Wednesday, January 29, 2020

မြန်မာနိုင်ငံသို့ ဝူဟန်ရောက် မြန်မာကျောင်းသား/သူများအား အထူးလေယာဉ်ဖြင့်ခေါ်ဆောင်နိုင်ရေး တရုတ်နိုင်ငံ၏ခွင့်ပြုချက်စောင့်ဆိုင်းနေရ

Image may contain: text

တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံး၏ ဇန်နဝါရီလ ၃၀ ရက်တွင်ထုတ်ပြန်ချက်အရ ဝူဟန်မြို့သို့ရောက်ရှိနေသော မြန်မာကျောင်းသား/သူ ၆၃ ဦးအား မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ရေး တရုတ်နိုင်ငံခွင့်ပြုချက်ကိုစောင့်ဆိုင်းနေကြောင်း သိရသည်။

သံရုံး၏ထုတ်ပြန်ချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ခေတ္တရောက်ရှိ ပညာသင်ကြားနေသော မြန်မာကျောင်းသား၊ ကျောင်းသူ ၆၃ ဦးအား ဟူနန်ပြည်နယ်၊ ချန်းရှမြို့မှတစ်ဆင့် မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးက တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာနိုင်ငံခြားရေးရံုးများနှင့်ချိတ်ဆက်ညှိနှိုင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သို့သော် ထိုကဲ့သို့ဆောင်ရွက်ရာတွင် ဒေသန္တရကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအရ ၁ လခန့် ကြာမြင့်မည်ဖြစ်သောကြောင့် အထူးလေယာဉ်(Charter Flight) ဖြင့်ခေါ်ယူနိုင်ရန် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ဆက်သွယ်၍ ညှိနှိုင်းခဲ့ကြောင်းနှင့် တရုတ်နိုင်ငံအစိုးရ၏ခွင့်ပြုချက်စောင့်ဆိုင်းနေရကြောင်း သိရသည်။
Source : မြန်မာသံရုံး(ပေကျင်း) #Myanmar_Online_News
>>Zawgyi<<
မြန်မာနိုင်ငံသို့ ဝူဟန်ရောက် မြန်မာကျောင်းသား/သူများအား အထူးလေယာဉ်ဖြင့်ခေါ်ဆောင်နိုင်ရေး တရုတ်နိုင်ငံ၏ခွင့်ပြုချက်စောင့်ဆိုင်းနေရ
Thursday ,January 30 , 2020

တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံး၏ ဇန်နဝါရီလ ၃၀ ရက်တွင်ထုတ်ပြန်ချက်အရ ဝူဟန်မြို့သို့ရောက်ရှိနေသော မြန်မာကျောင်းသား/သူ ၆၃ ဦးအား မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ရေး တရုတ်နိုင်ငံခွင့်ပြုချက်ကိုစောင့်ဆိုင်းနေကြောင်း သိရသည်။
သံရုံး၏ထုတ်ပြန်ချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ခေတ္တရောက်ရှိ ပညာသင်ကြားနေသော မြန်မာကျောင်းသား၊ ကျောင်းသူ ၆၃ ဦးအား ဟူနန်ပြည်နယ်၊ ချန်းရှမြို့မှတစ်ဆင့် မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးက တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာနိုင်ငံခြားရေးရုံးများနှင့်ချိတ်ဆက်ညှိနှိုင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သို့သော် ထိုကဲ့သို့ဆောင်ရွက်ရာတွင် ဒေသန္တရကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအရ ၁ လခန့် ကြာမြင့်မည်ဖြစ်သောကြောင့် အထူးလေယာဉ်(Charter Flight) ဖြင့်ခေါ်ယူနိုင်ရန် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ဆက်သွယ်၍ ညှိနှိုင်းခဲ့ကြောင်းနှင့် တရုတ်နိုင်ငံအစိုးရ၏ခွင့်ပြုချက်စောင့်ဆိုင်းနေရကြောင်း သိရသည်။
Source : မြန်မာသံရုံး(ပေကျင်း) #Myanmar_Online_News

0 comments:

Post a Comment