Thursday, January 30, 2020

ဝူဟန်ကပြန်လာမည့် ကိုရီးယားနိုင်ငံသားများကို ခြေချုပ်ထားမည့်နေရာအား ဒေသခံများ ဆန္ဒပြ

Image may contain: one or more people, people standing, crowd and outdoor
တရုတ်နိုင်ငံတွင်း ဗိုင်းရပ်စ် စတင်ကူးစက်တဲ့ဝူဟန်မြို့မှာရှိနေတဲ့ တောင်ကိုရီးယားနိုင်ငံသား အယောက် ၇၀၀ ထဲက ပထမအသုတ်ကို ပြန်ခေါ်ဖို့ တောင်ကိုရီးယားနိုင်ငံက ပြင်ဆင်နေပါတယ်။
၎င်းတို့ရောက်ရှိလာပါက ပြည်သူ့ဝန်ထမ်း သင်တန်းကျောင်းထဲမှာ ရောဂါခြေချုပ်နဲ့ ထားဖို့ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းက အဆိုပြု ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အတွက် ရောဂါခြေချုပ်နဲ့ ထားမယ့် နေရာကြောင့် ဆန္ဒပြနေတဲ့ ဒေသခံတွေကို တည်တည်ငြိမ်ငြိမ်နေကြဖို့ ဇန်နဝါရီ ၃၀က တိုက်တွန်းလိုက်ပါတယ်။
သူတို့မှာ ရောဂါလက္ခဏာတွေ မပြတာ သေချာစေရေး အနည်းဆုံး အချိန် ၂ ပတ်ယူပြီး တခြားလူတွေနဲ့ မတွေ့ထိရအောင် စောင့်ကြည့်ထားမှာပါလို့ ဆိုပါတယ်။

ဒါပေမယ့် ကြာသပတေးမနက်မှာ တောင်ကိုရီးယားကနေ ထွက်ခွာဖို့ စီစဉ်ထားတဲ့ ပထမဆုံး လေကြောင်းခရီးစဉ် နှောင့်နှေး ခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြော ပါတယ်။
ကနဦး ကယ်ထုတ်လာတဲ့လူတွေဟာ ရောဂါလက္ခဏာမပြတဲ့ လူတွေချည့်သာဖြစ်ပြီး သူတို့ကို သီးခြားခွဲထားမှာလို့လည်း မွန်းက ဒေသခံတွေကို အာမခံ ပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယားပြည်သူ ငါးသိန်းကျော်ကလည်း တရုတ်နိုင်ငံကလာတဲ့ ခရီးသည်တွေကို တားမြစ်ပိတ်ပင်ရေး ဆော်သြထားတဲ့ မေတ္တာရပ်ခံစာကို လက်မှတ်ထိုးခဲ့ကြပါတယ်။
တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံ လူနာ ၄ ယောက်ရှိတယ်လို့ အတည်ပြု ထားပြီး နောက်ထပ်ကူးစက်မှာ စိုးရိမ်နေကြလို့ အင်္ဂါနေ့က ပြည်သူ ငါးသိန်းလေးသောင်း ကျော်ဆီက လက်မှတ်တွေကိုစုဆောင်းပြီး သမ္မတ အိမ်ပြာတော်ဆီ တင်သွင်းခဲ့တာပါ။လမ်းသွားလမ်းလာ ပြည်သူအများအပြားကလည်း ခွဲစိတ်ခန်းသုံး မျက်နှာဖုံးတွေကို ဝတ်ဆင်ထားပါတယ်။
ဒေသခံတယောက်ကတော့ ဗိုင်းရပ်စ် ကူးစက်မှာကို စိုးရိမ်သလို တရုတ်က လာတဲ့ ခရီးသည်တွေကို လုံးဝပိတ်ပင် တားမြစ်လိုက်ရင် နိုင်ငံရေးစီးပွားရေး ထိခိုက်မှာ စိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။ဒီအရေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ နီးနီးကပ်ကပ် ဆွေးနွေး အကြံယူပြီး ကိုင်တွယ်သင့်တယ်လို့ တောင်ကိုရီးယားသမ္မတ အိမ်ပြာတော် ပြောခွင့်ရက ပြောပါတယ်။
Image may contain: 1 person, suit and stripes
>>Zawgyi<<
ဝူဟန်ကပြန်လာမည့် ကိုရီးယားနိုင်ငံသားများကို ခြေချုပ်ထားမည့်နေရာအား ဒေသခံများ ဆန္ဒပြ
Thursday ,January 30 , 2020
တရုတ်နိုင်ငံတွင်း ဗိုင်းရပ်စ် စတင်ကူးစက်တဲ့ဝူဟန်မြို့မှာ ရှိနေတဲ့ တောင်ကိုရီးယားနိုင်ငံသား အယောက် ၇၀၀ ထဲက ပထမအသုတ်ကို ပြန်ခေါ်ဖို့ တောင်ကိုရီးယားနိုင်ငံက ပြင်ဆင်နေပါတယ်။
၎င်းတို့ရောက်ရှိလာပါက ပြည်သူ့ဝန်ထမ်း သင်တန်းကျောင်းထဲမှာ ရောဂါခြေချုပ်နဲ့ ထားဖို့ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းက အဆိုပြု ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အတွက် ရောဂါခြေချုပ်နဲ့ ထားမယ့် နေရာကြောင့် ဆန္ဒပြနေတဲ့ ဒေသခံတွေကို တည်တည်ငြိမ်ငြိမ်နေကြဖို့ ဇန်နဝါရီ ၃၀က တိုက်တွန်းလိုက်ပါတယ်။
သူတို့မှာ ရောဂါလက္ခဏာတွေ မပြတာ သေချာစေရေး အနည်းဆုံး အချိန် ၂ ပတ်ယူပြီး တခြားလူတွေနဲ့ မတွေ့ထိရအောင် စောင့်ကြည့်ထားမှာပါလို့ ဆိုပါတယ်။

