Friday, January 31, 2020

အပူချိန်ပြင်းထန်ကာ လေပြင်းတိုက်လာမှုတွေကြောင့် ထိန်းချုပ်ရန်ခက်ခဲတဲ့တောမီး ပေါ်ပေါက်လာနိုင်ကြောင်း သြစတြေးလျ မြို့တော်ဝန် အရေးပေါ် ကြေညာ

Image may contain: fire and outdoorImage may contain: sky, cloud, tree, outdoor and nature

အပူချိန် ပြင်းထန်လာမှု လေပြင်းတိုက်ခိုက်မှုတွေကြောင့် မီးသတ်သမားတွေ ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ တောမီးအရှိန်မျိုး ပေါ်ပေါက်လာနိုင်တာကြောင့် သြစတြေးလျ တာဝန်ရှိသူတွေဟာ မြို့တော် ကင်ဘာရာနဲ့ ဝန်းကျင်ဒေသတွေကို သောကြာ နေ့(ဇန်နဝါရီ ၃၁) မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ကြပါတယ်။

သီတင်းပတ်ကုန်ပိုင်းလောက်မှာ အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထားရောက်လာတာကြောင့် ၂၀၀၃ ခုနှစ် ပြင်းထန်တဲ့ တောမီးကြီးကြုံခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အရေးပေါ်အခြေအနေကြေညာဖို့ ဆုံးဖြတ် လိုက်ရတာဖြစ်ကြောင်း သြစတြေးလျ မြို့တော်နယ်မြေ (ACT ) ရဲ့ ဝန်ကြီးချုပ် အန်ဒရုးဘား က ပြောဆိုပါတယ်။
ACT ရဲ့ တောင်ပိုင်း၊ ကင်ဘာရာရဲ့ ဝင်ပေါက်နေရာဖြစ်တဲ့ ဒေသမှာ ထိန်းချုပ်မရဖြစ်နေတဲ့ တောမီးပြင် ဟာ စတုရန်းကီလိုမီတာ ၁၈၅ အထိ ကျယ်ပြန့်လာကာ ကုန်းမြေဧရိယာရဲ့ ၈ ရာခိုင်နှုန်းနီးပါးရှိနေကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ အဲဒီတောမီးဟာ ခန့်မှန်းလို့မရတဲ့ အနေအထားနဲ့ ထိန်းချုပ်မရတဲ့ အခြေအနေ ဖြစ်လာဖွယ်ရှိကြောင်း ဘားက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ လွန်ကဲတဲ့ အပူချိန်၊ လေပြင်းနဲ့ မြေမျက်နှာအနေအထား သွေ့ခြောက်ခြင်းတို့လို ဖြစ်စဉ်တွေစုဆုံနေတာက ကင်ဘာရာရဲ့ တောင်ပိုင်း ဆင်ခြေဖုံးအရပ်တွေကို အန္တရာယ်များလာစေတယ်လို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။
ကင်ဘာရာမြို့တော်မှာ သြစတြေးလျရဲ့ ဖက်ဒရယ် ပါလီမန်တည်ရှိနေသလို၊ အစိုးရနဲ့ လွတ်လပ်တဲ့ ဌာနဆိုင်ရာရုံးများစွာလည်း အခြေစိုက်ထားပြီး အမျိုးသား ပြတိုက်တွေလည်း ရှိနေတဲ့ နေရာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်က ကင်ဘာရာ တောမီးကြီးအတွင်း လူ ၄ ဦး သေဆုံးခဲ့ကာ နေအိမ်အဆောက်အအုံ ၅၀၀ ခန့် မီးဝါးမြို ခံခဲ့ရပါတယ်။
သောကြာနေ့က ထုတ်ပြန်လိုက်တဲ့ အရေးပေါ်အခြေအနေဟာ နောက်ထပ် ၇၂ နာရီကြာ သက်ရောက်မှာဖြစ်ပြီး ဒေသခံတွေ နေရပ်ရွှေ့ပြောင်းဖို့၊ လမ်းတွေကို ပိတ်ထားဖို့နဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ပစ္စည်း တွေကို ထိန်းချုပ်ထားဖို့ အာဏာပိုင်တွေကို အခွင့်အာဏာ ပေးအပ်မှာဖြစ်ပါတယ်။
Ref : Reuters
<zawgyi>
အပူချိန်ပြင်းထန်ကာ လေပြင်းတိုက်လာမှုတွေကြောင့် ထိန်းချုပ်ရန်ခက်ခဲတဲ့တောမီး ပေါ်ပေါက်လာနိုင်ကြောင်း သြစတြေးလျ မြို့တော်ဝန် အရေးပေါ် ကြေညာ
Friday , January 31 , 2020

