Friday, January 31, 2020

အမေရိကန်အနေဖြင့် မြန်မာကို ပြည်ဝင်ခွင့်ပိတ်လိုက်သော်လည်း အခြေမစိုက်ဗီဇာနဲ့ မသက်ဆိုင်

မြန်မာနိုင်ငံသားတွေကို အမေရိကန်ရွှေ့ပြောင်းအခြေစိုက်ပြည်ဝင်ခွင့်ဗီဇာနဲ့ ဒီဗီဗီဇာကို ဖေဖော်ဝါရီ(၂၁) ရက်ကစပြီး ထုတ်ပေးတော့မှာမဟုတ်ဘူးလို့ အမေရိကန်သံရုံးက ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်သည်။

ယခုလို ပိတ်ပင်လိုက်တာဟာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ(၆)နိုင်ငံက နိုင်ငံသားတွေကို ကန့်သတ်လိုက်တာ ဖြစ်ပြီး ကျောင်းတက်ဖို့၊ အလည်အပတ်သွားဖို့၊ စီးပွားရေးကိစ္စသွားဖို့အပါအဝင် မြန်မာနိုင်ငံသားတွေအပေါ် အခြေမစိုက်ဗီဇာထုတ်ပေးတာနဲ့ မသက်ဆိုင်ဘူးလို့လည်း ထုတ်ပြန်ထားသည်။
ဒါ့အပြင် တစ်ဦးတစ်ယောက်ချင်းရဲ့ အကြောင်းကိစ္စပေါ်မူတည်ပြီး အကန့်အသတ်နဲ့ ခြွင်းချက်အနေနဲ့ ဖြေ လျှော့ပေးတာတွေလည်းရှိနိုင်သလို လျှောက်ထားသူဟာ ရွှေ့ပြောင်းအခြေစိုက်ပြည်ဝင်ခွင့်ဗီဇာ ဒါမှမဟုတ် ဒီဗီဗီဇာအတွက် အရည်အချင်းပြည့်မီပေမယ့် ခြွင်းချက်ရှိ၊ မရှိ ဒါမှမဟုတ် ကြေညာချက်အရပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးဖို့ ဖြေလျှော့ပေးနိုင်တာရှိ၊ မရှိ ဆိုတာကို ကောင်စစ်ဝန်က ဆုံးဖြတ်မှာဖြစ်တယ်လို့ သိရသည်။
အခုကြေညာချက်အရ ပြည်ဝင်ခွင့်ဗီဇာရရှိထားသူတွေကိုလည်း ပြည်ဝင်ခွင့်ဗီဇာပြန်လည်ရုပ်သိမ်းတာပြု လုပ်မှာမဟုတ်သလို တရားဝင်အမြဲတမ်းနေထိုင်ခွင့်ကတ် ကိုင်ဆောင်ထားသူတွေအပေါ်မှာလည်း သက် ရောက်မှာမဟုတ်ကြောင်း နှင့်
ကန့်သတ်ချက်အသစ်တွေနဲ့ ညှိစွန်းနေတဲ့သူတွေဟာ ဗီဇာကိုဘယ်အချန်က ထုတ် ပေးထားတာ ဖြစ်စေ တရားဝင်ပြည်ဝင်ခွင့်ဗီဇာ ဒါမှမဟုတ် တရားဝင်ခရီးသွားစာရွက်၊ စာ တမ်း လက်ဝယ်ရရှိပြီးသူတွေကို တော့ ပြည်ဝင်ခွင့်ပြုမယ်လို့လည်း သိရပါသည်။

Source ; O Media #Myanmar_Online_News
>>Zawgyi<<
အမေရိကန်အနေဖြင့် မြန်မာကို ပြည်ဝင်ခွင့်ပိတ်လိုက်သော်လည်း အခြေမစိုက်ဗီဇာနဲ့ မသက်ဆိုင်
Saturday , February 1 , 2020

0 comments:

Post a Comment