ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက် ဒေသ တွေမှာ ယခုရက်ပိုင်းကစပြီး အအေးလှိုင်းဖြတ်နေပြီဖြစ်ပါတယ်။
ချင်းမိုင်း ချင်းရိုင် မဲဟောင်ဆောင် ဒေသတွေမှာ အအေးအမှတ်ဟာ -၁ (-1 °C )အထိ ကျဆင်းသွားတာကြောင့် လူသေဆုံးမှုတွေတောင် ဖြစ်ပွားနေတာတွေ့ရပါတယ်။
လာအိုနယ်စပ်နဲ့ ထိစပ်နေတဲ့ အရှေ့မြောက်ပိုင်း Bueng Kan Province ဘန်ကန် ခရိုင်မှာ ၃၈ နှစ်အရွယ် အမျိုးသားဟာ စောင်ပါးပါးနဲ့ခြုံအိပ်နေတုံး သေဆုံးသွားခဲ့ကြောင်းလည်းသိရပါတယ်။
ခုလိုရုတ်တရက် မြင့်တက်တဲ့အအေးလှိုင်း ဒဏ်ခံနိုင်ဖို့ လူကြီးနဲ့ ကလေးတွေအတွက် အနွေးထည် စောင်တွေကို ထိုင်းလူမှုအဖွဲ့တွေကမြောက်ပိုင်းဒေတွေ မှာ လှူတမ်းနေကြပါတယ်။ ယခုရာသီမှာ(တောမီးနဲ့မီးခိုးရန်ကာကွယ်ဘို့) မီးမရှို့ကြဘို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပြီး အမှိုက်မီးရိူ့သူ ဒဏ်ငွေ ရိုက်မယ်လို့ ထုတ်ပြန်ထားပေမယ့် အနွေးထည်နဲ့စောင် မလုံလောက်တဲ့ ကျေးရွာတွေမှာတော့ ထင်းမီးဖိုပြီး အပူဓါတ်ယူနေ ရတာကိုတော့ တားလို့ရမယ်မထင်ပါဘူး။
အအေးလှိုင်းဟာ တရုတ်နိုင်ငံကနေ ဝင်ရောက်လာတာဖြစ်ပါတယ်၊ မြန်မာနိုင်ငံ ရန်ကုန်မှာတော့ 11 °Cအထိ အေးအမှတ် ရောက်ပြီလို့ သိရပါတယ်၊ ကချင်ပြည်နယ်မြစ်ကြီးနား နဲ့ ရှမ်းပြည် ဒေသ လာရိူး မူဆယ် ကွတ်ခိုင် တောင်ကြီး စတဲ့ ဒေသတွေမှာလည်း အအေးပို လာပြီး တချို့နေရာတွေ ရေခဲနေပြီဖြစ်ပါတယ်။

<zawgyi>
ထိုင်းနိုင်ငံ အအေးလှိုင်းဖြတ်သန်း လူသေဆုံးမှုရှိ
Sunday, December 8 , 2019

0 comments:
Post a Comment