Thursday, January 30, 2020

လင်းနို့များကနေတဆင့် ဝူဟန်ဗိုင်းရပ်စ်သည် စတင်ကူးစက်ခြင်း ဖြစ်နိုင်ချေ ပိုများကြောင်း ပညာရှင်များ ပြော

Image may contain: one or more people, people eating, people sitting and indoorImage may contain: outdoor
တရုတ်တွင် ပျံ့နှံ့ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်၏ အစမူလရင်းမြစ်သည် မြွေမျိုးစိတ်တစ်ခု ဖြစ်နိုင်သည်ဟု အစောပိုင်းက သိပ္ပံပညာရှင်များက ပြောကြားထားခဲ့သည်။ သို့သော် ယခုအခါ ယင်းဗိုင်းရပ်စ်၏ မူလအစ လက်သည်တရားခံသည် လင်းနို့များ ဖြစ်နိုင်ခြေ ပိုများကြောင်း အခြားသော ကျွမ်းကျင်ပညာရှင်များက ထုတ်ဖော်ပြောဆိုလာခဲ့သည်။

“ ဒီဗိုင်းရပ်စ်ရဲ့ မျိုးဗီဇအစီအစဉ်ကို ခင်ဗျားတို့ လေ့လာကြည့်ရင်ပဲဖြစ်ဖြစ်၊ သိထားပြီးသား ကိုရိုနာဗိုင်းရပ်စ်နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရင်ပဲဖြစ်ဖြစ် အနီးစပ်ဆုံး ပတ်သက်ဆက်နွယ်နေတာကတော့ လင်းနို့တွေဆီကပဲ ဖြစ်ပါတယ်” ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးနှင့်ပတ်သက်သော အကျိုးအမြတ်မယူအဖွဲ့ EcoHealth Alliance ၏ ဥက္ကဌ ဒေါက်တာ ပီတာ ဒက်ဇက်ခ်က ပြောသည်။
အလားတူ လက်ရှိအချိန်အထိ ရရှိထားပြီးဖြစ်သည့် ဒေတာအချက်အလက်များက လင်းနို့များတွင် ကနဦး ရှိနေခဲ့သည့် ဗိုင်းရပ်စ်နှင့် ကိုက်ညီနေသည်ကို တွေ့ရှိရကြောင်း တရုတ် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေး စင်တာမှ ပါမောက္ခ ကွေကျန်းဝူကလည်း ဇန်နဝါရီ ၂၉ ရက်က Lancet ဆေးဝါးဂျာနယ်တွင် ဖော်ပြသည့် လေ့လာချက်တစ်ခုတွင် ပြောထားသည်။
လင်းနို့များသည် ယခင်ကာလကြာကတည်း ရောဂါပိုးမွှားဗိုင်းရပ်စ်များကို သယ်ဆောင်သည့် စူပါ ဗီလိန်သဖွယ် ရှုမြင်ခြင်း ခံထားရသည်။
ယင်းအပြင် လင်းနို့များသည် Marburg ၊ Nipah နှင့် Hendra တို့ကဲ့သို့သော လူသေဆုံးစေသည့် ဗိုင်းရပ်စ်များကို သိုလှောင်ထားတတ်သည့် သတ္တဝါလည်း ဖြစ်သည်ဟုဆိုခဲ့သည်။
Ref-Mizzima #Myanmar_Online_News
>>Zawgyi<<
လင်းနို့များကနေတဆင့် ဝူဟန်ဗိုင်းရပ်စ်သည် စတင်ကူးစက်ခြင်း ဖြစ်နိုင်ချေ ပိုများကြောင်း ပညာရှင်များ ပြောဆိုနေ
Thursday ,January 30 , 2020
တရုတ်တွင် ပျံ့နှံ့ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်၏ အစမူလရင်းမြစ်သည် မြွေမျိုးစိတ်တစ်ခု ဖြစ်နိုင်သည်ဟု အစောပိုင်းက သိပ္ပံပညာရှင်များက ပြောကြားထားခဲ့သည်။
သို့သော် ယခုအခါ ယင်းဗိုင်းရပ်စ်၏ မူလအစ လက်သည်တရားခံသည် လင်းနို့များ ဖြစ်နိုင်ခြေ ပိုများကြောင်း အခြားသော ကျွမ်းကျင်ပညာရှင်များက ထုတ်ဖော်ပြောဆိုလာခဲ့သည်။

“ ဒီဗိုင်းရပ်စ်ရဲ့ မျိုးဗီဇအစီအစဉ်ကို ခင်ဗျားတို့ လေ့လာကြည့်ရင်ပဲဖြစ်ဖြစ်၊ သိထားပြီးသား ကိုရိုနာဗိုင်းရပ်စ်နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရင်ပဲဖြစ်ဖြစ် အနီးစပ်ဆုံး ပတ်သက်ဆက်နွယ်နေတာကတော့ လင်းနို့တွေဆီကပဲ ဖြစ်ပါတယ်” ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးနှင့်ပတ်သက်သော အကျိုးအမြတ်မယူအဖွဲ့ EcoHealth Alliance ၏ ဥက္ကဌ ဒေါက်တာ ပီတာ ဒက်ဇက်ခ်က ပြောသည်။
အလားတူ လက်ရှိအချိန်အထိ ရရှိထားပြီးဖြစ်သည့် ဒေတာအချက်အလက်များက လင်းနို့များတွင် ကနဦး ရှိနေခဲ့သည့် ဗိုင်းရပ်စ်နှင့် ကိုက်ညီနေသည်ကို တွေ့ရှိရကြောင်း တရုတ် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေး စင်တာမှ ပါမောက္ခ ကွေကျန်းဝူကလည်း ဇန်နဝါရီ ၂၉ ရက်က Lancet ဆေးဝါးဂျာနယ်တွင် ဖော်ပြသည့် လေ့လာချက်တစ်ခုတွင် ပြောထားသည်။
လင်းနို့များသည် ယခင်ကာလကြာကတည်း ရောဂါပိုးမွှားဗိုင်းရပ်စ်များကို သယ်ဆောင်သည့် စူပါ ဗီလိန်သဖွယ် ရှုမြင်ခြင်း ခံထားရသည်။
ယင်းအပြင် လင်းနို့များသည် Marburg ၊ Nipah နှင့် Hendra တို့ကဲ့သို့သော လူသေဆုံးစေသည့် ဗိုင်းရပ်စ်များကို သိုလှောင်ထားတတ်သည့် သတ္တဝါလည်း ဖြစ်သည်ဟုဆိုခဲ့သည်။
Ref-Mizzima #Myanmar_Online_News

0 comments:

Post a Comment