Sunday, December 8, 2019

စင်ကာပူကို ကျော်ချင်ရင် အောက်စ်ဖိုဒ့်ကို သွားပါလို့ပြောလာတဲ့ ဦးနေယံဦး

Image may contain: 1 person, sky and outdoorImage may contain: sky and outdoor

စင်ကာပူကို ကျော်ချင်ရင် အောက်စ်ဖိုဒ့်ကို သွားပါလို့ ဦးနေယံဦးမှ သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

" အနှစ် ၂၀ အတွင်း စင်ကာပူကို ကျော်ဖို့ ကျွန်တော်တို့ ရည်မှန်းချက်တွေချခဲ့တာ မှတ်မိနေအုံးမယ် ထင်ပါတယ်။
မြန်မာပြည်လွတ်လပ်ရေးရခါစ ၁၉၅၀ ကျော်ကာလတွေမှာ တံငါရွာလေးသာသာ စင်ကာပူသည် အခုတော့လည်း မြန်မာပြည် ဘယ်လိုမှ ယှဉ်လို့မရအောင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်နေပါပြီ။
သောက်သုံးရေအပါအဝင် သဘာဝသံယံဇာတ ဘာမှမရှိတဲ့ စင်ကာပူက သူ့မှာရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်ကို အသုံးချပြီး တတိယကမ္ဘာမှ ပထမကမ္ဘာအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါပြီ။
စင်ကာပူကို အမှီလိုက်ဖို့ ကျွန်တော်တို့ သန္ဓိဌာန်ချခဲ့တာ ကောင်းမွန်တဲ့ လုပ်ရပ်ပါ။ ကိုယ်သွားလိုတဲ့ လားရာကိုသိမှ ကိုယ်ဘာတွေ ပြင်ဆင်ရမလဲဆိုတာ ကျွန်တော်တို့ သိနိုင်မှာပေါ့။
စင်ကာပူလို ဖြစ်ချင်ရင်တော့ စင်ကာပူလို ကျင့်ကြံဖို့ လိုပါတယ်။
စင်ကာပူက သူရဲ့လူ့စွမ်းအားအရင်းအမြစ်ကို အသုံးချပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့သလို မြန်မာပြည်ကလည်း ကိုယ့်ရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ဖွံ့ဖြိုးနိုင်ဖို့ နည်းလမ်းတွေ ရှာ ဖို့လိုပါတယ်။
လက်ရှိမှာတော့ စင်ကာပူကို ကျော်တက်ဖို့ မပြောနဲ့ တခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် ကျွန်တော်တို့တိုင်းပြည်က အတော်လေး ကြိုးစားနေရပါတယ်။
ဥပမာ တစ်ခုပြောပြပါမယ်။
ကမ္ဘာ့ဘဏ်မှ နှစ်စဉ်ထုတ်တဲ့ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်း Ease of Doing Business Rankings မှာ ၂၀၂၀ ခုနှစ်အတွက် မြန်မာက အဆင့် (၁၆၅) ချိတ်ပါတယ်။ အရင်နှစ်ကထက် အဆင့် ၆ ဆင့် ခုန်တက်လာပါတယ်။
