Monday, December 16, 2019

ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများအား အသား၊ ငါး၊ ကြက်ဥ၊ နို့၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော် စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများရောင်းချပေး

Image may contain: 6 people, crowd and outdoor

တပ်မတော်သား မိသားစုဝင် များနှင့် ဒေသခံ ပြည်သူများ စားသောက်ရေး အဆင်ပြေပြီး ငွေကြေးသက်သာမှု ရှိစေရန်နှင့် ဒေသတွင်း စားသောက်ကုန်စျေးနှုန်း တည်ငြိမ် မှုရှိရန် တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ရန်ကုန်တိုင်းစစ်ဌာန ချုပ်၊ ဘက်စုံစိုက်ပျိုး၊ မွေးမြူရေးခြံများမှ ထွက်ရှိ သော ကြက်သား ၁၆၆ ပိဿာ၊ ဝက်သား ၉ဝ ပိဿာ၊ ကြက်ဥ ၁၆၃ဝဝ လုံး၊ နွားနို့ ၁၂ဝ ပိဿာ၊ ဟင်းသီး ဟင်းရွက်များနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သော စားသောက်ကုန် ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် နယ်မြေ အတွင်းရှိ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှ ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများအား ပြင်ပပေါက်စျေးထက် သက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

<<Zawgyi>>

0 comments:

Post a Comment