Friday, January 31, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပဲခူးစက်မှုဇုန်သို့ ပြန်လည်ရောက်လာသော တရုတ်နိုင်ငံသားလေးဦးကို စောင့်ကြည့်ရန် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်မည်

Image may contain: tree, plant, sky and outdoor

ပဲခူးစက်မှုဇုန်သို့ ပြန် လည်ရောက်ရှိလာသော တရုတ် နိုင်ငံသားလေးဦးကို ကျန်းမာရေး အခြေအနေစောင့်ကြပ်ကြည့်ရှု ရန် မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံကြီးသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လဝက၀န်ကြီး ဦးထွန်းထွန်းဦးက ပြောသည်။

အဆိုပါအလုပ်သမား လေးဦးသည် ဇန်နဝါရီ ၃၀ ရက်က ပဲခူးမြို့ရှိ သက်ဆိုင်ရာစက်ရုံများ သို့ ပထမဆုံးအသုတ်အဖြစ် ပြန် လည်ရောက်ရှိလာခြင်းဖြစ်ပြီး၎င်း တို့လေးဦးကို သီးသန့်ဆောင် များ၌ ယာယီထိန်းသိမ်း၍ ကျန်းမာရေးအခြေအနေထူးခြားမှုရှိ၊ မရှိစောင့်ကြည့်ခဲ့သည်ဟု ၎င်းက ဆိုသည်။
‘‘ဒီနေ့မှာတော့ ကျွန်တော် တို့က ဝေဘာဂီဆေးရုံကိုပို့ဖို့ ဆုံး ဖြတ်လိုက်တယ်။ ကျန်းမာရေး အခြေအနေကြောင့်တော့ မဟုတ် ဘူး။ ဒါပေမဲ့ နှာစေး၊ ချောင်းဆိုး ပုံစံမျိုးတော့ အနည်းငယ်ရှိနေ တယ်ပေါ့။ ဒါကလည်း အခုလို ဆောင်းရာသီမှာက ကျွန်တော်တို့ ကိုယ်တိုင်လည်း ဖြစ်တတ်ကြတာ ပါပဲ။ သို့သော် သူတို့ကို နှစ်ပတ် လောက်စောင့်ကြည့်ထားမယ်’’ ဟု တိုင်းဒေသကြီးစောင့်ကြပ် ကြည့်ရှုစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးထွန်း ထွန်းဦးက ပြောသည်။
ပြန်လည်ရောက်ရှိလာသူ များမှာ အသက်(၄၀)ကျော်အ ရွယ်များဖြစ်သည့် တရုတ်နိုင်ငံ သားလေးဦးဖြစ်ပြီး ၎င်းတို့အနက် Jade Blue အထည်ချုပ်စက်ရုံ မှသုံးဦး၊ Shyang Peng Chen ဖိနပ်စက်ရုံမှတစ်ဦးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ရှိ စက်ရုံ၊ အလုပ်ရုံများ၌ မန်နေ ဂျာအဆင့်နှင့် ပညာရှင်အဆင့် ဖြင့် လာရောက်အလုပ်လုပ်ကိုင် နေသော တရုတ်နိုင်ငံသား ၄၀၀ ကျော်ရှိနေပြီး ၎င်းတို့အနက် ၁၇ ဦး ပြန်လည်ဝင်ရောက်ရန် စာ ရင်းပေးပို့ထားသည်။
ပဲခူးမြို့ခံဦးသန်းဝင်းနိုင်က ‘‘ဒီမှာတော့ ပြန်လာတဲ့သူတစ်ဦး မှာ ရောဂါလက္ခဏာတွေ့လို့ဆို ပြီး စက်ရုံအလုပ်သမားတွေရော၊ မြို့ခံတွေရောက ထိတ်လန့်နေကြ တယ်။ ထွက်နေတဲ့သတင်းသာ မှန်နေခဲ့ရင် အားလုံးဒုက္ခရောက် ကုန်မှာ’’ ဟု မှတ်ချက်ပေးသည်။
ဇန်နဝါရီ ၃၁ ရက်နံနက် ၁၀ နာရီ ၃၉ မိနစ်တွင် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့သော China Southern လေကြောင်းလိုင်း၌ ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူတစ် ဦးပါဝင်နေသဖြင့် ၎င်းခရီးသည် ကိုတာဝန်ရှိသူများက ခေါ်ဆောင် ၍ ဝေဘာဂီဆေးရုံကြီးသို့ ပို့ ဆောင်ကာ စောင့်ကြပ်စစ်ဆေး နေသည်။
Ref : 7 Day #Myanmar_Online_News
>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပဲခူးစက်မှုဇုန်သို့ ပြန်လည်ရောက်လာသော တရုတ်နိုင်ငံသားလေးဦးကို စောင့်ကြည့်ရန် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်မည်
Saturday , February 1 , 2020

