Wednesday, January 29, 2020

MPTမှ အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် တယ်လီဖုန်းနံပါတ်အသစ်များဖြင့် တိုင်းနှင့်ပြည်နယ် ၆ ခုတွင် ထပ်မံပြောင်းလဲတပ်ဆင်မည်

No photo description available.No photo description available.
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် တယ်လီဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲတပ်ဆင်ပေးသွားမည် ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ဖော်ပြထားသည်။

ထို့ကြောင့် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်ကွန်ရက်စနစ် (Cable Network) အားလည်း ယခုလက်ရှိ ကြေးနန်းကြိုး (Copper Cable) အသုံးပြုစနစ်မှ မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြုစနစ်သုံး တယ်လီဖုန်းများဖြင့် ပြောင်းလဲတပ်ဆင်မည်ဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား
- ဧရာဝတီတိုင်း
- မကွေးတိုင်း
- ပဲခူးတိုင်း(အနောက်)
- ရန်ကုန်တိုင်း
- နေပြည်တော်
- မွန်ပြည်နယ် တို့တွင် အောက်ပါအတိုင်းပြောင်းလဲသွားမည် ဖြစ်ပါသည်။

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လ အထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်)နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ထုတ်ပြန်ထားပါသည်။
>>Zawgyi<<
MPTမှ အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် တယ်လီဖုန်းနံပါတ်အသစ်များဖြင့် တိုင်းနှင့်ပြည်နယ် ၆ ခုတွင် ထပ်မံပြောင်းလဲတပ်ဆင်မည်
Thursday ,January 30 , 2020
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် တယ်လီဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲတပ်ဆင်ပေးသွားမည် ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ဖော်ပြထားသည်။

ထို့ကြောင့် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်ကွန်ရက်စနစ် (Cable Network) အားလည်း ယခုလက်ရှိ ကြေးနန်းကြိုး (Copper Cable) အသုံးပြုစနစ်မှ မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြုစနစ်သုံး တယ်လီဖုန်းများဖြင့် ပြောင်းလဲတပ်ဆင်မည်ဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား
- ဧရာဝတီတိုင်း
- မကွေးတိုင်း
- ပဲခူးတိုင်း(အနောက်)
- ရန်ကုန်တိုင်း
- နေပြည်တော်
- မွန်ပြည်နယ် တို့တွင် အောက်ပါအတိုင်းပြောင်းလဲသွားမည် ဖြစ်ပါသည်။

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လ အထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်)နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ထုတ်ပြန်ထားပါသည်။
Source-MPT #Myanmar_Online_News

0 comments:

Post a Comment