ဒါပေမယ့် ကြာသပတေးမနက်မှာ တောင်ကိုရီးယားကနေ ထွက်ခွာဖို့ စီစဉ်ထားတဲ့ ပထမဆုံး လေကြောင်းခရီးစဉ် နှောင့်နှေး ခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြော ပါတယ်။
ကနဦး ကယ်ထုတ်လာတဲ့လူတွေဟာ ရောဂါလက္ခဏာမပြတဲ့ လူတွေချည့်သာဖြစ်ပြီး သူတို့ကို သီးခြားခွဲထားမှာလို့လည်း မွန်းက ဒေသခံတွေကို အာမခံ ပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယားပြည်သူ ငါးသိန်းကျော်ကလည်း တရုတ်နိုင်ငံကလာတဲ့ ခရီးသည်တွေကို တားမြစ်ပိတ်ပင်ရေး ဆော်သြထားတဲ့ မေတ္တာရပ်ခံစာကို လက်မှတ်ထိုးခဲ့ကြပါတယ်။
တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံ လူနာ ၄ ယောက်ရှိတယ်လို့ အတည်ပြု ထားပြီး နောက်ထပ်ကူးစက်မှာ စိုးရိမ်နေကြလို့ အင်္ဂါနေ့က ပြည်သူ ငါးသိန်းလေးသောင်း ကျော်ဆီက လက်မှတ်တွေကိုစုဆောင်းပြီး သမ္မတ အိမ်ပြာတော်ဆီ တင်သွင်းခဲ့တာပါ။လမ်းသွားလမ်းလာ ပြည်သူအများအပြားကလည်း ခွဲစိတ်ခန်းသုံး မျက်နှာဖုံးတွေကို ဝတ်ဆင်ထားပါတယ်။
ဒေသခံတယောက်ကတော့ ဗိုင်းရပ်စ် ကူးစက်မှာကို စိုးရိမ်သလို တရုတ်က လာတဲ့ ခရီးသည်တွေကို လုံးဝပိတ်ပင် တားမြစ်လိုက်ရင် နိုင်ငံရေးစီးပွားရေး ထိခိုက်မှာ စိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။ဒီအရေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ နီးနီးကပ်ကပ် ဆွေးနွေး အကြံယူပြီး ကိုင်တွယ်သင့်တယ်လို့ တောင်ကိုရီးယားသမ္မတ အိမ်ပြာတော် ပြောခွင့်ရက ပြောပါတယ်။
Ref-dvb #Myanmar_Online_News

0 comments:

Post a Comment