အဆင့် (၁၇၁) ကနေ (၁၆၅) ဖြစ်သွားတဲ့အတွက် အရင်ကထက် စွမ်းဆောင်မှု ကောင်းလာတယ်ဆိုပြီး မြန်မာအစိုးရ အရာရှိကြီးတွေက ပျော်ကြ၊ ရွှင်ကြ၊ ဖေစ့်ဘွတ်ခ်နဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဂုဏ်ယူစွာ ဖော်ပြကြပါတယ်။
တကယ်တော့ ကမ္ဘာ့ဘဏ်စာရင်းထဲ နိုင်ငံပေါင်း ၁၉၀ ရှိတာမှာ မြန်မာထက် အဆင့်နိမ့်တာဆိုလို့ ၂၅ နိုင်ငံပဲ ကျန်တော့တာကိုတော့ ထည့်မပြောပါဘူး။
လူကြီးတွေ မသိချင်ယောင်ဆောင်ထားတဲ့ တခြားအချက်တွေလည်း ရှိပါသေးတယ်။ ပြောပြပါမယ်။
ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းမှာ မြန်မာထက် အာဖရိကနိုင်ငံတွေက သာနေပါပြီ။
ရဝမ်ဒါနိုင်ငံကို သိကြမယ်တူပါတယ်။
အာဖရိက အရှေ့အလယ်ပိုင်းမှာရှိပြီး လူဦးရေအရလည်း မြန်မာပြည်ထက် ငါးဆတောင်သေးတဲ့ ကုန်းတွင်းပိတ် နိုင်ငံငယ်လေးပါ။ ၁၉၉၄ ခုနှစ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ခဲ့ပြီး (မြန်မာပြည်လို စွပ်စွဲခံရတဲ့ အဆင့်တောင်မဟုတ်ပါ။) အဲဒီအရိပ်ဆိုးကနေ ပြန်လည်နှိုးထဖို့ ရုန်းကန်နေရတဲ့ နိုင်ငံပါ။
ဒါပေမဲ့ ရဝမ်ဒါက ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းမှာ အဆင့် (၃၈) ရှိနေပြီး ဆွစ်ဇာလန်နိုင်ငံထက် ၂ ဆင့်ပဲ နိမ့်ပါတယ်။ မြန်မာပြည်ရတဲ့ (၁၆၅) အဆင့်နဲ့ နှိုင်းယှဉ်ကြည့်ပါ။
ရဝမ်ဒါလို နောက်ထပ်ကုန်းတွင်းပိတ် အာဖရိကနိုင်ငံတစ်ခုရှိပါသေးတယ်။ အီသီယိုးပီးယားပါ။
အီသီယိုးပီးယားဆိုရင် ကျွန်တော်တို့ အတွေးထဲ ပြေးမြင်တာက ဆင်းရဲမွဲတွေပြီး အငတ်ဘေးသင့်တဲ့နိုင်ငံ။ အဖြူအမည်းဓါတ်ပုံတွေထဲက ဆာလောင်မွတ်သိပ်နေတဲ့ နံရိုးပြိုင်းပြိုင်း ကလေးငယ်တွေရှိတဲ့ နိုင်ငံ။ ဒီလို ပုံရိပ်တွေပဲ ပြေးမြင်ပါလိမ့်မယ်။
ဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်းတွေ ဗိုက်ဆာလွန်းလို့ အစားကို အငမ်းမရ စားနေရင် ဒီကောင် အီသီယိုးပီးယား အငတ်ဘေးက လာတာပဲဆိုပြီး ကျွန်တော်တို့ စနောက်ခဲ့ကြတာပဲ မဟုတ်လား။
အခုတော့ အီသီယိုးပီးယားနိုင်ငံက မြန်မာပြည်ကို ကျော်သွားပါပြီ။
၁၉၈၀ လွန် နှစ်တွေမှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံခဲ့ရပေမဲ့ ၂၀၂၀ မှာတော့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းမှာ အဆင့် (၁၅၉)နဲ့ အီသီယိုးပီးယားက မြန်မာပြည်ထက် အဆင့် ၆ ဆင့် သာနေပါပြီ။
