Friday, January 31, 2020

အလှူရှင်များ၏ကုသိုလ်ဖြင့် ဧရာဝတီမေတ္တာရေသည် သီတဂူရေအလှူတော်စီမံကိန်းဖြင့် စစ်ကိုင်းတောင်ပေါ်သို့ စီးဆင်းပြီ

Image may contain: 4 people, people standing

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် သီတဂူရေအလှူတော်စီမံကိန်း အနာဂတ်အတွက် အရှည်တည်တံ့စေခြင်းအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများထဲမှ တစ်ခုဖြစ်သော သီတဂူရေစက်ရုံအမှတ်-၁ ဖြစ်သည့် ထုံးဘိုစက်ရုံသို့ ကြွရောက်ကာ စက်ရုံအသစ်တည်ဆောက်ပြီး ရေတင်မော်တာကြီးများ တပ်ဆင်သည့် လုပ်ငန်းဆောင်ရွက်ခြင်း ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးတော်မူပါသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးနှင့် ကမ္ဘာအရပ်ရပ်မှ သီတဂူရေအလှူတော် အရှည်တည်တံ့နိုင်စေရန် သီတဂူဆရာတော်ကြီး၏ ဆန္ဒတော်နှင့် ဆောင်ရွက်ချက်များကို ဝိုင်းဝန်းဖြည့်ဆည်း လှူဒါန်းပေးခဲ့ကြသည့်အတွက် ရေပဒေသာပင်စိုက်ထူငွေမှာ *ကျပ်-၆၀,၀၀၀သိန်း* ပြည့်မှီခဲ့ပြီဖြစ်ပါကြောင်းကိုလည်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
ထုံးဘို သီတဂူရေစက်ရုံအမှတ်-၁ကို သီတဂူဆရာတော်၏ သက်တော်-၈၃ နှစ်ပြည့်မွေးနေ့အပြီး နောက်ရက်ဖြစ်သော တပေါင်းလပြည့်ကျော်တစ်ရက် (၉-၃-၂၀၂၀) နေ့တွင့် ဖွင့်လှစ်မည့်ဖြစ်သည့်အတွက် အလှူရှင်များနှင့် အပေါင်းအဖေါ်များ ကြိုတင်ကာ ရည်စိတ်သန်စွာဖြင့် သာဓုခေါ်ဆိုနိုင်စေရန်အတွက် တင်ပြအပ်ပါသည်။
ယခုကဲ့သို့ နှစ်-၄၀ ရေအလှူတော်ခရီးမှ နောင်နှစ်ပေါင်းများစွာ စိန်ရတုအဆူဆူ ဖြတ်သန်းနိုင်စေရန် ပါဝင်ဆောင်ရွက်ခဲ့သည့် အစိုးရမင်းအဆက်ဆက်၊ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအပေါင်းနှင့် အလှူရှင်များအားလုံး၏ မွန်မြတ်လှစွာသော သဒ္ဓါ တရားကို သီတဂူဆရာတော်ကြီး အမှူးရှိသည့် သီတဂူသာသနာပြုအဖွဲ့ကြီးက ဝမ်းမြောက်နုမော် "သာဓု သာဓု သာဓု" ခေါ်ဆိုပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည်။

Image may contain: 3 people, people standing and indoor
Image may contain: one or more people
Image may contain: 6 people, people standing
No photo description available.
Source - သီတဂူစတား
<zawgyi>
အလှူရှင်များ၏ကုသိုလ်ဖြင့် ဧရာဝတီမေတ္တာရေသည် သီတဂူရေအလှူတော်စီမံကိန်းဖြင့် စစ်ကိုင်းတောင်ပေါ်သို့ စီးဆင်းပြီ
Friday , January 31 , 2020

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် သီတဂူရေအလှူတော်စီမံကိန်း အနာဂတ်အတွက် အရှည်တည်တံ့စေခြင်းအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများထဲမှ တစ်ခုဖြစ်သော သီတဂူရေစက်ရုံအမှတ်-၁ ဖြစ်သည့် ထုံးဘိုစက်ရုံသို့ ကြွရောက်ကာ စက်ရုံအသစ်တည်ဆောက်ပြီး ရေတင်မော်တာကြီးများ တပ်ဆင်သည့် လုပ်ငန်းဆောင်ရွက်ခြင်း ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးတော်မူပါသည်။
မြန်မာနိုင်ငံတစ်ဝှမ်းလုံးနှင့် ကမ္ဘာအရပ်ရပ်မှ သီတဂူရေအလှူတော် အရှည်တည်တံ့နိုင်စေရန် သီတဂူဆရာတော်ကြီး၏ ဆန္ဒတော်နှင့် ဆောင်ရွက်ချက်များကို ဝိုင်းဝန်းဖြည့်ဆည်း လှူဒါန်းပေးခဲ့ကြသည့်အတွက် ရေပဒေသာပင်စိုက်ထူငွေမှာ *ကျပ်-၆၀,၀၀၀သိန်း* ပြည့်မှီခဲ့ပြီဖြစ်ပါကြောင်းကိုလည်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
ထုံးဘို သီတဂူရေစက်ရုံအမှတ်-၁ကို သီတဂူဆရာတော်၏ သက်တော်-၈၃ နှစ်ပြည့်မွေးနေ့အပြီး နောက်ရက်ဖြစ်သော တပေါင်းလပြည့်ကျော်တစ်ရက် (၉-၃-၂၀၂၀) နေ့တွင့် ဖွင့်လှစ်မည့်ဖြစ်သည့်အတွက် အလှူရှင်များနှင့် အပေါင်းအဖေါ်များ ကြိုတင်ကာ ရည်စိတ်သန်စွာဖြင့် သာဓုခေါ်ဆိုနိုင်စေရန်အတွက် တင်ပြအပ်ပါသည်။
ယခုကဲ့သို့ နှစ်-၄၀ ရေအလှူတော်ခရီးမှ နောင်နှစ်ပေါင်းများစွာ စိန်ရတုအဆူဆူ ဖြတ်သန်းနိုင်စေရန် ပါဝင်ဆောင်ရွက်ခဲ့သည့် အစိုးရမင်းအဆက်ဆက်၊ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအပေါင်းနှင့် အလှူရှင်များအားလုံး၏ မွန်မြတ်လှစွာသော သဒ္ဓါ တရားကို သီတဂူဆရာတော်ကြီး အမှူးရှိသည့် သီတဂူသာသနာပြုအဖွဲ့ကြီးက ဝမ်းမြောက်နုမော် "သာဓု သာဓု သာဓု" ခေါ်ဆိုပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည်။
Source - သီတဂူစတား

0 comments:

Post a Comment