက်တည်းပဲ။
အဲဒီတုန်းက အနီးကပ် ဓာတ်ပုံရိုက်တာ။ဘေးကစောင့်တာတွေဟာ အစ်မရဲ့လုံခြုံ
ရေးရော၊ အမျိုးသမီး လူ့အခွင့်အရေးရောချိုးဖောက်ခံရတယ်လို့ထင်တယ်။ ဒီတစ်
ခေါက်သွားရင် လူများများနဲ့သွားမယ်။ မီဒီယာကို သေချာပြောပြီးမှသွားမယ်'ဟု
ကိုပါကြီး၏ဇနီးက ပြောသည်။

ကိုပါကြီးပျောက်ဆုံးစဉ် အောက်တို ဘာ ၂၁ ရက်က မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေးကော်မရှင်ရုံးသို့ ကိုပါကြီးပျောက်ဆုံးသည့် တိုင်ကြားစာ ပေးပို့
ထားပြီး ကိုပါကြီးသေဆုံးသည့် တိုင်စာကိုနိုဝင်ဘာ ၃ ရက်၌ ယင်းကော်မရှင်ထံသို့
ထပ်မံပေးပို့သွားမည် ဖြစ်သည်။


စံတော်ချိန်နေ့စဉ်

0 comments:

Post a Comment