မြန်မာပြည်မှာမရှိတဲ့ မိုးပျံရထားတွေ အီသီယိုးပီးယားမှာ ရှိနေပါပြီ။ အာဖရိကရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံအဖြစ် ကမ္ဘာက စောင့်ကြည့်နေရပါပြီ။
နောက်အနှစ် ၂၀ မှာ စင်ကာပူကိုကျော်မယ့် မြန်မာတွေ အခုတော့ အာဖရိကနိုင်ငံတွေကိုတောင် အမှီလိုက်ဖို့ အတော်လေး ရုန်းကန်ရမယ့် အနေအထား ဖြစ်နေပါပြီ။
ကဲ . . . ကျွန်တေ်ာတို့ ဘယ်လိုလုပ်ကြမလဲ။
အဖြေကတော့ စင်ကာပူမှာပဲ ရှိပါတယ်။
စင်ကာပူနိုင်ငံကို အတုခိုးပါ။ သူတို့လိုပဲ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပါ။ တနည်းပြောရရင် ကိုယ့်နိုင်ငံကလူတွေကို ပညာတတ်ဖြစ်အောင် လုပ်ပါ။
စင်ကာပူလိုပဲ မြန်မာကျောင်းသားတွေကို ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွေကို လွှတ်ပြီး ပညာသင်ခိုင်းပါ။ လူတွေ ပညာတတ်မှ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက် လာမှ ာပါ။
ဒီရည်ရွယ်ချက်နဲ့ပဲ ဒီပိုစ့်ကို ရေးပါတယ်။
■ အောက်စ်ဖိုဒ့်မှာကျောင်းတက်ချင်လား။ မြန်မာကျောင်းသားတွေကို သီးသန့်ပေးတဲ့ ပညာသင်ဆု ရှိတယ်နော်။
ကျွန်တော် အောက်စ်ဖိုဒ့်တက္ကသိုလ်ရှိ Blavatnik School of Government မှာ ပြည်သူ့ရေးရာမူဝါဒမဟာဘွဲ့ Master of Public Policy နဲ့ ပြီးခဲ့တဲ့လကမှ ကျောင်းပြီးထားပါတယ်။
အောက်စ်ဖိုဒ့်မှာ ပညာသင်ဆုပေါင်း တစ်ထောင်ကျော်ရှိနေပြီး အဲဒီအထဲမှာ မြန်မာကျောင်းသားတွေကို သီးသန့်ပေးတဲ့ ပညာသင်ဆု တစ်ခုလည်း ရှိနေပါတယ်။
အဲဒီပညာသင်ဆုနဲ့ပဲ ကျွန်တော် အောက်စ်ဖိုဒ့်မှာ ကျောင်းပြီးအောင် တက်ခဲ့တာပါ။
ပညာသင်ဆုစတာ သုံးနှစ်ပဲ ရှိသေးပြီး ကျွန်တော်က ဒီဆုကို ဒုတိယမြောက် လက်ခံရရှိတဲ့ မြန်မာကျောင်းသားပါ။
ဒီပညာသင်ဆုနဲ့ အောက်စ်ဖိုဒ့်ရှိ Blavatnik School of Government (BSG) မှာ MPP ဘာသာရပ်သင်ယူနိုင်ပါတယ်။
ပညာသင်ဆုလျှောက်ပုံ အသေးစိတ်နဲ့ ကိုယ့်ဖက်က ဘာတွေ ပြင်ဆင်ထားဖို့ လိုတယ်ဆိုတာ ကျွန်တော် ဆောင်းပါးတစ်စောင် အသေးစိတ်ရေးထားတာ ရှိပါတယ်။
