Wednesday, January 29, 2020

ရန်ကုန်တွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ၂၀ ခု ခွင့်ပြုချက်၌ တရုတ်ရင်းနှီးမြုပ်နှံမှု ၁၃ ခု ပါဝင်နေ

Image may contain: house and outdoor
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီ၏ ၁/၂၀၂၀ အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီးတွင် တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအပါအဝင် လုပ်ငန်းစုစုပေါင်း ၂၀ ခု ဝင်ရောက်လုပ်ကိုင်ရန်အတည်ပြုခဲ့ကြောင်း ဇန်နဝါရီ ၂၈ ရက်တွင်ထုတ်ပြန်ခဲ့သည်။
အဆိုပါ လုပ်ငန်းများထဲတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၁၇ ခု ပါဝင်ပြီး ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု ၂ ခု၊ ဖက်စပ်နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁ ခု တို့ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထိုပြင် ရာခိုင်နှုန်းပြည့်နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများသည် ယခုနှစ် ဇန်နဝါရီလအတွင်း ပထမဆုံးအတည်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများဖြစ်ပြီး တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁၃ ခု နှင့် ကိုရီးယားရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁ ခု ပါဝင်ကြောင်း ယင်းကော်မတီထံမှ သိရသည်။
၎င်း တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများမှာ CMP စနစ်ဖြင့်အိတ်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ အဝတ်အထည်ချုပ်လုပ်ငန်း၊ သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ အင်းစိန်၊ ထန်းတပင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် တည်ရှိသည်။ထိုအတည်ပြုခဲ့သည့်လုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း ၁၀၈၂၃ ခုကိုဖန်တီးပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီထံမှ သိရသည်။
Ref- The voice #Myanmar_Online_News
>>Zawgyi<<
ရန်ကုန်တွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ၂၀ ခု ခွင့်ပြုချက်၌ တရုတ်ရင်းနှီးမြုပ်နှံမှု ၁၃ ခု ပါဝင်နေ
Thursday ,January 30 , 2020
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီ၏ ၁/၂၀၂၀ အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီးတွင် တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအပါအဝင် လုပ်ငန်းစုစုပေါင်း ၂၀ ခု ဝင်ရောက်လုပ်ကိုင်ရန်အတည်ပြုခဲ့ကြောင်း ဇန်နဝါရီ ၂၈ ရက်တွင်ထုတ်ပြန်ခဲ့သည်။
အဆိုပါ လုပ်ငန်းများထဲတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၁၇ ခု ပါဝင်ပြီး ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု ၂ ခု၊ ဖက်စပ်နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁ ခု တို့ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထိုပြင် ရာခိုင်နှုန်းပြည့်နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများသည် ယခုနှစ် ဇန်နဝါရီလအတွင်း ပထမဆုံးအတည်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများဖြစ်ပြီး တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁၃ ခု နှင့် ကိုရီးယားရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁ ခု ပါဝင်ကြောင်း ယင်းကော်မတီထံမှ သိရသည်။
၎င်း တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများမှာ CMP စနစ်ဖြင့်အိတ်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ အဝတ်အထည်ချုပ်လုပ်ငန်း၊ သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ အင်းစိန်၊ ထန်းတပင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် တည်ရှိသည်။ထိုအတည်ပြုခဲ့သည့်လုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း ၁၀၈၂၃ ခုကိုဖန်တီးပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီထံမှ သိရသည်။
Ref- The voice #Myanmar_Online_News

0 comments:

Post a Comment