Wednesday, January 29, 2020

ဝူဟန်မြို့အနီး ၄၈ နာရီအတွင်း ဆောက်လုပ်ခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ခံလူနာ ကုသရေးဆေးရုံ ဖွင့်လှစ်

Image may contain: outdoor

တရုတ်နိုင်ငံမှာ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရတဲ့ လူနာတွေကို သီးသန့်ထားရှိကုသမယ့် ပထမဆုံး ဆေးရုံတစ်ရုံကို ဗိုင်းရပ်စ်စတင်တွေ့ရှိရာ ဝူဟန်မြို့အနီးရှိ မြို့တစ်မြို့မှာ ဖွင့်လှစ်လိုက်ပြီလို့ ဆိုပါတယ်။
နောက်ထပ် ဆေးရုံနှစ်ရုံကိုလည်း အမြန်ဆောက်လုပ်နေပါတယ်။

ဝူဟန်မြို့အနီး Huanggang မြို့မှာ ဖွင့်လှစ်လိုက်တဲ့ ကုတင် ၁,၀၀၀ ဆံ့ Dabie Mountain Regional Medical Centre ဆေးရုံကို ဆောက်လုပ်ရေးလုပ်သားနဲ့ စေတနာ့ဝန်ထမ်းများ ပါဝင်ကြတဲ့ လူအင်အား ၅၀၀ ကျော်က နှစ်ရက် (၄၈ နာရီ) အတွင်း မရပ်မနားတမ်း အားသွန်ခွန်စိုက် ဆောက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ထိုဆေးရုံသို့ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရတဲ့ ပထမဆုံးအသုတ် လူနာတွေကို အင်္ဂါနေ့ (ဇန်နဝါရီ ၂၈ ရက်) ည ၁၀ နာရီခွဲဝန်းကျင်မှာ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ Huanggang မြို့ Huangzhou အရပ်ရှိ ယခုဆေးရုံမှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရတဲ့ လူနာတွေကို အရေးပေါ်ကုသပေးသွားမှာဖြစ်ပါတယ်။
ယခု ဖွင့်လှစ်လိုက်တဲ့ဆေးရုံ အဆောက်အအုံကို မူလကလည်း ဆေးရုံတစ်ရုံအဖြစ် ဆောက်လုပ်ရန်နေခဲ့ပြီး မေလအတွင်း ဖွင့်လှစ်ရန်စီစဥ်ထားခဲ့ပါတယ်။ သို့သော် အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရတဲ့ လူနာတွေ လျင်မြန်စွာ တိုးပွားလာခဲ့ပြီးနောက် နှစ်ရက်အတွင်း ဆောက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
Dabie Mountain Regional Medical Centre ဆေးရုံအဆောက်အအုံကို လာမယ့် စနေနေ့ (ဖေဖေါ်ဝါရီ ၁ ရက်) မှာ သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးသွားပြီး ဆေးရုံလုပ်ငန်းများ အပြည့်အဝ စတင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၈ ရက်က ထိုဆေးရုံမှာ လူနာတွေအတွက် ရေ၊ လျှပ်စစ်နဲ့ အင်တာနက်စနစ်တို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။
တရုတ်မှာ ၂၀၀၃ ခုနှစ်က SARS ရောဂါ ကူးစက်ဖြစ်ပွားခဲ့စဥ် ခုနစ်ရက်အတွင်း ဆောက်လုပ်ခဲ့ဖူးတဲ့ ဆေးရုံအပါအဝင် အမြန်ဆောက်လုပ်နေတဲ့ ဆေးရုံလေးရုံအထိ ရှိလာမှာပါ
ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတွေကို ကုသရန်အတွက် နောက်ထပ် ကုတင် ၁,၀၀၀ ဆံ့ Huoshenshan အမည်ရှိ ဆေးရုံတစ်ရုံကို ဝူဟန်မြို့မှာ ခြောက်ရက်နဲ့အပြီး ဆောက်လုပ်နေပြီး လာမယ့် တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၃ ရက်) မှာ လူနာတွေ စတင်လက်ခံကုသရန် ရည်မှန်းထားပါတယ်။ ဒါ့အပြင် ဝူဟန်မြို့မှာပင် Leishenshan အမည်ဖြင့် ကုတင် ၁,၃၀၀ မှ ၁,၅၀၀ ဆံ့ ဆေးရုံကိုလည်း ဆောက်လုပ်နေကြောင်း သိရပါတယ်။
လက်ရှိ ဆေးရုံသုံးရုံလုံး ပြီးစီးပါက တရုတ်နိုင်ငံမှာ ၂၀၀၃ ခုနှစ်က SARS (Severe Acute Respiratory Syndrome) ရောဂါ ကူးစက်ဖြစ်ပွားခဲ့စဥ် လူနာတွေကို ကုသရန်အတွက် ဘေဂျင်းမြို့မှာ ခုနစ်ရက်အတွင်း ဆောက်လုပ်ခဲ့ဖူးတဲ့ ဆေးရုံအပါအဝင် အမြန်ဆောက်လုပ်နေတဲ့ ဆေးရုံလေးရုံအထိ ရှိလာမှာဖြစ်ပါတယ်။
ယမန်နှစ် ဒီဇင်ဘာလကုန်က ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ သေဆုံးသူ ၁၃၂ ဦးနဲ့ ကူးစက်ခံထားရသူ ၆,၀၇၈ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၆,၁၇၁ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ယနေ့ ညနေပိုင်းအထိ ထိုင်းမှာ ၁၄ ဦး၊ စင်ကာပူမှာ ၁၀ ဦး၊ ဟောင်ကောင်မှာ ၈ ဦး၊ ထိုင်ဝမ်မှာ ၈ ဦး၊ မကာအိုမှာ ၇ ဦး၊ မလေးရှားမှာ ၇ ဦး၊ ဂျပန်မှာ ၇ ဦး၊ ဩစတြေးလျမှာ ၆ ဦး၊ အမေရိကန်မှာ ၅ ဦး၊ တောင်ကိုရီးယားမှာ ၄ ဦး၊ ပြင်သစ်မှာ ၄ ဦး၊ ဂျာမနီမှာ ၄ ဦး၊ ကနေဒါမှာ ၃ ဦး၊ ဗီယက်နမ်မှာ ၂ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ သီရိလင်္ကာမှာ ၁ ဦးနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၁ ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။
ဗိုင်းရပ်စ်အသစ်ကို WHO က Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။
လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ လူသေဆုံးမှုတွေဖြစ်နေတဲ့ 2019-nCoV ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကြောင့် တရုတ်ပြည်မကြီးသို့ အသွားအပြန် လေယာဥ်ခရီးစဥ်တွေကို နိုင်ငံတကာလေကြောင်းလိုင်းတွေက ရပ်ဆိုင်းမှုတွေနဲ့ နိုင်ငံအသီးသီးက ၎င်းတို့ရဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်မှုတွေ လုပ်ဆောင်နေကြပါတယ်။
Image may contain: sky and outdoor
Image may contain: outdoor
No photo description available.
Image may contain: one or more people and indoor