(ကျွန်တော်အပါအဝင်) နှစ်စဉ် မြန်မာကျောင်းသားတစ်ယောက်ပဲ Blavatnik School of Government က ခေါ်လေ့ရှိပေမဲ့ ဒီနှစ်မှာတော့ သုံးယောက်အထိ တိုးခေါ်ပါတယ်။ MPP ကျောင်းသားနှစ်ယောက်နဲ့ DPhil ကျောင်းသားတစ်ယောက်ပါ။
ဒါက ကျွန်တော့် ဆောင်းပါးကြောင့်တော့ ဆိုင်ချင်မှ ဆိုင်ပါလိမ့်မယ်။
ဒါပေမဲ့ ကျွန်တော် Blavatnik School of Government နဲ့ မြန်မာကျောင်းသားတွေကိုပေးတဲ့ ပညာသင်ဆုအကြောင်း ဖေစ့်ဘွတ်ခ်နဲ့ ဂျာနယ်တွေမှာ ဆောင်းပါးတွေရေးနေတာ အောက်စ်ဖိုဒ့်က ပရော်ဖက်ဆာတွေနဲ့ BSG ကျောင်းဝင်ခွင့်ဌာနကလူတွေ သိပါတယ်။
BSG ကျောင်းအုပ်ကြီးကလည်း အောက်စ်ဖိုဒ့်ရဲ့ MPP ပရိုဂရမ်ကို အရည်အချင်းနဲ့ အလားအလာတကယ်ရှိတဲ့ မြန်မာကျောင်းသားတွေကို မိတ်ဆက်ပေးဖို့ ကျွန်တော့်ကို အသေအချာ မှာပါတယ်။ တောက်မယ့်မီးခဲ တရဲရဲ နောင်တချိန်မှာ ခေါင်းဆောင်ဖြစ်လာမယ့် ပြည်သူလူထုကို အလုပ်အကျွေးပြုချင်တဲ့ public service leaders တွေကို အောက်စ်ဖိုဒ့်တက္ကသိုလ်က ရှာနေတာပါ။
ကျွန်တော်လည်း လက်လှမ်းမှီသလောက် ကျွန်တော့်အသိတွေကို ဒီပညာသင်ဆုအကြောင်းပြောပြပါတယ်။
ကျောင်းလျှောက်ရာသီရောက်လာပြီဆိုတော့ အများသိအောင်လည်း ဖေစ့်ဘွတ်ခ်မှာ ပိုစ့်ထပ်တင်ပါတယ်။
ဒီနှစ်အတွက် MPP ကျောင်းဝင်ခွင့်ပိတ်ရက်က ဇန်နဝါရီ (၁၀) ရက်နေ့ပါ။ အချိန်တစ်လလောက်ကြားထဲမှာ ရှိသေးလို့ ကျောင်းလျှောက်မယ်ဆိုရင်တော့ လျှောက်လို့ မှီပါသေးတယ်။
လျှောက်လည်း လျှောက်စေချင်ပါတယ်။
ကျွန်တော် ရှိနေစဉ် ၂၀၁၈-၁၉ ပညာသင်နှစ်မှာ မြန်မာကျောင်းသား သုံးယောက်ပဲ အောက်စ်ဖိုဒ့်တက္ကသိုလ်မှာ ရှိပါတယ်။ စင်ကာပူကျောင်းသား အယောက် ၃၀၀ နဲ့ ယှဉ်ကြည့်ပါ။ ကျောင်းသားအရေအတွက်မှာတင် ကျွန်တော်တို့ စင်ကာပူနဲ့ အဆ ၁၀၀ နောက်ကျ ကျန်နေခဲ့ပါပြီ။
ဒါပေမဲ့ စိတ်ဓါတ်မကျပါနဲ့။
မြန်မာကျောင်းသားတွေ အောက်စ်ဖိုဒ့်မှာ များလာတဲ့တစ်ရက် (ဒါမှမဟုတ်) ကမ္ဘာ့ထိပ်သီးတက္ကသိုလ်အသီးသီးမှာ မြန်မာကျောင်းသားတွေ ဒီထက်များလာတဲ့တစ်ရက် ကျွန်တော်တို့ စင်ကာပူကို ကျော်ကပါမယ်။
Ref ; နေယံဦး Nay Yan Oo
<zawgyi>
စင်ကာပူကို ကျော်ချင်ရင် အောက်စ်ဖိုဒ့်ကို သွားပါလို့ပြောလာတဲ့ ဦးနေယံဦး
Sunday, December 8 , 2019

Ref ; ေနယံဦး Nay Yan Oo

0 comments:

Post a Comment