Wednesday, January 29, 2020

မြန်မာအစိုးရမှ ဝူဟန်၌ ရောက်ရှိနေသော မြန်မာကျောင်းသူ/ကျောင်းသားများအား အထူးလေယာဉ်စေလွှတ်၍ ပြန်လည်ခေါ်ယူသွားမည်

Image may contain: airplane and outdoor

လတ်တလော Corona Virus ဖြစ်ပွားလျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိကြသော မြန်မာ ကျောင်းသူ/ကျောင်းသား (၆၃) ဦးအားမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အထူးလေယာဉ် စေလွှတ်ခေါ်ယူသွားရန် မြန်မာအစိုးရမှ ခွင့်ပြုခဲ့ ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လိုအပ်သည့်လေယာဉ်ဖြတ်ကျော် ပျံသန်းခွင့်နှင့် ဆင်းသက်ခွင့်ရရှိရေး၊ ကျောင်းသားများပြန်လည်ခေါ်ယူနိုင်ရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် သံတမန်လမ်းကြောင်းမှ ဆက်သွယ်ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပြီးပါက ကျောင်းသူ/ကျောင်းသားများအား Corona Virus ကူးစက်မှုရှိ/မရှိ လိုအပ်သော ကျန်းမာရေးအရ စောင့်ကြပ် စစ်ဆေးမှုများကို စနစ်တကျပြုလုပ်သွားရန်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ထားရှိပါကြောင်းကိုလည်း တစ်ဆက်တည်း အသိပေးအပ်ပါသည်။
Image may contain: one or more people, people standing and people walking
Image may contain: one or more people, people standing and indoor
Source : Ministry of Foreign Affairs Myanmar #Myanmar_Online_News
>>Zawgyi<<
မြန်မာအစိုးရမှ ဝူဟန်၌ ရောက်ရှိနေသော မြန်မာကျောင်းသူ/ကျောင်းသားများအား အထူးလေယာဉ်စေလွှတ်၍ ပြန်လည်ခေါ်ယူသွားမည်
Thursday , January 30 , 2020

လတ်တလော Corona Virus ဖြစ်ပွားလျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိကြသော မြန်မာ ကျောင်းသူ/ကျောင်းသား (၆၃) ဦးအားမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး အတွက် အထူးလေယာဉ် စေလွှတ်ခေါ်ယူသွားရန် မြန်မာအစိုးရမှ ခွင့်ပြုခဲ့ ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လိုအပ်သည့်လေယာဉ်ဖြတ်ကျော် ပျံသန်းခွင့်နှင့် ဆင်းသက်ခွင့်ရရှိရေး၊ ကျောင်းသားများပြန်လည်ခေါ်ယူနိုင်ရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် သံတမန်လမ်းကြောင်းမှ ဆက်သွယ်ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပြီးပါက ကျောင်းသူ/ကျောင်းသားများအား Corona Virus ကူးစက်မှုရှိ/မရှိ လိုအပ်သော ကျန်းမာရေးအရ စောင့်ကြပ် စစ်ဆေးမှုများကို စနစ်တကျပြုလုပ်သွားရန်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ထားရှိပါကြောင်းကိုလည်း တစ်ဆက်တည်း အသိပေးအပ်ပါသည်။
Source : Ministry of Foreign Affairs Myanmar #Myanmar_Online_News

0 comments:

Post a Comment