Ref ; Duwun
<zawgyi>
ဝူဟန်မြို့အနီး ၄၈ နာရီအတွင်း ဆောက်လုပ်ခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ခံလူနာ ကုသရေးဆေးရုံ ဖွင့်လှစ်
Thursday ,January 30 , 2020

တရုတ်နိုင်ငံမှာ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရတဲ့ လူနာတွေကို သီးသန့်ထားရှိကုသမယ့် ပထမဆုံး ဆေးရုံတစ်ရုံကို ဗိုင်းရပ်စ်စတင်တွေ့ရှိရာ ဝူဟန်မြို့အနီးရှိ မြို့တစ်မြို့မှာ ဖွင့်လှစ်လိုက်ပြီလို့ ဆိုပါတယ်။
နောက်ထပ် ဆေးရုံနှစ်ရုံကိုလည်း အမြန်ဆောက်လုပ်နေပါတယ်။

ဝူဟန်မြို့အနီး Huanggang မြို့မှာ ဖွင့်လှစ်လိုက်တဲ့ ကုတင် ၁,၀၀၀ ဆံ့ Dabie Mountain Regional Medical Centre ဆေးရုံကို ဆောက်လုပ်ရေးလုပ်သားနဲ့ စေတနာ့ဝန်ထမ်းများ ပါဝင်ကြတဲ့ လူအင်အား ၅၀၀ ကျော်က နှစ်ရက် (၄၈ နာရီ) အတွင်း မရပ်မနားတမ်း အားသွန်ခွန်စိုက် ဆောက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ထိုဆေးရုံသို့ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရတဲ့ ပထမဆုံးအသုတ် လူနာတွေကို အင်္ဂါနေ့ (ဇန်နဝါရီ ၂၈ ရက်) ည ၁၀ နာရီခွဲဝန်းကျင်မှာ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ Huanggang မြို့ Huangzhou အရပ်ရှိ ယခုဆေးရုံမှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရတဲ့ လူနာတွေကို အရေးပေါ်ကုသပေးသွားမှာဖြစ်ပါတယ်။
ယခု ဖွင့်လှစ်လိုက်တဲ့ဆေးရုံ အဆောက်အအုံကို မူလကလည်း ဆေးရုံတစ်ရုံအဖြစ် ဆောက်လုပ်ရန်နေခဲ့ပြီး မေလအတွင်း ဖွင့်လှစ်ရန်စီစဉ်ထားခဲ့ပါတယ်။ သို့သော် အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရတဲ့ လူနာတွေ လျင်မြန်စွာ တိုးပွားလာခဲ့ပြီးနောက် နှစ်ရက်အတွင်း ဆောက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
Dabie Mountain Regional Medical Centre ဆေးရုံအဆောက်အအုံကို လာမယ့် စနေနေ့ (ဖေဖေါ်ဝါရီ ၁ ရက်) မှာ သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးသွားပြီး ဆေးရုံလုပ်ငန်းများ အပြည့်အဝ စတင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၈ ရက်က ထိုဆေးရုံမှာ လူနာတွေအတွက် ရေ၊ လျှပ်စစ်နဲ့ အင်တာနက်စနစ်တို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။
တရုတ်မှာ ၂၀၀၃ ခုနှစ်က SARS ရောဂါ ကူးစက်ဖြစ်ပွားခဲ့စဉ် ခုနစ်ရက်အတွင်း ဆောက်လုပ်ခဲ့ဖူးတဲ့ ဆေးရုံအပါအဝင် အမြန်ဆောက်လုပ်နေတဲ့ ဆေးရုံလေးရုံအထိ ရှိလာမှာပါ
ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတွေကို ကုသရန်အတွက် နောက်ထပ် ကုတင် ၁,၀၀၀ ဆံ့ Huoshenshan အမည်ရှိ ဆေးရုံတစ်ရုံကို ဝူဟန်မြို့မှာ ခြောက်ရက်နဲ့အပြီး ဆောက်လုပ်နေပြီး လာမယ့် တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၃ ရက်) မှာ လူနာတွေ စတင်လက်ခံကုသရန် ရည်မှန်းထားပါတယ်။ ဒါ့အပြင် ဝူဟန်မြို့မှာပင် Leishenshan အမည်ဖြင့် ကုတင် ၁,၃၀၀ မှ ၁,၅၀၀ ဆံ့ ဆေးရုံကိုလည်း ဆောက်လုပ်နေကြောင်း သိရပါတယ်။
လက်ရှိ ဆေးရုံသုံးရုံလုံး ပြီးစီးပါက တရုတ်နိုင်ငံမှာ ၂၀၀၃ ခုနှစ်က SARS (Severe Acute Respiratory Syndrome) ရောဂါ ကူးစက်ဖြစ်ပွားခဲ့စဉ် လူနာတွေကို ကုသရန်အတွက် ဘေဂျင်းမြို့မှာ ခုနစ်ရက်အတွင်း ဆောက်လုပ်ခဲ့ဖူးတဲ့ ဆေးရုံအပါအဝင် အမြန်ဆောက်လုပ်နေတဲ့ ဆေးရုံလေးရုံအထိ ရှိလာမှာဖြစ်ပါတယ်။
ယမန်နှစ် ဒီဇင်ဘာလကုန်က ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ သေဆုံးသူ ၁၃၂ ဦးနဲ့ ကူးစက်ခံထားရသူ ၆,၀၇၈ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၆,၁၇၁ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ယနေ့ ညနေပိုင်းအထိ ထိုင်းမှာ ၁၄ ဦး၊ စင်ကာပူမှာ ၁၀ ဦး၊ ဟောင်ကောင်မှာ ၈ ဦး၊ ထိုင်ဝမ်မှာ ၈ ဦး၊ မကာအိုမှာ ၇ ဦး၊ မလေးရှားမှာ ၇ ဦး၊ ဂျပန်မှာ ၇ ဦး၊ ဩစတြေးလျမှာ ၆ ဦး၊ အမေရိကန်မှာ ၅ ဦး၊ တောင်ကိုရီးယားမှာ ၄ ဦး၊ ပြင်သစ်မှာ ၄ ဦး၊ ဂျာမနီမှာ ၄ ဦး၊ ကနေဒါမှာ ၃ ဦး၊ ဗီယက်နမ်မှာ ၂ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ သီရိလင်္ကာမှာ ၁ ဦးနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၁ ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။
ဗိုင်းရပ်စ်အသစ်ကို WHO က Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ 2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။
လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ လူသေဆုံးမှုတွေဖြစ်နေတဲ့ 2019-nCoV ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကြောင့် တရုတ်ပြည်မကြီးသို့ အသွားအပြန် လေယာဉ်ခရီးစဉ်တွေကို နိုင်ငံတကာလေကြောင်းလိုင်းတွေက ရပ်ဆိုင်းမှုတွေနဲ့ နိုင်ငံအသီးသီးက ၎င်းတို့ရဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်မှုတွေ လုပ်ဆောင်နေကြပါတယ်။
Ref ; Duwun

0 comments:

Post a Comment