Friday, January 31, 2020

တရုတ်နိုင်ငံမှ တရားမဝင်လမ်းကြောင်းမှ ပြန်လာသောမြန်မာနိုင်ငံသား ၂၈ ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေး

Image may contain: one or more people and outdoorImage may contain: sky and outdoor

တရုတ်နိုင်ငံမှ ကချင်ပြည်နယ်သို့ တရားမဝင်လမ်းကြောင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၂၈ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့က ဆဒုံးဂိတ်တွင်တွေ့ရှိခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

“တရားမဝင်လမ်းကြောင်းက ဝင်ရောက်တဲ့ပြည်သူတွေ ဆဒုံးဂိတ်မှာ တွေ့တော့ ကျွန်တော်တို့ ကျန်းမာရေးအဖွဲ့တွေ ချက်ချင်းစေလွတ်ပြီးတော့ ကျားရော ၊ မရော အားလုံး ၂၈ ယောက်ကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ် ” ဟု ဦးဇော်ဝင်းကပြောသည်။
တရားမဝင်လမ်းကြောင်းဖြစ်သည့်အတွက် ယင်းလမ်းကြောင်းများမှ ဝင်ထွက်သွားလာသူ စာရင်းအတိအကျကို မသိရှိနိုင်ကြောင်း နှင့် တရားမဝင်ဂိတ်များအနေဖြင့် ခေါင်လန်ဖူးမြို့နယ်ရှိ ရှိန်းခေါင်ဂိတ်၊ ချီဖွေမြို့နယ် ဖီမော်ဂိတ်၊ ကန့်ဖန့်ဂိတ်၊ အမှတ် ၆ ၊ အမှတ် ၇၊ ချီဖွေမြို့နယ် လှိုင်တန်ရွာအနီး တရုတ်နိုင်ငံမှ ၂ မိုင်ခန့်ကွာဝေးသည့် ဂိတ်များ ရှိနေကြောင်း ၎င်းကပြောသည်။
“တရားမဝင်ဂိတ်ကနေ သွားလာနေတဲ့ အရေအတွက် အချက်အလက်ကို မရနိုင်ပါဘူး တရားမဝင်ဂိတ်တွေရှိတယ်ဆိုတာ ကျွန်တော်တို့လည်းသိပါတယ် တရားမဝင်ဂိတ်ဖြစ်တဲ့အတွက် တရားဝင် ဒေတာတော့မရနိုင်ပါဘူး ” ဟု ဦးဇော်ဝင်းက ထပ်မံ ရှင်းပြပြောဆိုသည်။
တရုတ်နိုင်ငံ ဝူဟန်တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရစ် တားဆီးနိုင်ရေးအတွက် တရားဝင် တရုတ်နယ်စပ်ဂိတ်များတွင် ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ကာ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဇန်နဝါရီ၂၉ ရက်နေ့အထိ သံသယလူနာတစ်ဦးမှ မတွေ့ရှိသေးကြောင်း သိရသည်။
Source: Myitkyina News Journal #Myanmar_Online_News
>>Zawgyi<<
တရုတ်နိုင်ငံမှ တရားမဝင်လမ်းကြောင်းမှ ပြန်လာသောမြန်မာနိုင်ငံသား ၂၈ ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေး
Friday , January 31 , 2020

တရုတ်နိုင်ငံမှ ကချင်ပြည်နယ်သို့ တရားမဝင်လမ်းကြောင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၂၈ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့က ဆဒုံးဂိတ်တွင်တွေ့ရှိခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။
“တရားမဝင်လမ်းကြောင်းက ဝင်ရောက်တဲ့ပြည်သူတွေ ဆဒုံးဂိတ်မှာ တွေ့တော့ ကျွန်တော်တို့ ကျန်းမာရေးအဖွဲ့တွေ ချက်ချင်းစေလွတ်ပြီးတော့ ကျားရော ၊ မရော အားလုံး ၂၈ ယောက်ကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ် ” ဟု ဦးဇော်ဝင်းကပြောသည်။
တရားမဝင်လမ်းကြောင်းဖြစ်သည့်အတွက် ယင်းလမ်းကြောင်းများမှ ဝင်ထွက်သွားလာသူ စာရင်းအတိအကျကို မသိရှိနိုင်ကြောင်း နှင့် တရားမဝင်ဂိတ်များအနေဖြင့် ခေါင်လန်ဖူးမြို့နယ်ရှိ ရှိန်းခေါင်ဂိတ်၊ ချီဖွေမြို့နယ် ဖီမော်ဂိတ်၊ ကန့်ဖန့်ဂိတ်၊ အမှတ် ၆ ၊ အမှတ် ၇၊ ချီဖွေမြို့နယ် လှိုင်တန်ရွာအနီး တရုတ်နိုင်ငံမှ ၂ မိုင်ခန့်ကွာဝေးသည့် ဂိတ်များ ရှိနေကြောင်း ၎င်းကပြောသည်။
“တရားမဝင်ဂိတ်ကနေ သွားလာနေတဲ့ အရေအတွက် အချက်အလက်ကို မရနိုင်ပါဘူး တရားမဝင်ဂိတ်တွေရှိတယ်ဆိုတာ ကျွန်တော်တို့လည်းသိပါတယ် တရားမဝင်ဂိတ်ဖြစ်တဲ့အတွက် တရားဝင် ဒေတာတော့မရနိုင်ပါဘူး ” ဟု ဦးဇော်ဝင်းက ထပ်မံ ရှင်းပြပြောဆိုသည်။
တရုတ်နိုင်ငံ ဝူဟန်တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရစ် တားဆီးနိုင်ရေးအတွက် တရားဝင် တရုတ်နယ်စပ်ဂိတ်များတွင် ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ကာ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဇန်နဝါရီ၂၉ ရက်နေ့အထိ သံသယလူနာတစ်ဦးမှ မတွေ့ရှိသေးကြောင်း သိရသည်။
Source: Myitkyina News Journal #Myanmar_Online_News

0 comments:

Post a Comment