Monday, December 16, 2019

အေမရိကန္သမၼတေဒၚနယ္လ္ထရန္႔အား ရာထူးအာဏာအလြဲသုံးစားမႈ၊ လႊတ္ေတာ္၏ စုံစမ္းစစ္ေဆးမႈမ်ားအေပၚ ေႏွာင့္ယွက္ဟန္႔တားမႈမ်ားျဖင့္ ျပစ္တင္ရႈတ္ခ်ေၾကာင္း အဆိုတင္သြင္းရန္ အေမရိကန္ေအာက္လႊတ္ေတာ္တရားေရးေကာ္မတီက ဆုံးျဖတ္ခ်က္ခ်မွတ္

Image may contain: 1 person, standing, suit and text

အမေရိကန် သမ္မတဒေါ်နယ်ထရန့်သည် ဂျိုးဘိုင်ဒင်၏သားဖြစ်သူဟန်တာဘီဒင်အား ယူကရိန်းရေနံကုမ္ပဏီတစ်ခုက အလွန်မြင့်မားသောလစာဖြင့် အလုပ်ခန့်အပ်ခဲ့သည့်ကိစ္စတွင် အမေရိကန်ဒုတိယသမ္မတဟောင်းဖြစ်သူ ဂျိုးဘိုင်ဒင်နှင့် ယူကရိန်းရေနံကုမ္ပဏီတို့အကြားအကျိုးစီးပွားဆက်နွယ်နေသော အဂတိလိုက်စားမှုများ ရှိနိုင်သည်ဟူသော စွပ်စွဲချက်ဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန်အတွက် ယူကရိန်းသမ္မတ ဗိုလိုဒင်ဇီလန်စကီးထံ ဖိအားပေးတောင်းဆိုခဲ့ကြောင်း၊ တောင်းဆိုမှုကိုလိုက်လျောခြင်းမရှိပါက ယူကရိန်းသို့ အကူအညီပေးအပ်မည့် အမေရိကန်ဒေါ်လာသန်း (၄၀၀) ကိုဆိုင်းငံ့ထားမည်ဟူ၍ သမ္မတဒေါ်နယ်ထရန့်က ယူကရိန်းသမ္မတအား တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့သည်ဟုသိရှိရကြောင်း၊ ထိုသို့ယူကရိန်းအစိုးရကိုဖိအားပေးခဲ့သည့် အမေရိကန်သမ္မတဒေါ်နယ်လ်ထရန့်အပေါ် ရာထူးအာဏာအလွဲသုံးစားမှု၊ လွှတ်တော် ၏စုံစမ်းစစ်ဆေးမှုများအပေါ် နှောင့်ယှက်ဟန့်တားမှုများဖြင့် အမေရိကန်အောက်လွှတ်တော်တရားရေးကော်မတီမှ ပြစ်တင်ရှုတ်ချကြောင်း အဆိုတင်သွင်းရန် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၃) ရက်(သောကြာနေ့) တွင် မဲခွဲကာဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန် အောက်လွှတ်တော်တရားရေးကော်မတီသည် သမ္မတဒေါ်နယ်လ်ထရန့်အား ၂၀၂၀ ခုနှစ်၊နိုဝင်ဘာလ(၃)ရက်နေ့တွင်ပြုလုပ်မည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် နိုင်ငံရေးပြိုင်ဘက်တစ်ဦးဖြစ်လာမည့်ဒီမိုကရက်ပါတီမှ သမ္မတလောင်းဂျိုးဘိုင်ဒင်အပေါ် သမ္မတ၏ရာထူးအာဏာအားအသုံးချကာ နိုင်ငံရေးထက်ပုဂ္ဂိုလ်ရေးအရဖိအားပေးခဲ့မှု၊ ယင်းကိစ္စရပ်နှင့်ပတ်သက်၍ အောက်လွှတ်တော်အတွင်း ဒီမိုကရက်တစ်ပါတီမှ စုံစမ်းစစ်ဆေးရန် ကြိုးစားခဲ့မှုများအပေါ် ဟန့်တားခဲ့မှုတို့ကြောင့် ယခုကဲ့သို့ ပြစ်တင်ရှုတ်ချကြောင်း အဆိုတင်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သမ္မတဒေါ်နယ်လ်ထရန့်အား ပြစ်တင်ရှုတ်ချကြောင်းအဆိုတင်သွင်းနိုင်ရေးအတွက် အောက်လွှတ်တော်၏ တရားရေးကော်မတီအတွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ (၂၃) မဲကန့်ကွက်မဲ (၁၇) မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ တရားရေးကော်မတီမှအတည်ပြုခဲ့ခြင်းကြောင့် တရားစွဲဆိုရေးကိစ္စရပ်အား ဒီမိုကရက်ပါတီဝင်အများစုကြီးစိုးရာ အောက်လွှတ်တော်တစ်ရပ်လုံးအနေဖြင့် လာမည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်(ဗုဒ္ဒဟူးနေ့)တွင် ဆက်လက်မဲခွဲဆုံးဖြတ်ရန်စီစဉ်ထားကြောင်း၊ အမေရိကန်အောက်လွှတ်တော်၌ အမတ်နေရာအများဆုံးဖြစ်သော ဒီမိုကရက်တစ်ပါတီမှ အမတ်(၂၃၃) နေရာ၊ သမ္မတ၏ ရီပတ်ဘလစ်ကန်ပါတီမှ အမတ်(၁၉၇) နေရာနှင့်တစ်သီးပုဂ္ဂလအမတ်(၁) နေရာတို့ရှိရာ သမ္မတအပေါ်ပြစ်တင်ရှုတ်ချကြောင်း အဆိုအားထောက်ခံမဲ (၂၁၆) မဲရရှိပါက အတည်ပြုဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ အောက်လွှတ်တော်၏ ထောက်ခံမှုကိုရရှိပါက သမ္မတဒေါ်နယ်ထရန့်အားပြစ်တင်ရှုတ်ချကြောင်းအဆိုကိုလာမည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်းအထက်လွှတ်တော်၌ ဆက်လက်၍ မဲခွဲဆုံးဖြတ်သွားနိုင်မည်ဟု သိရှိရပါသည်။
ပြစ်တင်ရှုတ်ချကြောင်းအဆိုနှင့်ပတ်သက်၍ ဒေါ်နယ်လ်ထရန့်သည် ဒီမိုကရက်ပါတီအမတ်များ၏စွပ်စွဲမှုများကိုငြင်းဆန်ခဲ့ပြီးစွပ်စွဲမှုများမှာလိမ်လည်မှုတစ်ခုသာဖြစ်ကာမိမိအနေဖြင့်မည်သည့်အမှားကိုမျှ ကျူးလွန်ထားခြင်းမရှိကြောင်း၊ ယခုကဲ့သို့ တစ်ဖက်သတ်စွပ်စွဲကာလုပ်ကြံဇာတ်လမ်းဖန်တီးခြင်းသည် အမေရိကန်ပြည်ထောင်စုအတွက် ရှက်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်သာဖြစ်သည်ဟု တုံ့ပြန်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
အမေရိကန်ပြည်ထောင်စုသမိုင်းတွင် ကွန်ဂရက်လွှတ်တော်၏ ပြစ်တင်ရှုတ်ချမှုကြောင့် သမ္မတရာထူးမှ နှုတ်ထွက်ပေးရသည့်ဖြစ်စဉ် မပေါ်ပေါက်သေးကြောင်း၊ သမ္မတဒေါ်နယ်ထရန့်အနေဖြင့် လွှတ်တော်မှပြစ်တင်ရှုတ်ချကြောင်း ကြေညာခြင်းခံရပါက ပြစ်တင်ရှုတ်ချကြောင်းကြေညာခြင်းခံရသည့် တတိယမြောက်သမ္မတဖြစ်လာမည်ဖြစ်ပြီး အင်ဒရူးဂျွန်ဆင်နှင့် ဘီလ်ကလင်တန်တို့သည် အောက်လွှတ်တော်မှ ပြစ်တင်ရှုံ့ချကြောင်း ကြေညာခြင်းခံရဖူးသော်လည်း အထက်လွှတ် တော် ၌ ပြန်လည်အနိုင်ရရှိခဲ့သည့်အတွက် စွပ်စွဲအပြစ်တင်ခံရခြင်းမှ ရှောင်ရှားနိုင်ခဲ့ကြောင်း၊ သမ္မတရစ်ချက်နစ်ဆင်သည် Watergate အရေးတော်ပုံကြောင့်လွှတ်တော်မှ ပြစ်တင်ရှုတ်ချခြင်းမခံရမီ ရာထူးမှနုတ်ထွက်ခဲ့ဖူးသည်ဟုသိရှိရပါသည်။
No photo description available.
Image may contain: one or more people, people sitting and indoor


<<Zawgyi>>
အေမရိကန္သမၼတေဒၚနယ္လ္ထရန္႔အား ရာထူးအာဏာအလြဲသုံးစားမႈ၊ လႊတ္ေတာ္၏ စုံစမ္းစစ္ေဆးမႈမ်ားအေပၚ ေႏွာင့္ယွက္ဟန္႔တားမႈမ်ားျဖင့္ ျပစ္တင္ရႈတ္ခ်ေၾကာင္း အဆိုတင္သြင္းရန္ အေမရိကန္ေအာက္လႊတ္ေတာ္တရားေရးေကာ္မတီက ဆုံးျဖတ္ခ်က္ခ်မွတ္
Monday, December 16, 2019

