Monday, December 16, 2019

ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ရာမှ လူသတ်မှုကျူးလွန်သည့် တရားခံအား ဖမ်းဆီးရမိ

၁၄-၁၂-၂၀၁၉ ရက်နေ့ ည(၉)နာရီခွဲအချိန်ခန့် ဇော်မိုး(ခ) ကုလားကြီး ၄၈ နှစ်၊ မြို့မ(၂) ရပ်ကွက်၊ မဒေါက်မြို့၊ ညောင်လေးပင်မြို့နယ်နေသူသည် အရိုက်ခံရ၍ လဲကျနေကြောင်း ကြားသိရသဖြင့် တစ်လမ်းတည်းနေညီဖြစ်သူမှ သွားရောက်ကြည့်ရှုရာ ဇော်မိုး (ခ) ကုလားကြီး မှာ မဒေါက်မြို့၊ မြို့မ(၂)ရပ်ကွက်၊ လမ်းသွယ်လမ်းပေါ်၌ ယာနား/နှာခေါင်းသွေးထွက်၊ အပေါ်/အောက်နှုတ်ခမ်းကွဲ၊ နဖူးဝဲဘက်ဖူးရောင်ဒဏ်ရာများဖြင့်သတိမေ့ လဲကျနေသည်ကို တွေ့ရှိရသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုံး သွားခဲ့သောကြောင့် မေးမြန်းစုံစမ်းရာ ဖြိုးဇော်အောင်(ခ)ကိုဖြိုး ၂၂ နှစ်၊ မြို့မ(၂) ရပ်ကွက်၊ မဒေါက်မြို့၊ ညောင်လေးပင်မြို့နယ် နေသူသည် အရက်သေစာသောက်စားမူးယစ်ပြီး အခင်းဖြစ်နေရာတွင် ဇော်မိုး(ခ) ကုလားကြီးနှင့် ရန်ငြှိုးရန်စမရှိဘဲ တွေ့ဆုံစကားများစဉ် ဖြိုးဇော်အောင် (ခ) ကိုဖြိုးမှ အနီးရှိ အလျား(၃)ပေခန့်၊ လုံးပတ်(၃)လက်မခန့်ရှိ ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ရာမှ ရရှိသောဒဏ်ရာ များဖြစ်ကြောင်း သိရှိရ၍ ဖြိုးဇော်အောင်(ခ)ကိုဖြိုးအား အရေးယူပေးပါရန် တိုင်တန်းသဖြင့် ညောင်လေးပင်မြို့မရဲစခန်း (ပ)၅၁၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု) ဖြင့် အမှု ဖွင့် ဆောင်ရွက်ခဲ့ပါသည်။
အမှုမှ တရားခံအား အမြန်ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ညောင်လေးပင် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ မဒေါက်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များမှ တရားခံ ဖြိုးဇော်အောင် (ခ) ကိုဖြိုးအား နေထိုင်သည့် နေအိမ်အား ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ တရားခံအား ဖမ်းဆီးရမိ သဖြင့် ၁၅-၁၂-၂၀၁၉ ရက်နေ့ ၀၂၂၀ အချိန် အမှုဖြင့် ဖမ်းဆီးစစ်ဆေး လျှက်ရှိကြောင်း သိရှိ ရပါသည်။

#Bago_Regional_Police_Force #Myanmar_Online_News # ညောင်လေးပင်မြို့ #မဒေါက်မြို့
<<Zawgyi>>

0 comments:

Post a Comment