ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဇစ်အာမက်သည် မြန်မာနိုင်ငံသို့ ၄ ရက်ကြာ တရား ဝင် ချစ်ကြည်ရေးခရီးစဉ်စတင်ရန် ဒါကာမြို့မှ ယနေ့ထွက်ခွာသွားသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။
ဗိုလ်ချုပ်ကြီး အဇစ်သည် မြန်မာ့တပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် ( ကြည်း ) ဒုတိယဗိုလ်ချုပ်မှူးကြီး စိန်ဝင်းနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး နှစ်ဖက်အတွေ့အကြုံတို့ကို သတင်းထုတ်ပြန်မည်ဖြစ် ကြောင်း ယမန်နေ့က ပြောဆိုသည်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးအဇစ်သည် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံတပ်မတော်များအချင်းချင်း ရင်းနှီးမှု့ ဆက်လက်ခိုင်မာရေး၊ လေ့ကျင့်မှု့ အပြန်အလှန်လဲလှယ်ရေး၊ ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်ရေး၊ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေး၊ ဘင်္ဂလားဒက်ရှ်ရောက် အတင်းအဓမ္မမောင်းနှင်ထုတ်ခံရသော မြန်မာနိုင်ငံသားများ နေရပ်ပြန်ရေးတို့ကို ဆွေးနွေးမည်ဖြစ်သည်။
မြန်မာအမျိုးသားကာကွယ်ရေးတက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်၊ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် စစ်ဖက်နှင့်အရပ်ဖက် ဆိုင်ရာနေရာတို့အား သွားရောက်လေ့လာမည်ဖြစ်သည်။
ဗိုလ်ချုပ်ကြီး အဇစ်သည် ဒီဇင်ဘာ (၁၁) ရက်နေ့တွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒက်ရှ်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။
Ref ; Htay Oung
<zawgyi>
မြန်မာနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (၄) ရက်ကြာ ချစ်ကြည်ရေး လာရောက်မည်
Sunday, December 8 , 2019
ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဇစ်အာမက်သည် မြန်မာနိုင်ငံသို့ ၄ ရက်ကြာ တရား ဝင် ချစ်ကြည်ရေးခရီးစဉ်စတင်ရန် ဒါကာမြို့မှ ယနေ့ထွက်ခွာသွားသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။
ဗိုလ်ချုပ်ကြီး အဇစ်သည် မြန်မာ့တပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် ( ကြည်း ) ဒုတိယဗိုလ်ချုပ်မှူးကြီး စိန်ဝင်းနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး နှစ်ဖက်အတွေ့အကြုံတို့ကို သတင်းထုတ်ပြန်မည်ဖြစ် ကြောင်း ယမန်နေ့က ပြောဆိုသည်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးအဇစ်သည် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံတပ်မတော်များအချင်းချင်း ရင်းနှီးမှု့ ဆက်လက်ခိုင်မာရေး၊ လေ့ကျင့်မှု့ အပြန်အလှန်လဲလှယ်ရေး၊ ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်ရေး၊ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေး၊ ဘင်္ဂလားဒက်ရှ်ရောက် အတင်းအဓမ္မမောင်းနှင်ထုတ်ခံရသော မြန်မာနိုင်ငံသားများ နေရပ်ပြန်ရေးတို့ကို ဆွေးနွေးမည်ဖြစ်သည်။
မြန်မာအမျိုးသားကာကွယ်ရေးတက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်၊ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် စစ်ဖက်နှင့်အရပ်ဖက် ဆိုင်ရာနေရာတို့အား သွားရောက်လေ့လာမည်ဖြစ်သည်။
ဗိုလ်ချုပ်ကြီး အဇစ်သည် ဒီဇင်ဘာ (၁၁) ရက်နေ့တွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒက်ရှ်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။
Ref ; Htay Oung

0 comments:
Post a Comment