Friday, January 31, 2020

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော MV BOUDICCA သီလဝါဆိပ်ကမ်းသို့ဆိုက်ကပ်

Image may contain: one or more people and outdoorImage may contain: one or more people, people standing, people walking and outdoor

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လူ ၁၀၀၀ ကျော် တင်ဆောင်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး MV BOUDICCA သည် Waimar Myanamr သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်လာကြောင်း သိရသည်။

ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန ဦးဆောင်ပြီး Myanmar Voyages International Tourism ကုမ္ပဏီက စီစဉ်ကာ ဗြိတိန်နိုင်ငံအခြေစိုက် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောမှာတော့ ခရီးသည် အယောက် ၆၅၀ ခန့်နဲ့ သင်္ဘောဝန်ထမ်း အယောက် ၃၆၀ ကျော်ကို တင်ဆောင်လာတာဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်္ဘောသည် ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုဆိပ်ကမ်းကို ထွက်ခွာမှာဖြစ်ကြောင်း သိရပြီး သင်္ဘောမှာပါရှိလာတဲ ခရီးသွားဧည့်သည်တွေကတော့ ရန်ကုန်မြို့တွင်း၊ ပဲခူးမြို့နဲ့ သန်လျင်၊ ကျောက်တန်းတို့ကို သွားရောက်လည်ပတ်မှာဖြစ်ကြောင်း သိရသည်။
MV BOUDICCA ကမ္ဘာ့လှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီးသည် ၂၀၁၉ ခုနှစ် နိုင်ဝင်ဘာလကတည်းက ဗြိတိန်နိုင်ငံက ထွက်ခွာခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမဆုံး ဆိုက်ကပ်လာတဲ့ အပျော်စီးသင်္ဘောကြီးလည်းဖြစ်ကြောင်း သိရသည်။
Image may contain: outdoor and water
Image may contain: sky, water and outdoor
Image may contain: one or more people, people standing, people on stage and outdoor
Image may contain: 2 people, people sitting and people standing
Image may contain: one or more people, people standing and outdoor
Image may contain: 6 people, people standing
Image may contain: 1 person, standing and sitting
Source : DVB #Myanmar_Online_News
>>Zawgyi<<
ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော MV BOUDICCA သီလဝါဆိပ်ကမ်းသို့ဆိုက်ကပ်
Friday , January 31 , 2020

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လူ ၁၀၀၀ ကျော် တင်ဆောင်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး MV BOUDICCA သည် Waimar Myanamr သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်လာကြောင်း သိရသည်။
ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန ဦးဆောင်ပြီး Myanmar Voyages International Tourism ကုမ္ပဏီက စီစဉ်ကာ ဗြိတိန်နိုင်ငံအခြေစိုက် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောမှာတော့ ခရီးသည် အယောက် ၆၅၀ ခန့်နဲ့ သင်္ဘောဝန်ထမ်း အယောက် ၃၆၀ ကျော်ကို တင်ဆောင်လာတာဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်္ဘောသည် ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုဆိပ်ကမ်းကို ထွက်ခွာမှာဖြစ်ကြောင်း သိရပြီး သင်္ဘောမှာပါရှိလာတဲ ခရီးသွားဧည့်သည်တွေကတော့ ရန်ကုန်မြို့တွင်း၊ ပဲခူးမြို့နဲ့ သန်လျင်၊ ကျောက်တန်းတို့ကို သွားရောက်လည်ပတ်မှာဖြစ်ကြောင်း သိရသည်။
MV BOUDICCA ကမ္ဘာ့လှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီးသည် ၂၀၁၉ ခုနှစ် နိုင်ဝင်ဘာလကတည်းက ဗြိတိန်နိုင်ငံက ထွက်ခွာခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမဆုံး ဆိုက်ကပ်လာတဲ့ အပျော်စီးသင်္ဘောကြီးလည်းဖြစ်ကြောင်း သိရသည်။
Source : DVB #Myanmar_Online_News

0 comments:

Post a Comment