ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ဧကရာဇ်၏ ညီမတော် တော်ဝင်မင်းသမီး ယိုကိုအား နေပြည်တော်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နေအိမ်၌ ၁၆-၁၂-၂၀၁၉ ရက်နေ့ ၁၀၀၀ နာရီအချိန်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မင်းသမီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သွားရောက်လည်ပတ်ခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်နေရာများနှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ်အချက်အလက်များ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား တူညီသည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

<<Zawgyi>>
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်ဧကရာဇ်၏ ညီမတော် တော်ဝင်မင်းသမီးတို့ တွေ့ဆုံ
Monday, December 16, 2019
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ဧကရာဇ်၏ ညီမတော် တော်ဝင်မင်းသမီး ယိုကိုအား နေပြည်တော်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နေအိမ်၌ ၁၆-၁၂-၂၀၁၉ ရက်နေ့ ၁၀၀၀ နာရီအချိန်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မင်းသမီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သွားရောက်လည်ပတ်ခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်နေရာများနှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ်အချက်အလက်များ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား တူညီသည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
#Ministry_of_Foreign_Affairs_Myanmar #Myanmar_Online_News #နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

0 comments:
Post a Comment