Friday, January 31, 2020

တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ မြန်မာကျောင်းသားများ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မန္တလေးသို့ ရောက်ရှိမည်

Image may contain: textImage may contain: text

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ပညာသင်ကြားသည့် မြန်မာနိုင်ငံသား ကျောင်းသား/သူများကို မြန်မာအစိုးရမှ ပြန်လည်ခေါ်ယူရန်စီစဉ်ထားပြီး ကျောင်းသား/သူများ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မန္တလေးသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား/သူများကို သွားရောက်ခေါ်ယူမည့် မြန်မာလေယာဉ် UB-807သည် ရန်ကုန်မြို့မှ ဖေဖော်ဝါရီ (၁) ရက် ဒေသစံတော်ချိန်(၁၆ : ဝဝ)၌ စတင်ထွက်ခွာမည်ဖြစ်ပြီး ဝူဟန်မြို့သို့ (၂၂:၄၀)၌ ရောက်ရှိမည်ဖြစ်သည်။
တရုတ်နိုင်ငံ၏ ပြန်လည်ခွင့်ပြုပေးနိုင်သည့် အခြေအနေပေါ်မူတည်၍ ဒေသစံတော်ချိန်(၂၃ : ၂၅)အချိန်တွင် ဝူဟန်မြို့မှ ပြန်လည်ထွက်ခွာရန် စီစဉ်ထားပြီး မန္တလေးမြို့သို့ ဖေဖော်ဝါရီ(၂)ရက် ဒေသစံတော်ချိန်(၁ : ၄၀)၌ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဝူဟန်မြို့ရှိ မြန်မာ ကျောင်းသား/သူများအနေဖြင့် (၁၀)ကီလိုဂရမ်အလေးချိန်ရှိ မိမိနှင့်တစ်ပါတည်း သယ်ဆောင်နိုင်သော ခရီးဆောင်အိပ်များဖြင့်သာ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး ပြင်ဆင်ထားရန် မြန်မာသံရုံး၊ ပေကျင်းက သတင်းထုတ်ပြန်ထားသည်။
Image may contain: airplane and sky
Source : မြန်မာသံရုံး၊ ပေကျင်း #Myanmar_Online_News
>>Zawgyi<<
တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ မြန်မာကျောင်းသားများ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မန္တလေးသို့ ရောက်ရှိမည်
Saturday , February 1 , 2020

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ပညာသင်ကြားသည့် မြန်မာနိုင်ငံသား ကျောင်းသား/သူများကို မြန်မာအစိုးရမှ ပြန် လည်ခေါ်ယူရန်စီစဉ်ထားပြီး ကျောင်းသား/သူများ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မန္တလေးသို့ ပြန်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား/သူများကို သွားရောက်ခေါ်ယူမည့် မြန်မာလေယာဉ် UB-807သည် ရန်ကုန်မြို့မှ ဖေဖော်ဝါရီ (၁) ရက် ဒေသစံတော်ချိန်(၁၆ : ဝဝ)၌ စတင်ထွက်ခွာမည်ဖြစ်ပြီး ဝူဟန်မြို့သို့ (၂၂:၄၀)၌ ရောက်ရှိမည်ဖြစ်သည်။
တရုတ်နိုင်ငံ၏ ပြန်လည်ခွင့်ပြုပေးနိုင်သည့် အခြေအနေပေါ်မူတည်၍ ဒေသစံတော်ချိန်(၂၃ : ၂၅)အချိန်တွင် ဝူဟန်မြို့မှ ပြန်လည်ထွက်ခွာရန် စီစဉ်ထားပြီး မန္တလေးမြို့သို့ ဖေဖော်ဝါရီ(၂)ရက် ဒေသစံတော်ချိန်(၁ : ၄၀)၌ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဝူဟန်မြို့ရှိ မြန်မာ ကျောင်းသား/သူများအနေဖြင့် (၁၀)ကီလိုဂရမ်အလေးချိန်ရှိ မိမိနှင့်တစ်ပါတည်း သယ်ဆောင်နိုင်သော ခရီးဆောင်အိပ်များဖြင့်သာ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး ပြင်ဆင်ထားရန် မြန်မာသံရုံး၊ ပေကျင်းက သတင်းထုတ်ပြန်ထားသည်။
Source : မြန်မာသံရုံး၊ ပေကျင်း #Myanmar_Online_News

0 comments:

Post a Comment