Friday, January 31, 2020

ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသူ ဘင်္ဂါလီ(၁၁) ဦးကို မကွေးတိုင်း ပနီချောင်းအနီးရှိ တောထဲတွင် ဖမ်းဆီးရမိ

Image may contain: 3 people, people sitting

ယနေ့ ဖေဖော်ဝါရီလ (၁) နေ့ နံနက် ၆ နာရီ ၁၅ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီး၏ အနောက်ဘက် (၂၄)ခန့်အကွာတွင် ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသူ ဘင်္ဂါလီ(၁၁) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဘင်္ဂါလီများရောက်ရှိနေကြာင်း သတင်းအရ ဂုတ်ကြီးစခန်းမှတာဝန်ရှိသူများနှင့်ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ပဘွေးကျေးရွာနှင့် (၁) မိုင်ခန့်အကွာ ပနီချောင်းအနီးတောတွင်း၌ ဘင်္ဂါလီ ကျား (၁၁) ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖမ်းဆီရမိသူများသည် ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်လာသူများဖြစ်ကြောင်း ကနဦးသတင်းအရ သိရပြီး လက်ရှိတွင် ၎င်းတို့အား ၁၉၄၉ မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း - မျိုးလှိုင်ဝင်း #Myanmar_Online_News
>>Zawgyi<<
ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသူ ဘင်္ဂါလီ(၁၁) ဦးကို မကွေးတိုင်း ပနီချောင်းအနီးရှိ တောထဲတွင် ဖမ်းဆီးရမိ
Saturday , February 1 , 2020

ယနေ့ ဖေဖော်ဝါရီလ (၁) နေ့ နံနက် ၆ နာရီ ၁၅ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီး၏ အနောက်ဘက် (၂၄)ခန့်အကွာတွင် ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသူ ဘင်္ဂါလီ(၁၁) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဘင်္ဂါလီများရောက်ရှိနေကြာင်း သတင်းအရ ဂုတ်ကြီးစခန်းမှတာဝန်ရှိသူများနှင့်ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ပဘွေးကျေးရွာနှင့် (၁) မိုင်ခန့်အကွာ ပနီချောင်းအနီးတောတွင်း၌ ဘင်္ဂါလီ ကျား (၁၁) ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖမ်းဆီရမိသူများသည် ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်လာသူများဖြစ်ကြောင်း ကနဦးသတင်းအရ သိရပြီး လက်ရှိတွင် ၎င်းတို့အား ၁၉၄၉ မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း - မျိုးလှိုင်ဝင်း #Myanmar_Online_News

0 comments:

Post a Comment