အေမရိကန္ သမၼတေဒၚနယ္ထရန႔္သည္ ဂ်ိဳးဘိုင္ဒင္၏သားျဖစ္သူဟန္တာဘီဒင္အား ယူကရိန္းေရနံကုမၸဏီတစ္ခုက အလြန္ျမင့္မားေသာလစာျဖင့္ အလုပ္ခန႔္အပ္ခဲ့သည့္ကိစၥတြင္ အေမရိကန္ဒုတိယသမၼတေဟာင္းျဖစ္သူ ဂ်ိဳးဘိုင္ဒင္ႏွင့္ ယူကရိန္းေရနံကုမၸဏီတို႔အၾကားအက်ိဳးစီးပြားဆက္ႏြယ္ေနေသာ အဂတိလိုက္စားမႈမ်ား ရွိႏိုင္သည္ဟူေသာ စြပ္စြဲခ်က္ျဖင့္ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေပးရန္အတြက္ ယူကရိန္းသမၼတ ဗိုလိုဒင္ဇီလန္စကီးထံ ဖိအားေပးေတာင္းဆိုခဲ့ေၾကာင္း၊ ေတာင္းဆိုမႈကိုလိုက္ေလ်ာျခင္းမရွိပါက ယူကရိန္းသို႔ အကူအညီေပးအပ္မည့္ အေမရိကန္ေဒၚလာသန္း (၄၀၀) ကိုဆိုင္းငံ့ထားမည္ဟူ၍ သမၼတေဒၚနယ္ထရန႔္က ယူကရိန္းသမၼတအား တယ္လီဖုန္းမွတစ္ဆင့္ ဆက္သြယ္ေျပာၾကားခဲ့သည္ဟုသိရွိရေၾကာင္း၊ ထိုသို႔ယူကရိန္းအစိုးရကိုဖိအားေပးခဲ့သည့္ အေမရိကန္သမၼတေဒၚနယ္လ္ထရန္႔အေပၚ ရာထူးအာဏာအလြဲသုံးစားမႈ၊ လႊတ္ေတာ္၏စုံစမ္းစစ္ေဆးမႈမ်ားအေပၚ ေႏွာင့္ယွက္ဟန္႔တားမႈမ်ားျဖင့္ အေမရိကန္ေအာက္လႊတ္ေတာ္တရားေရးေကာ္မတီမွ ျပစ္တင္ရႈတ္ခ်ေၾကာင္း အဆိုတင္သြင္းရန္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ(၁၃) ရက္(ေသာၾကာေန႔) တြင္ မဲခြဲကာဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့ေၾကာင္း သိရွိရပါသည္။
အေမရိကန္ ေအာက္လႊတ္ေတာ္တရားေရးေကာ္မတီသည္ သမၼတေဒၚနယ္လ္ထရန္႔အား ၂၀၂၀ ခုႏွစ္၊ႏိုဝင္ဘာလ(၃)ရက္ေန႔တြင္ျပဳလုပ္မည့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ ႏိုင္ငံေရးၿပိဳင္ဘက္တစ္ဦးျဖစ္လာမည့္ဒီမိုကရက္ပါတီမွ သမၼတေလာင္းဂ်ိဳးဘိုင္ဒင္အေပၚ သမၼတ၏ရာထူးအာဏာအားအသုံးခ်ကာ ႏိုင္ငံေရးထက္ပုဂၢိဳလ္ေရးအရဖိအားေပးခဲ့မႈ၊ ယင္းကိစၥရပ္ႏွင့္ပတ္သက္၍ ေအာက္လႊတ္ေတာ္အတြင္း ဒီမိုကရက္တစ္ပါတီမွ စုံစမ္းစစ္ေဆးရန္ ႀကိဳးစားခဲ့မႈမ်ားအေပၚ ဟန္႔တားခဲ့မႈတို႔ေၾကာင့္ ယခုကဲ့သို႔ ျပစ္တင္ရႈတ္ခ်ေၾကာင္း အဆိုတင္သြင္းရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ သမၼတေဒၚနယ္လ္ထရန္႔အား ျပစ္တင္ရႈတ္ခ်ေၾကာင္းအဆိုတင္သြင္းႏိုင္ေရးအတြက္ ေအာက္လႊတ္ေတာ္၏ တရားေရးေကာ္မတီအတြင္း မဲခြဲဆုံးျဖတ္ခဲ့ရာ ေထာက္ခံမဲ (၂၃) မဲကန္႔ကြက္မဲ (၁၇) မဲျဖင့္ အတည္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ တရားေရးေကာ္မတီမွအတည္ျပဳခဲ့ျခင္းေၾကာင့္ တရားစြဲဆိုေရးကိစၥရပ္အား ဒီမိုကရက္ပါတီဝင္အမ်ားစုႀကီးစိုးရာ ေအာက္လႊတ္ေတာ္တစ္ရပ္လုံးအေနျဖင့္ လာမည့္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၁၈) ရက္(ဗုဒၵဟူးေန႔)တြင္ ဆက္လက္မဲခြဲဆုံးျဖတ္ရန္စီစဥ္ထားေၾကာင္း၊ အေမရိကန္ေအာက္လႊတ္ေတာ္၌ အမတ္ေနရာအမ်ားဆုံးျဖစ္ေသာ ဒီမိုကရက္တစ္ပါတီမွ အမတ္(၂၃၃) ေနရာ၊ သမၼတ၏ ရီပတ္ဘလစ္ကန္ပါတီမွ အမတ္(၁၉၇) ေနရာႏွင့္တစ္သီးပုဂၢလအမတ္(၁) ေနရာတို႔ရွိရာ သမၼတအေပၚျပစ္တင္ရႈတ္ခ်ေၾကာင္း အဆိုအားေထာက္ခံမဲ (၂၁၆) မဲရရွိပါက အတည္ျပဳဆုံးျဖတ္ႏိုင္မည္ျဖစ္ေၾကာင္း၊ ေအာက္လႊတ္ေတာ္၏ ေထာက္ခံမႈကိုရရွိပါက သမၼတေဒၚနယ္ထရန္႔အားျပစ္တင္ရႈတ္ခ်ေၾကာင္းအဆိုကိုလာမည့္ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလအတြင္းအထက္လႊတ္ေတာ္၌ ဆက္လက္၍ မဲခြဲဆုံးျဖတ္သြားႏိုင္မည္ဟု သိရွိရပါသည္။
ျပစ္တင္ရႈတ္ခ်ေၾကာင္းအဆိုႏွင့္ပတ္သက္၍ ေဒၚနယ္လ္ထရန႔္သည္ ဒီမိုကရက္ပါတီအမတ္မ်ား၏စြပ္စြဲမႈမ်ားကိုျငင္းဆန္ခဲ့ၿပီးစြပ္စြဲမႈမ်ားမွာလိမ္လည္မႈတစ္ခုသာျဖစ္ကာမိမိအေနျဖင့္မည္သည့္အမွားကိုမွ် က်ဴးလြန္ထားျခင္းမရွိေၾကာင္း၊ ယခုကဲ့သို႔ တစ္ဖက္သတ္စြပ္စြဲကာလုပ္ႀကံဇာတ္လမ္းဖန္တီးျခင္းသည္ အေမရိကန္ျပည္ေထာင္စုအတြက္ ရွက္ဖြယ္ေကာင္းေသာ ကိစၥတစ္ရပ္သာျဖစ္သည္ဟု တုံ႔ျပန္ေျပာၾကားခဲ့ေၾကာင္းသိရွိရပါသည္။
အေမရိကန္ျပည္ေထာင္စုသမိုင္းတြင္ ကြန္ဂရက္လႊတ္ေတာ္၏ ျပစ္တင္ရႈတ္ခ်မႈေၾကာင့္ သမၼတရာထူးမွ ႏႈတ္ထြက္ေပးရသည့္ျဖစ္စဥ္ မေပၚေပါက္ေသးေၾကာင္း၊ သမၼတေဒၚနယ္ထရန႔္အေနျဖင့္ လႊတ္ေတာ္မွျပစ္တင္ရႈတ္ခ်ေၾကာင္း ေၾကညာျခင္းခံရပါက ျပစ္တင္ရႈတ္ခ်ေၾကာင္းေၾကညာျခင္းခံရသည့္ တတိယေျမာက္သမၼတျဖစ္လာမည္ျဖစ္ၿပီး အင္ဒ႐ူးဂြၽန္ဆင္ႏွင့္ ဘီလ္ကလင္တန္တို႔သည္ ေအာက္လႊတ္ေတာ္မွ ျပစ္တင္ရႈံ႕ခ်ေၾကာင္း ေၾကညာျခင္းခံရဖူးေသာ္လည္း အထက္လႊတ္ ေတာ္ ၌ ျပန္လည္အႏိုင္ရရွိခဲ့သည့္အတြက္ စြပ္စြဲအျပစ္တင္ခံရျခင္းမွ ေရွာင္ရွားႏိုင္ခဲ့ေၾကာင္း၊ သမၼတရစ္ခ်က္နစ္ဆင္သည္ Watergate အေရးေတာ္ပုံေၾကာင့္လႊတ္ေတာ္မွ ျပစ္တင္ရႈတ္ခ်ျခင္းမခံရမီ ရာထူးမွႏုတ္ထြက္ခဲ့ဖူးသည္ဟုသိရွိရပါသည္။

Ref-#BSI_Myanmar #reuters

0 comments:

Post a Comment