အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်မြေသာစံမြို့နယ် ပါတီရုံး ဖြစ်မြောက်ရေး ရံပုံငွေဂီတ ဖျော်ဖြေပွဲကို ဒီဇင်ဘာ (၃၁)ရက် ညတွင် မန္တလေးမြို့၌ ကျင်းပမည်ဖြစ်သည်။
New Year Countdown Show Mandalay ဟု အမည်ပေးထားသည့် အဆိုပါ ရံပုံငွေဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ(၃၁)ရက်ညတွင် မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး Iron Cross တီးဝိုင်းနှင့်အတူ အဆိုကျော်များဖြစ်သည့် လေးဖြူ၊အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့ ပါဝင် ဖျော်ဖြေမည်ဖြစ်သည်။
အဆိုပါ ရံပုံငွေဂီတဖျော်ဖြေပွဲအတွက် လက်မှတ်ဈေးနှုံးများကို ကျပ်(၁)သိန်း၊ ကျပ်(၅)သောင်း၊ ကျပ်(၃)သောင်း၊ ကျပ်(၂)သောင်းနှင့် ကျပ်(၁)သောင်း သတ်မှတ်ထားပြီး Ozone စတိုး၊ 501 men collectionနှင့် မန်းသီရိတေးသံသွင်းတို့တွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ပွဲကျင်းပရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

<<Zawgyi>>
လက်ရှိအာဏာရ NLD ပါတီအောင်မြေသာစံမြို့နယ်ပါတီရုံး ဖြစ်မြောက်ရေး ရံပုံငွေပွဲအဖြစ် IC အဖွဲ့နှင့် ဖျော်ဖြေမည်ဖြစ်
Monday, December 16, 2019
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်မြေသာစံမြို့နယ် ပါတီရုံး ဖြစ်မြောက်ရေး ရံပုံငွေဂီတ ဖျော်ဖြေပွဲကို ဒီဇင်ဘာ(၃၁)ရက် ညတွင် မန္တလေးမြို့၌ ကျင်းပမည်ဖြစ်သည်။
New Year Countdown Show Mandalay ဟု အမည်ပေးထားသည့် အဆိုပါ ရံပုံငွေဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ(၃၁)ရက်ညတွင် မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး Iron Cross တီးဝိုင်းနှင့်အတူ အဆိုကျော်များဖြစ်သည့် လေးဖြူ၊အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့ ပါဝင် ဖျော်ဖြေမည်ဖြစ်သည်။
အဆိုပါ ရံပုံငွေဂီတဖျော်ဖြေပွဲအတွက် လက်မှတ်ဈေးနှုံးများကို ကျပ်(၁)သိန်း၊ ကျပ်(၅)သောင်း၊ ကျပ်(၃)သောင်း၊ ကျပ်(၂)သောင်းနှင့် ကျပ်(၁)သောင်း သတ်မှတ်ထားပြီး Ozone စတိုး၊ 501 men collectionနှင့် မန်းသီရိတေးသံသွင်းတို့တွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ပွဲကျင်းပရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။
#Myanmar_Online_News #ရံပုံငွေဂီတဖျော်ဖြေပွဲ #NLD #အောင်မြေသာစံမြို့နယ်ပါတီရုံး #IC

0 comments:
Post a Comment