Monday, December 16, 2019

ကောလင်းတွင် မူးယစ်ဆေးသုံးစွဲမှုကိစ္စ ဝန်ကြီးချုပ်ထံ တင်ပြသည့်အမျိုးသမီး အသက်အန္တရာယ် ခြိမ်းခြောက်ခံရ

Image may contain: 11 people, people sittingImage may contain: 9 people, people sitting

ကောလင်းမြို့နယ်တွင်း မူးယစ်ဆေးသုံးနေသည့် အခြေအနေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ဒေသခံလူထုတွေ့ဆုံပွဲတွင် တင်ပြခဲ့သည့် အမျိုးသမီးမှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရကြောင်း သိရသည်။

တွေ့ဆုံပွဲတွင်ပြီးသည့်ညတွင် ၎င်း၏ ကျွန်းလှခုံရွာ နေအိမ်အနီး ကောက်ရိုးပုံသို့ မီးကွင်းပစ်ခံခဲ့ရပြီး လူတစ်ဦးမှလည်း သတ်ပစ်မည်ဟု ခြိမ်းခြောက်အော်ဟစ်ခဲ့သည်ဟု ကာယကံရှင်ဒေါ်မိမိကြီးကပြောသည်။
"လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမျိုးသားဆီကို လာပြောတယ်တဲ့ ကျွန်မကို သတ်မယ်ဆိုပြီး။ လာပြောတဲ့သူကိုလည်း သိတဲ့အတွက် အခုပဲ ရဲစခန်းကို အမှုဖွင့် သွားတော့မယ်။မီးနဲ့လာပစ်တဲ့သူကိုတော့ ဘယ်သူဆိုတာ မသိတဲ့အတွက် မတိုင်တော့ဘူး"ဟု ၎င်းက ယနေ့ဆက်သွယ်မေးမြန်းမှုတွင် ပြောသည်။
ဒေါ်မိမိကြီးသည် လူထုတွေ့ဆုံပွဲတွင် ၎င်းတို့ရွာအနီး ရှိ မူးယစ်ဆေးထိုးပိုက်များကို ကောက်ပြီး ပုံးထဲထည့်လာကာ အစိုးရအဖွဲ့ထံပြသခဲ့ခြင်းဖြစ်သည်။
၎င်းနေအိမ်အနီး ကောက်ရိုးပုံမီးအား အချိန်မီ ငြိမ်းသတ်နိုင်ခဲ့သဖြင့် နေအိမ်သို့မီးမကူးခဲ့ခြင်းဖြစ်သည်ဟု သိရပြီး ၎င်းညက နေအိမ်သို့ ရဲလုံခြုံရေး ထားပေးခဲ့ရကြောင်း သိရှိရပါသည်။
Image may contain: 7 people, people sitting
Image may contain: tree, outdoor and nature
<<Zawgyi>>
ကောလင်းတွင် မူးယစ်ဆေးသုံးစွဲမှုကိစ္စ ဝန်ကြီးချုပ်ထံ တင်ပြသည့်အမျိုးသမီး အသက်အန္တရာယ် ခြိမ်းခြောက်ခံရ
Monday, December 16, 2019

ကောလင်းမြို့နယ်တွင်း မူးယစ်ဆေးသုံးနေသည့် အခြေအနေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ဒေသခံလူထုတွေ့ဆုံပွဲတွင် တင်ပြခဲ့သည့် အမျိုးသမီးမှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရကြောင်း သိရသည်။
တွေ့ဆုံပွဲတွင်ပြီးသည့်ညတွင် ၎င်း၏ ကျွန်းလှခုံရွာ နေအိမ်အနီး ကောက်ရိုးပုံသို့ မီးကွင်းပစ်ခံခဲ့ရပြီး လူတစ်ဦးမှလည်း သတ်ပစ်မည်ဟု ခြိမ်းခြောက်အော်ဟစ်ခဲ့သည်ဟု ကာယကံရှင်ဒေါ်မိမိကြီးကပြောသည်။
"လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမျိုးသားဆီကို လာပြောတယ်တဲ့ ကျွန်မကို သတ်မယ်ဆိုပြီး။ လာပြောတဲ့သူကိုလည်း သိတဲ့အတွက် အခုပဲ ရဲစခန်းကို အမှုဖွင့် သွားတော့မယ်။မီးနဲ့လာပစ်တဲ့သူကိုတော့ ဘယ်သူဆိုတာ မသိတဲ့အတွက် မတိုင်တော့ဘူး"ဟု ၎င်းက ယနေ့ဆက်သွယ်မေးမြန်းမှုတွင် ပြောသည်။
ဒေါ်မိမိကြီးသည် လူထုတွေ့ဆုံပွဲတွင် ၎င်းတို့ရွာအနီး ရှိ မူးယစ်ဆေးထိုးပိုက်များကို ကောက်ပြီး ပုံးထဲထည့်လာကာ အစိုးရအဖွဲ့ထံပြသခဲ့ခြင်းဖြစ်သည်။
၎င်းနေအိမ်အနီး ကောက်ရိုးပုံမီးအား အချိန်မီ ငြိမ်းသတ်နိုင်ခဲ့သဖြင့် နေအိမ်သို့မီးမကူးခဲ့ခြင်းဖြစ်သည်ဟု သိရပြီး ၎င်းညက နေအိမ်သို့ ရဲလုံခြုံရေး ထားပေးခဲ့ရကြောင်း သိရှိရပါသည်။

0 comments:

Post a Comment