Friday, January 31, 2020

အမေရိကန်သမ္မတ ထရမ့်ကို ရာထူးက ဖယ်ရှားသင့်/မသင့်ကို ဖေဖော်ဝါရီ ၅ ရက်မှာ ဆီးနိတ်လွှတ်တော်တွင် ဆုံးဖြတ်မည်

Image may contain: one or more people

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ရာထူးက ဖယ်ရှားသင့်/မသင့်ကို ဆီးနိတ်လွှတ်တော်တွင် စီရင်ချက်ချမှာ ဖြစ်ကြောင်း သိရသည်။

သမ္မတ ထရမ့်ကို အပြစ်ရှိကြောင်း စွဲဆိုချက်အပေါ် ဆီးနိတ်မှာ သီတင်းနှစ်ပတ်ကြာ စစ်ဆေးကြားနာမှုမှာ သက်သေအထောက်အထားသစ်တွေ ရှိတယ်ဆိုပြီး ဒီမိုကရက်တစ်ပါတီက မျက်မြင်သက်သေထွက်ဆိုသူ ထပ်မံတင် သွင်းတာကို ဆီးနိတ်က မဲခွဲပယ်ချအပြီးမှာ စီရင်ချက်ချဖို့ကို ဆုံးဖြတ်လိုက်တာဖြစ်သည်။
သမ္မတ ထရမ့်ကို ရာထူးအာဏာ အလွဲသုံးစားမှုနဲ့ လွှတ်တော်ကို စွက်ဖက်ခြယ်လှယ်မှုတွေအတွက် ဒီမိုကရက်တစ်တွေ ကြီးစိုးရာ အောက်လွှတ်တော်မှာ မဲခွဲအတည်ပြုပြီး အပြစ်ရှိကြောင်း စွဲချက်တင်လာတာကို ရီပတ်ဘရီကန် ကြီးစိုးရာ ဆီးနိတ်လွှတ်တော်မှာ တရားစီရင်ကြားနာခဲ့တာ ဖြစ်ပြီး အမှန်တကယ် အပြစ်ရှိကြောင်း စီရင်ချက် ချခံရပါက ထရမ့်အနေနဲ့ ရာထူးက ဖယ်ရှားခံရမှာ ဖြစ်ပေမယ့် ဆီးနိတ်မှာက ထရမ့်ရဲ့ ရီပတ်ဘရီကန်ပါတီက ကြီးစိုးထားတာ ဖြစ်သည်။
သမ္မတ ထရမ့်ဟာ ၎င်းရဲ့ နိုင်ငံရေးပြိုင်ဖက်ကို အကျင့်ပျက်ခြစားမှုနဲ့ ကြေညာနိုင်ဖို့ ယူကရိန်းနိုင်ငံကို ဖိအားပေးခဲ့တယ်လို့ စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။
ထရမ့်ဟာ ယူကရိန်းကို ထောက်ပံ့တဲ့ စစ်ရေးအကူအညီတွေကို လက်ကိုင်တုတ်လုပ်ပြီး ပြိုင်ဖက် ဂျိုးဘိုင်ဒင်ရဲ့ ယူကရိန်းက စီးပွားရေးလုပ်ငန်းတွေမှာ အကျင့်ပျက်ခြစားမှု ရှိတယ်ဆိုတာကို စုံစမ်းစစ်ဆေးပေးဖို့ ရာထူးအာဏာကို အလွဲသုံးစားလုပ်ကာ ဖိအားပေးခဲ့တယ်လို့ စွဲဆိုခံထားရတာ ဖြစ်သည်။

Ref : Mizzima #Myanmar_Online_News
>>Zawgyi<<
အမေရိကန် သမ္မတ ထရမ့်ကို ရာထူးက ဖယ်ရှားသင့်/မသင့်ကို ဖေဖော်ဝါရီ ၅ ရက်မှာ ဆီးနိတ်လွှတ်တော်တွင် ဆုံးဖြတ်မည်
Saturday , February 1 , 2020

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ရာထူးက ဖယ်ရှားသင့်/မသင့်ကို ဆီးနိတ်လွှတ်တော်တွင် စီရင်ချက်ချမှာ ဖြစ်ကြောင်း သိရသည်။
သမ္မတ ထရမ့်ကို အပြစ်ရှိကြောင်း စွဲဆိုချက်အပေါ် ဆီးနိတ်မှာ သီတင်းနှစ်ပတ်ကြာ စစ်ဆေးကြားနာမှုမှာ သက်သေအထောက်အထားသစ်တွေ ရှိတယ်ဆိုပြီး ဒီမိုကရက်တစ်ပါတီက မျက်မြင်သက်သေထွက်ဆိုသူ ထပ်မံတင် သွင်းတာကို ဆီးနိတ်က မဲခွဲပယ်ချအပြီးမှာ စီရင်ချက်ချဖို့ကို ဆုံးဖြတ်လိုက်တာဖြစ်သည်။
သမ္မတ ထရမ့်ကို ရာထူးအာဏာ အလွဲသုံးစားမှုနဲ့ လွှတ်တော်ကို စွက်ဖက်ခြယ်လှယ်မှုတွေအတွက် ဒီမိုကရက်တစ်တွေ ကြီးစိုးရာ အောက်လွှတ်တော်မှာ မဲခွဲအတည်ပြုပြီး အပြစ်ရှိကြောင်း စွဲချက်တင်လာတာကို ရီပတ်ဘရီကန် ကြီးစိုးရာ ဆီးနိတ်လွှတ်တော်မှာ တရားစီရင်ကြားနာခဲ့တာ ဖြစ်ပြီး အမှန်တကယ် အပြစ်ရှိကြောင်း စီရင်ချက် ချခံရပါက ထရမ့်အနေနဲ့ ရာထူးက ဖယ်ရှားခံရမှာ ဖြစ်ပေမယ့် ဆီးနိတ်မှာက ထရမ့်ရဲ့ ရီပတ်ဘရီကန်ပါတီက ကြီးစိုးထားတာ ဖြစ်သည်။
သမ္မတ ထရမ့်ဟာ ၎င်းရဲ့ နိုင်ငံရေးပြိုင်ဖက်ကို အကျင့်ပျက်ခြစားမှုနဲ့ ကြေညာနိုင်ဖို့ ယူကရိန်းနိုင်ငံကို ဖိအားပေးခဲ့တယ်လို့ စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။
ထရမ့်ဟာ ယူကရိန်းကို ထောက်ပံ့တဲ့ စစ်ရေးအကူအညီတွေကို လက်ကိုင်တုတ်လုပ်ပြီး ပြိုင်ဖက် ဂျိုးဘိုင်ဒင်ရဲ့ ယူကရိန်းက စီးပွားရေးလုပ်ငန်းတွေမှာ အကျင့်ပျက်ခြစားမှု ရှိတယ်ဆိုတာကို စုံစမ်းစစ်ဆေးပေးဖို့ ရာထူးအာဏာကို အလွဲသုံးစားလုပ်ကာ ဖိအားပေးခဲ့တယ်လို့ စွဲဆိုခံထားရတာ ဖြစ်သည်။
Ref : Mizzima #Myanmar_Online_News

0 comments:

Post a Comment