Wednesday, January 29, 2020

မြန်မာ-တရုတ်နယ်စပ် မိုင်းယု-ကျိန်းယဲန်းတံတား၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိ

Image may contain: 1 person, standing and outdoor

မြန်မာ-တရုတ်နယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယုမြို့ရှိ မိုင်းယု-ကျိန်းယဲန်းတံတားပေါ်၌ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကိုရိုနာဗိုင်းရပ်(စ်)အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ မိုင်းယုတိုက်နယ်ဆရာဝန် ဒေါက်တာအောင်အောင်ဝင်းထွဋ်၊ နယ်မြေခံစခန်းမှူး ရဲအုပ်အောင်ဇော်မင်းနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဝင်များက မိုင်းယု-ကျိန်းယဲန်းတံတားပေါ်၌ တရုတ်နိုင်ငံဘက်ခြမ်းမှ ဝင်ရောက်လာကြသည့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်မှုမရှိစေရေး ကိုယ်အချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာနိုင်ရေးနှင့် လိုက်နာရမည့်နည်းလမ်းများကို ပညာပေးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုများကို ယနေ့မှစတင်ကာ နေ့စဉ် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Image may contain: 1 person, crowd and outdoor
Image may contain: 2 people, people standing
Image may contain: mountain, sky, plant, tree, outdoor, nature and water
Image may contain: 1 person, standing and outdoor
Image may contain: one or more people, people standing, sky, outdoor and nature
သတင်း - ကိုကိုနိုင်(မိုင်းယု)
<zawgyi>
မြန်မာ-တရုတ်နယ်စပ် မိုင်းယု-ကျိန်းယဲန်းတံတား၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိ
Thursday ,January 30 , 2020

မြန်မာ-တရုတ်နယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယုမြို့ရှိ မိုင်းယု-ကျိန်းယဲန်းတံတားပေါ်၌ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကိုရိုနာဗိုင်းရပ်(စ်)အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ မိုင်းယုတိုက်နယ်ဆရာဝန် ဒေါက်တာအောင်အောင်ဝင်းထွဋ်၊ နယ်မြေခံစခန်းမှူး ရဲအုပ်အောင်ဇော်မင်းနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဝင်များက မိုင်းယု-ကျိန်းယဲန်းတံတားပေါ်၌ တရုတ်နိုင်ငံဘက်ခြမ်းမှ ဝင်ရောက်လာကြသည့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်မှုမရှိစေရေး ကိုယ်အချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာနိုင်ရေးနှင့် လိုက်နာရမည့်နည်းလမ်းများကို ပညာပေးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုများကို ယနေ့မှစတင်ကာ နေ့စဉ် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ကိုကိုနိုင်(မိုင်းယု)

0 comments:

Post a Comment