အပူချိန် ပြင်းထန်လာမှု လေပြင်းတိုက်ခိုက်မှုတွေကြောင့် မီးသတ်သမားတွေ ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ တောမီးအရှိန်မျိုး ပေါ်ပေါက်လာနိုင်တာကြောင့် သြစတြေးလျ တာဝန်ရှိသူတွေဟာ မြို့တော် ကင်ဘာရာနဲ့ ဝန်းကျင်ဒေသတွေကို သောကြာ နေ့(ဇန်နဝါရီ ၃၁) မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ကြပါတယ်။
သီတင်းပတ်ကုန်ပိုင်းလောက်မှာ အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထားရောက်လာတာကြောင့် ၂၀၀၃ ခုနှစ် ပြင်းထန်တဲ့ တောမီးကြီးကြုံခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အရေးပေါ်အခြေအနေကြေညာဖို့ ဆုံးဖြတ် လိုက်ရတာဖြစ်ကြောင်း သြစတြေးလျ မြို့တော်နယ်မြေ (ACT ) ရဲ့ ဝန်ကြီးချုပ် အန်ဒရုးဘား က ပြောဆိုပါတယ်။
ACT ရဲ့ တောင်ပိုင်း၊ ကင်ဘာရာရဲ့ ဝင်ပေါက်နေရာဖြစ်တဲ့ ဒေသမှာ ထိန်းချုပ်မရဖြစ်နေတဲ့ တောမီးပြင် ဟာ စတုရန်းကီလိုမီတာ ၁၈၅ အထိ ကျယ်ပြန့်လာကာ ကုန်းမြေဧရိယာရဲ့ ၈ ရာခိုင်နှုန်းနီးပါးရှိနေကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ အဲဒီတောမီးဟာ ခန့်မှန်းလို့မရတဲ့ အနေအထားနဲ့ ထိန်းချုပ်မရတဲ့ အခြေအနေ ဖြစ်လာဖွယ်ရှိကြောင်း ဘားက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ လွန်ကဲတဲ့ အပူချိန်၊ လေပြင်းနဲ့ မြေမျက်နှာအနေအထား သွေ့ခြောက်ခြင်းတို့လို ဖြစ်စဉ်တွေစုဆုံနေတာက ကင်ဘာရာရဲ့ တောင်ပိုင်း ဆင်ခြေဖုံးအရပ်တွေကို အန္တရာယ်များလာစေတယ်လို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။
ကင်ဘာရာမြို့တော်မှာ သြစတြေးလျရဲ့ ဖက်ဒရယ် ပါလီမန်တည်ရှိနေသလို၊ အစိုးရနဲ့ လွတ်လပ်တဲ့ ဌာနဆိုင်ရာရုံးများစွာလည်း အခြေစိုက်ထားပြီး အမျိုးသား ပြတိုက်တွေလည်း ရှိနေတဲ့ နေရာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်က ကင်ဘာရာ တောမီးကြီးအတွင်း လူ ၄ ဦး သေဆုံးခဲ့ကာ နေအိမ်အဆောက်အအုံ ၅၀၀ ခန့် မီးဝါးမြို ခံခဲ့ရပါတယ်။
သောကြာနေ့က ထုတ်ပြန်လိုက်တဲ့ အရေးပေါ်အခြေအနေဟာ နောက်ထပ် ၇၂ နာရီကြာ သက်ရောက်မှာဖြစ်ပြီး ဒေသခံတွေ နေရပ်ရွှေ့ပြောင်းဖို့၊ လမ်းတွေကို ပိတ်ထားဖို့နဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ပစ္စည်း တွေကို ထိန်းချုပ်ထားဖို့ အာဏာပိုင်တွေကို အခွင့်အာဏာ ပေးအပ်မှာဖြစ်ပါတယ်။
Ref : Reuters

0 comments:

Post a Comment