Wednesday, January 29, 2020

ပြည်တွင်းသို့ အလည်ပတ်ခရီးရောက်နေသည့် တရုတ်နိုင်ငံသားများကို ပြန်ပို့မည်ဟု မြို့တော်ဝန်ပြော

Image may contain: 1 person, sitting and indoorImage may contain: 2 people, people sitting, child, table and outdoor
ပြည်တွင်းကို အလည်အပတ်ခရီး ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေကို ပြန်ပို့ဖို့ ဟိုတယ်လုပ်ငန်းရှင် အသင်းတွေနဲ့ ချိတ်ဆက်ထားတယ်လို့ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ (SRT)ရဲ့ ဥက္ကဋ္ဌ မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ပြောပါတယ်။ ဇန်နဝါရီ ၂၉ ရက်က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာန အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာအခုလို ပြောခဲ့တာပါ

“ဟိုတယ်လုပ်ငန်းရှင်အသင်းကို အကူအညီတောင်းမယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကို အခု ၁၄ ရက်အတွင်းရောက်နေတဲ့ တရုတ်နိုင်ငံသားတွေကို ကျွန်တော်တို့ကို အကြောင်းကြားရမှာပေါ့ ။ အလည်ပတ်ခရီးနဲ့ လာတဲ့သူတွေကိုတော့ ဖြစ်နိုင်ရင် ပြန်ပို့ရမှာပေါ့ ။ ဧည်သည်အနေနဲ့လာတဲ့သူတွေကိုပဲ ဂရုစိုက်ရမှာပါ “ လို့ မန္တလေးမြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီ ၂၈ ရက် ညပိုင်မှာတော့ တရုတ်နိုင်ငံသား ၇၃ ယောက်ကို တရုတ်နိုင်ငံအစိုးရက မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ တစ်ဆင့် တိုက်ရိုက်လေကြောင်းလိုင်း နဲ့ ညတွင်းချင်း လာရောက်ခေါ် ဆောင်သွားခဲ့ပါတယ်။ အဲဒီ ၇၃ ယောက်ဟာ ဇန်နဝါရီ ၂၃ ရက်က ဝူဟန်- ရန်ကုန်လေကြောင်းခရီးစဉ်နဲ့ ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ SRT အဖွဲ့က အဲဒီသူတွေ တည်းခိုနေထိုင်ခဲ့တဲ့ ဟိုတယ်တွေနဲ့ လည်ပတ်ခဲ့တဲ့ နေရာတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဆောင်ရွက်နေပြီလို့ ဦးရဲလွင်က ပြောပါတယ်။
သတင်း- ဏေဏီ #Myanmar_Online_News
>>Zawgyi<<
ပြည်တွင်းသို့ အလည်ပတ်ခရီးရောက်နေသည့် တရုတ်နိုင်ငံသားများကို ပြန်ပို့မည်ဟု မြို့တော်ဝန်ပြော
Thursday ,January 30 , 2020
ပြည်တွင်းကို အလည်အပတ်ခရီး ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေကို ပြန်ပို့ဖို့ ဟိုတယ်လုပ်ငန်းရှင် အသင်းတွေနဲ့ ချိတ်ဆက်ထားတယ်လို့ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ (SRT)ရဲ့ ဥက္ကဋ္ဌ မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ပြောပါတယ်။ ဇန်နဝါရီ ၂၉ ရက်က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာန အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာအခုလို ပြောခဲ့တာပါ

“ဟိုတယ်လုပ်ငန်းရှင်အသင်းကို အကူအညီတောင်းမယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကို အခု ၁၄ ရက်အတွင်းရောက်နေတဲ့ တရုတ်နိုင်ငံသားတွေကို ကျွန်တော်တို့ကို အကြောင်းကြားရမှာပေါ့ ။ အလည်ပတ်ခရီးနဲ့ လာတဲ့သူတွေကိုတော့ ဖြစ်နိုင်ရင် ပြန်ပို့ရမှာပေါ့ ။ ဧည်သည်အနေနဲ့လာတဲ့သူတွေကိုပဲ ဂရုစိုက်ရမှာပါ “ လို့ မန္တလေးမြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီ ၂၈ ရက် ညပိုင်မှာတော့ တရုတ်နိုင်ငံသား ၇၃ ယောက်ကို တရုတ်နိုင်ငံအစိုးရက မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ တစ်ဆင့် တိုက်ရိုက်လေကြောင်းလိုင်း နဲ့ ညတွင်းချင်း လာရောက်ခေါ် ဆောင်သွားခဲ့ပါတယ်။ အဲဒီ ၇၃ ယောက်ဟာ ဇန်နဝါရီ ၂၃ ရက်က ဝူဟန်- ရန်ကုန်လေကြောင်းခရီးစဉ်နဲ့ ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ SRT အဖွဲ့က အဲဒီသူတွေ တည်းခိုနေထိုင်ခဲ့တဲ့ ဟိုတယ်တွေနဲ့ လည်ပတ်ခဲ့တဲ့ နေရာတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဆောင်ရွက်နေပြီလို့ ဦးရဲလွင်က ပြောပါတယ်။
သတင်း- ဏေဏီ #Myanmar_Online_News

0 comments:

Post a Comment