Sunday, December 8, 2019

ဟောင်ကောင်ဆန္ဒပြပွဲတွေကြောင့် ဟောင်ကောင်သားတွေ ထိုင်ဝမ်ကို ရွေ့ပြောင်းပြီး ဘဝသစ်ရှာလာပြီ

ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေက ခြောက်လ နီးပါး ကြားပြီးတဲ့နောက်မှာ ဟောင်ကောင်သားတချို့က နေရာအသစ်မှာ အခြေချဖို့အတွက်ရှာဖွေလာရာ ထိုင်ဝမ်ဟာ စီးပွားလုပ်ငန်း အတွက် မျက်စိကျလာတဲ့ နေရာ ပြီဖြစ်ပါတယ်..

ထိုင်ဝမ်ဟာ အိမ်ခန်းငှားရမ်းခက ဟောင်ကောင်ထက် ဈေးပေါတဲ့ အပြင် အေးချမ်းတဲ့နေရာဖြစ်နေတဲ့အတွက် ဟောင်ကောင်သားတွေက မျက်စိကျ နေတာ အချိန်ကာလအားဖြင့် ကြာပြီ လို့တောင် ဆိုနိုင်ပါတယ်။
ဒီနှစ် ဇန်နဝါရီကနေ စက်တင်ဘာလအတွင်းမှာ ထိုင်ဝမ်ကို ရွှေ့ပြောင်းအခြေချသူ ၃၀ ရာခိုင်နှုန်းနီးပါး ၂၀၁၈ခုနှစ်ထက် တိုးလာတယ်လို့ သိရပါတယ်။
အသက် ၄၁ နှစ်အရွယ် ကော်ဖီဆိုင်ဖွင့်ထားသူ ချောင်ချူးမင် က သူ့ငယ်စဉ်ဘဝရဲ့ အိပ်မက်ဖြစ်တဲ့ ကြောင်လေးတွေရှိတဲ့ကော်ဖီဆိုင် ကို ပြီးခဲ့တဲ့ ဂျူလိုင်က ဖွင့်လှစ်နိုင်ပြီဖြစ်ပါတယ်။ သူဟာ ထိုင်ဝမ်နိုင်ငံရဲ့ ရွေ့ပြောင်းသူများအတွက် နိုင်ငံဝင်ခွင့် ဥပဒေအရ အမေရိကန်ဒေါ်လာ ၁၉၇,၀၀၀ ရင်းနှီးမြှပ်နှံနိုင်တဲ့အတွက် ထိုင်ဝမ်မှာ အမြဲတမ်းနေထိုင်ခွင့်ရပြီဖြစ်ပါတယ်။
ချောင်ချူးမင်က ထိုင်ဝမ်မှာလွတ်လပ်စွာပြောဆိုခွင့်ဆိုရာ အခုလက်ရှိ လုပ်နိုင်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ လူတွေက သမ္မတနဲ့ လွှတ်တော်အမတ်တွေကို ရွေးချယ်ပိုင်ခွင့်ရှိတယ်။ အဲဒါတွေက ဟောင်ကောင်မှာ မလုပ်နိုင်တဲ့ဟာတွေပါ။ ဟောင်ကောင်ဟာ စနစ်တစ်ခုတည်းနဲ့အုပ်ချုပ်တဲ့ တစ်နိုင်ငံအဖြစ် မဖြစ်လာမခြင်း လွတ်လပ်ခွင့်တွေဟာ ထိန်းချုပ်ခံနေရမှာပါ လို့ဆိုပါတယ်။
ထိုင်ဝမ်မှာ စားသောက်ဆိုင်ဖွင့်ဖို့ ကြိုးစားနေတဲ့ လီရိုနာဒို ဝေါင်းက ဆန္ဒပြတွေဟာ အလွန်ဆုံးကြာရင် နှစ်လ သုံးလဘဲလို့ ထင်ရပေမယ့် အခုတော့ အရင်လို ပြန်ဖြစ်ဆိုရာ မဖြစ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ နှစ်ဘက်လုံးက သိပ်ပြီး ကွဲပြားသွားတဲ့အတွက်ပါ။ ဟောင်ကောင်ရဲ့ အနာဂတ်ကို မတွေ့ရတော့ဘူးလို့ ပြောပါတယ်။
Image may contain: 8 people, people smiling, crowd and outdoor
Image may contain: one or more people and night
Image may contain: 3 people, eyeglasses and indoor
Image may contain: one or more people
Ref ; AFP
<zawgyi>
ဟောင်ကောင်ဆန္ဒပြပွဲတွေကြောင့် ဟောင်ကောင်သားတွေ ထိုင်ဝမ်ကို ရွေ့ပြောင်းပြီး ဘဝသစ်ရှာလာပြီ
Sunday, December 8 , 2019

ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေက ခြောက်လ နီးပါး ကြားပြီးတဲ့နောက်မှာ ဟောင်ကောင်သားတချို့က နေရာအသစ်မှာ အခြေချဖို့အတွက်ရှာဖွေလာရာ ထိုင်ဝမ်ဟာ စီးပွားလုပ်ငန်း အတွက် မျက်စိကျလာတဲ့ နေရာ ပြီဖြစ်ပါတယ်
ထိုင်ဝမ်ဟာ အိမ်ခန်းငှားရမ်းခက ဟောင်ကောင်ထက် ဈေးပေါတဲ့ အပြင် အေးချမ်းတဲ့နေရာဖြစ်နေတဲ့အတွက် ဟောင်ကောင်သားတွေက မျက်စိကျ နေတာ အချိန်ကာလအားဖြင့် ကြာပြီ လို့တောင် ဆိုနိုင်ပါတယ်။
ဒီနှစ် ဇန်နဝါရီကနေ စက်တင်ဘာလအတွင်းမှာ ထိုင်ဝမ်ကို ရွှေ့ပြောင်းအခြေချသူ ၃၀ ရာခိုင်နှုန်းနီးပါး ၂၀၁၈ခုနှစ်ထက် တိုးလာတယ်လို့ သိရပါတယ်။
အသက် ၄၁ နှစ်အရွယ် ကော်ဖီဆိုင်ဖွင့်ထားသူ ချောင်ချူးမင် က သူ့ငယ်စဉ်ဘဝရဲ့ အိပ်မက်ဖြစ်တဲ့ ကြောင်လေးတွေရှိတဲ့ကော်ဖီဆိုင် ကို ပြီးခဲ့တဲ့ ဂျူလိုင်က ဖွင့်လှစ်နိုင်ပြီဖြစ်ပါတယ်။ သူဟာ ထိုင်ဝမ်နိုင်ငံရဲ့ ရွေ့ပြောင်းသူများအတွက် နိုင်ငံဝင်ခွင့် ဥပဒေအရ အမေရိကန်ဒေါ်လာ ၁၉၇,၀၀၀ ရင်းနှီးမြှပ်နှံနိုင်တဲ့အတွက် ထိုင်ဝမ်မှာ အမြဲတမ်းနေထိုင်ခွင့်ရပြီဖြစ်ပါတယ်။
ချောင်ချူးမင်က ထိုင်ဝမ်မှာလွတ်လပ်စွာပြောဆိုခွင့်ဆိုရာ အခုလက်ရှိ လုပ်နိုင်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ လူတွေက သမ္မတနဲ့ လွှတ်တော်အမတ်တွေကို ရွေးချယ်ပိုင်ခွင့်ရှိတယ်။ အဲဒါတွေက ဟောင်ကောင်မှာ မလုပ်နိုင်တဲ့ဟာတွေပါ။ ဟောင်ကောင်ဟာ စနစ်တစ်ခုတည်းနဲ့အုပ်ချုပ်တဲ့ တစ်နိုင်ငံအဖြစ် မဖြစ်လာမခြင်း လွတ်လပ်ခွင့်တွေဟာ ထိန်းချုပ်ခံနေရမှာပါ လို့ဆိုပါတယ်။
ထိုင်ဝမ်မှာ စားသောက်ဆိုင်ဖွင့်ဖို့ ကြိုးစားနေတဲ့ လီရိုနာဒို ဝေါင်းက ဆန္ဒပြတွေဟာ အလွန်ဆုံးကြာရင် နှစ်လ သုံးလဘဲလို့ ထင်ရပေမယ့် အခုတော့ အရင်လို ပြန်ဖြစ်ဆိုရာ မဖြစ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ နှစ်ဘက်လုံးက သိပ်ပြီး ကွဲပြားသွားတဲ့အတွက်ပါ။ ဟောင်ကောင်ရဲ့ အနာဂတ်ကို မတွေ့ရတော့ဘူးလို့ ပြောပါတယ်။
Ref ; AFP

0 comments:

Post a Comment