Thursday, January 30, 2020

အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဝန်းကျင်ခန့် ရန်ကုန်တိုင်းအစိုးရ ချေးငွေ ချေးယူထားဟုဆို

Image may contain: one or more people and people sitting
ရန်ကုန်တိုင်းအစိုးရ၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဝန်းကျင်ရှိနေပြီး တိုင်းဒေသကြီးအစိုးရများထဲတွင် ဘတ်ဂျက်သုံးစွဲမှုအများဆုံး အဖြစ်မြင်မိကြောင်း၊ မန္တလေးတိုင်း ဒေသကြီးအစိုးရနှင့် နှိုင်းယှဉ်ကြည့်ပါက ချေးငွေယူထားသည့် ပမာဏသည် အမေရိကန် ဒေါ်လာ သန်း ၁၀၀ ခန့်သာရှိပြီး ပြည်သူများ လိုအပ်ချက် အဆင်ပြေနေကြသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောကြား လိုက်သည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတပေးပို့ထားသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ပိုလန်နိုင်ငံအစိုးရထံမှ ODA ချေးငွေယူရိုသန်း ၅၀ ရယူရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ယင်းသို့နှိုင်းယှဉ် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်တိုင်းအစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ သန်း၆၀၀ နီးပါး ယခုချေးငွေ ပါဆိုလျှင် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် သွားမှာဖြစ်ပါတယ်။ သူက ပြန်ဆပ်နိုင်တယ် ဆိုပေမယ့် သူ့တိုင်းဒေသကြီး တစ်ခုတည်း ချေးငွေတွေ များနေလားလို့ စဉ်းစားသင့်ပါတယ်။ တိုင်းဒေသကြီး အစိုးရတွေအနေနဲ့လည်း ဘတ်ဂျက် သုံးစွဲတာအများဆုံး လို့ မြင်မိပါတယ်” ဟု ဦးစိုးသိန်းက ပြောသည်။
ထို့အတူ ချေးငွေများထဲမှ မည်မျှ အကောင်အထည် ဖော်ပြီးသည်ကို ဆန်းစစ်ရန် လိုကြောင်း၊ စာရင်းစစ်ချုပ် အစီရင်ခံစာကို ပွင့်လင်းမြင်သာစွာ လက်ခံဖြေရှင်း နေသလားနှင့် မြို့တော်စည်ပင်သည်လည်း အရှုံးပေါ်နေသည်ဟု သိရကြောင်း ဦးစိုးသိန်းကပြောကြားခဲ့သည်။
“သူနဲ့လူဦးရေ မတိမ်းမယိမ်းရှိတဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရ နဲ့ နှိုင်းယှဉ်ကြည့်ရင် ချေးငွေယူထားတဲ့ ပမာဏက အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက်ပဲရှိတယ်။ ပြည်သူတွေ လိုအပ်ချက်အဆင်ပြေကြတယ် တိုးတက်သန့်ရှင်းနေတယ်။ စာရင်း စစ်ချုပ် အစီရင်ခံစာ ပြဿနာမကြားရဘူး ဒါလဲ စဉ်းစားသင့်ပါတယ်။ လုပ်ချင် တာတွေ အများကြီးထဲက လုပ်နိုင်တာရွေးပြီး ရလာဒ်ရအောင် အကောင်အထည် ဖော်ပေး သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်” ဟုလည်း ဦးစိုးသိန်းက ဆက်လက်ပြောကြားခဲ့သည်။
Image may contain: sky, skyscraper and outdoor
Ref- The Ladies News #Myanmae_Online_News
>>Zawgyi<<
အမေရိကန်ဒေါ်လာ သန်း၆၀၀ ဝန်းကျင်ခန့် ရန်ကုန်တိုင်းအစိုးရ ချေးငွေ ချေးယူထားဟုဆို
Thursday ,January 30 , 2020
ရန်ကုန်တိုင်းအစိုးရ၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဝန်းကျင်ရှိနေပြီး တိုင်းဒေသကြီးအစိုးရများထဲတွင် ဘတ်ဂျက်သုံးစွဲမှုအများဆုံး အဖြစ်မြင်မိကြောင်း၊ မန္တလေးတိုင်း ဒေသကြီးအစိုးရနှင့် နှိုင်းယှဉ်ကြည့်ပါက ချေးငွေယူထားသည့် ပမာဏသည် အမေရိကန် ဒေါ်လာ သန်း ၁၀၀ ခန့်သာရှိပြီး ပြည်သူများ လိုအပ်ချက် အဆင်ပြေနေကြသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောကြား လိုက်သည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတပေးပို့ထားသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ပိုလန်နိုင်ငံအစိုးရထံမှ ODA ချေးငွေယူရိုသန်း ၅၀ ရယူရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ယင်းသို့နှိုင်းယှဉ် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်တိုင်းအစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ သန်း၆၀၀ နီးပါး ယခုချေးငွေ ပါဆိုလျှင် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် သွားမှာဖြစ်ပါတယ်။ သူက ပြန်ဆပ်နိုင်တယ် ဆိုပေမယ့် သူ့တိုင်းဒေသကြီး တစ်ခုတည်း ချေးငွေတွေ များနေလားလို့ စဉ်းစားသင့်ပါတယ်။ တိုင်းဒေသကြီး အစိုးရတွေအနေနဲ့လည်း ဘတ်ဂျက် သုံးစွဲတာအများဆုံး လို့ မြင်မိပါတယ်” ဟု ဦးစိုးသိန်းက ပြောသည်။
ထို့အတူ ချေးငွေများထဲမှ မည်မျှ အကောင်အထည် ဖော်ပြီးသည်ကို ဆန်းစစ်ရန် လိုကြောင်း၊ စာရင်းစစ်ချုပ် အစီရင်ခံစာကို ပွင့်လင်းမြင်သာစွာ လက်ခံဖြေရှင်း နေသလားနှင့် မြို့တော်စည်ပင်သည်လည်း အရှုံးပေါ်နေသည်ဟု သိရကြောင်း ဦးစိုးသိန်းကပြောကြားခဲ့သည်။
“သူနဲ့လူဦးရေ မတိမ်းမယိမ်းရှိတဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရ နဲ့ နှိုင်းယှဉ်ကြည့်ရင် ချေးငွေယူထားတဲ့ ပမာဏက အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက်ပဲရှိတယ်။ ပြည်သူတွေ လိုအပ်ချက်အဆင်ပြေကြတယ် တိုးတက်သန့်ရှင်းနေတယ်။ စာရင်း စစ်ချုပ် အစီရင်ခံစာ ပြဿနာမကြားရဘူး ဒါလဲ စဉ်းစားသင့်ပါတယ်။ လုပ်ချင် တာတွေ အများကြီးထဲက လုပ်နိုင်တာရွေးပြီး ရလာဒ်ရအောင် အကောင်အထည် ဖော်ပေး သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်” ဟုလည်း ဦးစိုးသိန်းက ဆက်လက်ပြောကြား ခဲ့သည်။
Ref- The Ladies News #Myanmae_Online_News

0 comments:

Post a Comment