Thursday, January 30, 2020

အခြေခံပညာညွှန်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ် ဆန္ဒပြသည့် ကျောင်းသားများကို သတိပေးရန် ညွှန်ကြား

Image may contain: 4 people, people sitting
ပညာရေးဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ အခမ်းအနား၌ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောစဉ် ဆန္ဒပြသည့်ကျောင်း သားများကို ခေါ်ယူသတိပေးရန် အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက သက်ဆိုင်ရာကျောင်းအုပ်ချုပ် ရေးအဖွဲ့များအား ဇန်နဝါရီ ၂၉ ရက်က ညွှန်ကြားခဲ့သည်။ဆန္ဒပြကျောင်းသားများကို ခေါ်ယူသတိပေးရန် ညွှန်ကြား ထားကြောင်း အခြေခံပညာဦးစီး ဌာနညွှန်ကြားရေးမှူးချုပ်က အတည်ပြုသော်လည်း အရေးယူ ခြင်းမဟုတ်ဘဲ ဆိုရှယ်မီဒီယာတွင် ပုဂ္ဂိုလ်ရေးဝေဖန်မှုကြောင့် အန္တ ရာယ်ရှိမည်စိုး၍ သတိပေးပြော ကြားရန်သာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

နေပြည်တော် MICC-2 ၌ ဇန်နဝါရီ ၂၈ ရက်က ကျင်းပသော ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် ပညာရေးတက္ကသိုလ်နှင့် ပညာရေး ကောလိပ်ကျောင်းသားသမဂ္ဂများ ကို ကိုယ်စားပြုကာ အခမ်းအနားတက်သည့် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးက ဆိုင်းဘုတ် ထောင်ပြီး ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြမှုတွင် ရန်ကုန်ပညာ ရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား(၅) ဦး၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှကျောင်း သား ၂ ဦး၊ ပညာရေးကောလိပ် များမှ ကျောင်းသား ၅ ဦးပါဝင် သည်။ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှကျောင်း သား၊ ကျောင်းသူ ၅ ဦးကိုရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်း အုပ်ချုပ်ရေးအဖွဲ့က ယနေ့နံနက် ပိုင်းတွင် ခေါ်ယူထားသည်ဟု ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအတွင်း ရေးမှူး ကိုအောင်ပြည့်စုံဖြိုးကဆို သည်။
‘‘သူတို့တွေ ဆိုရှယ်မီဒီယာ တွေမှာ ပုဂ္ဂိုလ်ရေးအရတင်မိရင် အန္တရာယ်ရှိမှာစိုးလို့။ သတိပေး ခိုင်းတာမဟုတ်ဘူး။ အဲဒီလိုမျိုး တွေဖြစ်မှာစိုးလို့။ တချို့က ဆို ရှယ်မီဒီယာတွေမှာ ပုဂ္ဂိုလ်ရေး အရ တော်တော်ပြင်းပြင်းထန်ထန် ရေးတာတွေ တွေ့နေရတော့ တ ကယ်လို့ အဲဒါမျိုးတွေလုပ်ရင် ကလေးတွေမှာ အန္တရာယ်ရှိမှာစိုး လို့ အဲဒါလေးကို ပြောပြလိုက်ပါ လို့ ပြောတာ။ သူတို့ကို အရေးယူ တာမဟုတ်ဘူး’’ ဟု ဦးကိုလေးဝင်းက ဆိုသည်။

မတ်လကုန်ထိ အခြေခံ ပညာစာသင်ကာလတိုးခြင်းနှင့် မန္တလေးတက္ကသိုလ်ကျောင်းသား သပိတ်ဖြေရှင်းရန် ကြန့်ကြာနေ သည့် ပညာရေးဝန်ကြီးဌာန၏ စီ မံခန့်ခွဲမှုအလွဲများကို အတိုင်ပင် ခံပုဂ္ဂိုလ်သိစေရန် ဇန်နဝါရီ ၂၈ ရက်က ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒပြမှုတွင် ပါဝင်သည့် ကိုအောင်ပြည့်စုံဖြိုးက ဆိုသည်။
Image may contain: 9 people
>>Zawgyi<<
အခြေခံပညာညွှန်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ် ဆန္ဒပြသည့် ကျောင်းသားများကို သတိပေးရန် ညွှန်ကြား
Thursday ,January 30 , 2020

Ref-7day #Myanmar_Online_News

0 comments:

Post a Comment