Thursday, January 30, 2020

ထွေ/အုပ် အကြီးတန်းစာရေးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Image may contain: one or more people and people standing

မူးယစ်ဆေးဝါးသုံးစွဲသူတရားခံ၏ထုတ်ဖော်ပြောဆိုချက်အရ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးတန်းစာရေးအား စိတ်ကြွရူးသွပ်ဆေးပြား(၈၃) ပြားနှင့်အတူ မော်လမြိုင်ခရိုင်မှုခင်းနှိမ်နှင်းရေးဌာနမှ ဇန်နဝါရီ(၃၀)ရက်နေ့တွင်ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ(၃၀)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်ခန့်တွင် မော်လမြိုင်ခရိုင်မှုခင်းနှိမ်နှင်းရေးဌာနမှ ရဲအုပ်စောကိုကိုဦးစီးတပ်ဖွဲ့ဝင်များနှင့်သက်သေများသည် မူးယစ်ဆေးဝါးသတင်းအရ မြိုင်သာယာရပ်ကွက် မော်လမြိုင်မြို့နေသူ ထက်မြတ်သူ(ခ)သားငယ်၏နေအိမ်သို့ ရှာဖွေခွင့်ဝရမ်းဖြင့်ဝင်ရောက်ရှာဖွေရာ ညာဘက်လက်ထဲတွင်ဆုပ်ကိုင်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား(၂)ပြားအားဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးတန်းစာရေးဖြစ်သူ ကောင်းထက်ကျော် ငန်းတေးရပ်ကွက် မော်လမြိုင်မြို့နေသူထံမှဝယ်ယူသုံးစွဲခဲ့ရကြောင်းပြောဆိုချက်အရ ရဲတပ်ဖွဲ့မှသက်သေများနှင့်အတူ ကောင်းထက်ကျော်အား လိုက်လံရှာဖွေရာ ငန်းတေးလမ်းဆုံအနီး အရက်ဖြူဆိုင်တွင် ကောင်းထက်ကျော်အား စိတ်ကြွရူးသွပ်ဆေးပြား(၈၃)ပြားနှင့်အတူ လက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သတ်ပြီး စိတ်ကြွရူးသွပ်ဆေးပြားများအား သုံးစွဲရန်အလို့ငှာ လက်ဝယ်ထားရှိသူထက်မြတ်သူ(ခ)သားငယ်အား မြိုင်သာယာနယ်မြေရဲစခန်းတွင် မူးယစ်(ပ)၃/၂၀၂၀ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၆(ဂ)အရလည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများအားလက်ဝယ်ထားရှိရောင်းချသူ ကောင်းထက်ကျော် ငန်းတေး ရပ်ကွက်နေသူ အား ဇေယျာသီရိနယ်မြေရဲစခန်းတွင် မူး/ယစ်(ပ) ၄/၂၀၂၀ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က) အရလည်းကောင်း ရဲအုပ်စောကိုကိုမှ တရားလိုပြုလုပ်ကာ ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။
Ref ; ရာမညတိုင်း(မ်)
<zawgyi>
ထွေ/အုပ် အကြီးတန်းစာရေးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Friday ,January 31 , 2020

မူးယစ်ဆေးဝါးသုံးစွဲသူတရားခံ၏ထုတ်ဖော်ပြောဆိုချက်အရ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးတန်းစာရေးအား စိတ်ကြွရူးသွပ်ဆေးပြား(၈၃) ပြား နှင့်အတူ မော်လမြိုင်ခရိုင်မှုခင်းနှိမ်နှင်းရေးဌာနမှ ဇန်နဝါရီ(၃၀)ရက်နေ့တွင်ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ(၃၀)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်ခန့်တွင် မော်လမြိုင်ခရိုင်မှုခင်းနှိမ်နှင်းရေးဌာနမှ ရဲအုပ်စောကိုကိုဦးစီးတပ်ဖွဲ့ဝင်များနှင့်သက်သေများသည် မူးယစ်ဆေးဝါးသတင်းအရ မြိုင်သာယာရပ်ကွက် မော်လမြိုင်မြို့နေသူ ထက်မြတ်သူ(ခ)သားငယ်၏နေအိမ်သို့ ရှာဖွေခွင့်ဝရမ်းဖြင့်ဝင်ရောက်ရှာဖွေရာ ညာဘက်လက်ထဲတွင်ဆုပ်ကိုင်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား(၂)ပြားအားဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးတန်းစာရေးဖြစ်သူ ကောင်းထက်ကျော် ငန်းတေးရပ်ကွက် မော်လမြိုင်မြို့နေသူထံမှဝယ်ယူသုံးစွဲခဲ့ရကြောင်းပြောဆိုချက်အရ ရဲတပ်ဖွဲ့မှသက်သေများနှင့်အတူ ကောင်းထက်ကျော်အား လိုက်လံရှာဖွေရာ ငန်းတေးလမ်းဆုံအနီး အရက်ဖြူဆိုင်တွင် ကောင်းထက်ကျော်အား စိတ်ကြွရူးသွပ်ဆေးပြား(၈၃)ပြားနှင့်အတူ လက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး စိတ်ကြွရူးသွပ်ဆေးပြားများအား သုံးစွဲရန်အလို့ငှာ လက်ဝယ်ထားရှိသူထက်မြတ်သူ(ခ)သားငယ်အား မြိုင်သာယာနယ်မြေရဲစခန်းတွင် မူးယစ်(ပ)၃/၂၀၂၀ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၆(ဂ)အရလည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများအားလက်ဝယ်ထားရှိရောင်းချသူ ကောင်းထက်ကျော် ငန်းတေး ရပ်ကွက်နေသူ အား ဇေယျာသီရိနယ်မြေရဲစခန်းတွင် မူး/ယစ်(ပ) ၄/၂၀၂၀ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က) အရလည်းကောင်း ရဲအုပ်စောကိုကိုမှ တရားလိုပြုလုပ်ကာ ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။
Ref ; ရာမညတိုင်(မ်)

0 comments:

Post a Comment