ပဲခူးစက်မှုဇုန်သို့ ပြန် လည်ရောက်ရှိလာသော တရုတ် နိုင်ငံသားလေးဦးကို ကျန်းမာရေး အခြေအနေစောင့်ကြပ်ကြည့်ရှု ရန် မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံကြီးသို့ ပို့ဆောင် ရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေ သကြီးအစိုးရအဖွဲ့လဝကဝန်ကြီး ဦးထွန်းထွန်းဦးက ပြောသည်။
အဆိုပါအလုပ်သမား လေးဦးသည် ဇန်နဝါရီ ၃၀ ရက်က ပဲခူးမြို့ရှိ သက်ဆိုင်ရာစက်ရုံများ သို့ ပထမဆုံးအသုတ်အဖြစ် ပြန် လည်ရောက်ရှိလာခြင်းဖြစ်ပြီး၎င်း တို့လေးဦးကို သီးသန့်ဆောင် များ၌ ယာယီထိန်းသိမ်း၍ ကျန်းမာရေးအခြေအနေထူးခြားမှုရှိ၊ မရှိစောင့်ကြည့်ခဲ့သည်ဟု ၎င်းက ဆိုသည်။
‘‘ဒီနေ့မှာတော့ ကျွန်တော် တို့က ဝေဘာဂီဆေးရုံကိုပို့ဖို့ ဆုံး ဖြတ်လိုက်တယ်။ ကျန်းမာရေး အခြေအနေကြောင့်တော့ မဟုတ် ဘူး။ ဒါပေမဲ့ နှာစေး၊ ချောင်းဆိုး ပုံစံမျိုးတော့ အနည်းငယ်ရှိနေ တယ်ပေါ့။ ဒါကလည်း အခုလို ဆောင်းရာသီမှာက ကျွန်တော်တို့ ကိုယ်တိုင်လည်း ဖြစ်တတ်ကြတာ ပါပဲ။ သို့သော် သူတို့ကို နှစ်ပတ် လောက်စောင့်ကြည့်ထားမယ်’’ ဟု တိုင်းဒေသကြီးစောင့်ကြပ် ကြည့်ရှုစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးထွန်း ထွန်းဦးက ပြောသည်။
ပြန်လည်ရောက်ရှိလာသူ များမှာ အသက်(၄၀)ကျော်အ ရွယ်များဖြစ်သည့် တရုတ်နိုင်ငံ သားလေးဦးဖြစ်ပြီး ၎င်းတို့အနက် Jade Blue အထည်ချုပ်စက်ရုံ မှသုံးဦး၊ Shyang Peng Chen ဖိနပ်စက်ရုံမှတစ်ဦးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ရှိ စက်ရုံ၊ အလုပ်ရုံများ၌ မန်နေ ဂျာအဆင့်နှင့် ပညာရှင်အဆင့် ဖြင့် လာရောက်အလုပ်လုပ်ကိုင် နေသော တရုတ်နိုင်ငံသား ၄၀၀ ကျော်ရှိနေပြီး ၎င်းတို့အနက် ၁၇ ဦး ပြန်လည်ဝင်ရောက်ရန် စာ ရင်းပေးပို့ထားသည်။
ပဲခူးမြို့ခံဦးသန်းဝင်းနိုင်က ‘‘ဒီမှာတော့ ပြန်လာတဲ့သူတစ်ဦး မှာ ရောဂါလက္ခဏာတွေ့လို့ဆို ပြီး စက်ရုံအလုပ်သမားတွေရော၊ မြို့ခံတွေရောက ထိတ်လန့်နေကြ တယ်။ ထွက်နေတဲ့သတင်းသာ မှန်နေခဲ့ရင် အားလုံးဒုက္ခရောက် ကုန်မှာ’’ ဟု မှတ်ချက်ပေးသည်။
ဇန်နဝါရီ ၃၁ ရက်နံနက် ၁၀ နာရီ ၃၉ မိနစ်တွင် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့သော China Southern လေကြောင်းလိုင်း၌ ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူတစ် ဦးပါဝင်နေသဖြင့် ၎င်းခရီးသည် ကိုတာဝန်ရှိသူများက ခေါ်ဆောင် ၍ ဝေဘာဂီဆေးရုံကြီးသို့ ပို့ ဆောင်ကာ စောင့်ကြပ်စစ်ဆေး နေသည်။
Ref : 7 Day #Myanmar_Online_News

0 comments:

Post a Comment