မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု ၊ရွှေပြည်တန်လမ်းမကြီးဘေးတွင် ဇန်နဝါရီလ ၂၂ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်က မြက်ရိုင်းတော မီးလောင်မှုဖြစ်ပွားကြောင်းသိရပါတယ်။
မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းကို မသိရပေမယ့် မီးလောင်ကျွမ်းရာသို့ မြိတ်တောင်ကျေးရွာမှ အရံမီးသတ်တပ်ဖွဲ့ဝင်တွေလာရောက်ငြိမ်းသတ်ခဲ့ပါတယ်။
အဆိုပါမီးလောင်ကျွမ်းတဲ့နေရာအနီး ကားလမ်းဘေးမှာ လောင်စာဆီတင်ဆောင်တဲ့ကားကြီးများ လမ်းဘေးတွင်ရပ်နားပြီး တဆင့်ကဲ့ယူခြင်း မကြာခဏ ပြုလုပ်နေတာကြောင့် ရံဖန်ရံခါ လောင်စာဆီများယိုဖိတ်ပြီး လမ်းပေါ်ကျန်ခဲ့တာကြောင့် ဒေသခံများက မီးဘေးအန္တရာယ် နှင့် ယာဥ်မတော်တဆမှုဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။ သို့ပါ၍ သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ပေးနိုင်ရန် ဒေသခံများက လိုလားနေကြပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)
<zawgyi>
မြိတ်တွင် မြက်ရိုင်းတော မီးလောင်မှုဖြစ်ပွား
Wednesday , January 22 , 2020
မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု ၊ရွှေပြည်တန်လမ်းမကြီးဘေးတွင် ဇန်နဝါရီလ ၂၂ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်က မြက်ရိုင်းတော မီးလောင်မှုဖြစ်ပွားကြောင်းသိရပါတယ်။
မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းကို မသိရပေမယ့် မီးလောင်ကျွမ်းရာသို့ မြိတ်တောင်ကျေးရွာမှ အရံမီးသတ်တပ်ဖွဲ့ဝင်တွေလာရောက်ငြိမ်းသတ်ခဲ့ပါတယ်။
အဆိုပါမီးလောင်ကျွမ်းတဲ့နေရာအနီး ကားလမ်းဘေးမှာ လောင်စာဆီတင်ဆောင်တဲ့ကားကြီးများ လမ်းဘေးတွင်ရပ်နားပြီး တဆင့်ကဲ့ယူခြင်း မကြာခဏ ပြုလုပ်နေတာကြောင့် ရံဖန်ရံခါ လောင်စာဆီများယိုဖိတ်ပြီး လမ်းပေါ်ကျန်ခဲ့တာကြောင့် ဒေသခံများက မီးဘေးအန္တရာယ် နှင့် ယာဉ်မတော်တဆမှုဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။ သို့ပါ၍ သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ပေးနိုင်ရန် ဒေသခံများက လိုလားနေကြပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)

0 comments:
Post a Comment