Wednesday, January 29, 2020

ဘားအံတွင် ဂျာမနီနိုင်ငံသား အမျိုးသမီး ၁ ဦး တောင်ပေါ်မှ ခြေချော်ပြုတ်ကျ


Image may contain: 2 people, outdoor and nature
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ကသောင်ကျေးရွာ၊ အမြင့်ပေ(၇၀၀)ခန့်ရှိ တောင်ဝိုင်းတောင်တွင် ၂၉.၁.၂၀၂၀ ရက်နေ့၊ (၁၂:၁၅)အချိန်ခန့်၌ ဂျာမနီနိုင်ငံသား ကျား(၁)ဦး၊ မ(၁)ဦးမှ တောင်ဝိုင်းဘုရားသို့ တက်ရောက်ဖူးမျှော်ရာ တောင်ပေါ်တက်စဉ် အမျိုးသမီးမှာ တောင်လှေကားထစ်မှ ခြေချော်၍ ပြုတ်ကျခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်အဖွဲ့ချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဂျာမနီနိုင်ငံသား အမျိုးသမီးသည် တောင်အောက်(၁၀)ပေခန့်ထိပြုတ်ကျပြီး ညာခြေထောက်၊ ခြေသလုံးရိုး(ကျိုး) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပြီး ဘားအံမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်(၈)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒဏ်ရာရရှိသူ မ(၁)ဦးအား လူနာထမ်းစင်ဖြင့် တောင်အောက်သို့သယ်ဆောင်လာပြီး သူနာတင်ယာဉ်ဖြင့် ဘားအံမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု သတင်းရရှိပါသည်။
Image may contain: 2 people, outdoor
Image may contain: 2 people, outdoor and nature
Image may contain: one or more people, outdoor and nature
Image may contain: 1 person, outdoor, nature and water
Image may contain: one or more people, people standing, tree, plant, outdoor and nature

Source-MFSD #Myanmar_Online_News
>>Zawgyi>>
ဘားအံတွင် ဂျာမနီနိုင်ငံသား အမျိုးသမီး ၁ ဦး တောင်ပေါ်မှ ခြေချော်ပြုတ်ကျ
Thursday ,January 30 , 2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ကသောင်ကျေးရွာ၊ အမြင့်ပေ(၇၀၀)ခန့်ရှိ တောင်ဝိုင်းတောင်တွင် ၂၉.၁.၂၀၂၀ ရက်နေ့၊ (၁၂:၁၅)အချိန်ခန့်၌ ဂျာမနီနိုင်ငံသား ကျား(၁)ဦး၊ မ(၁)ဦးမှ တောင်ဝိုင်းဘုရားသို့ တက်ရောက်ဖူးမျှော်ရာ တောင်ပေါ်တက်စဉ် အမျိုးသမီးမှာ တောင်လှေကားထစ်မှ ခြေချော်၍ ပြုတ်ကျခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်အဖွဲ့ချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဂျာမနီနိုင်ငံသား အမျိုးသမီးသည် တောင်အောက်(၁၀)ပေခန့်ထိပြုတ်ကျပြီး ညာခြေထောက်၊ ခြေသလုံးရိုး(ကျိုး) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပြီး ဘားအံမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်(၈)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒဏ်ရာရရှိသူ မ(၁)ဦးအား လူနာထမ်းစင်ဖြင့် တောင်အောက်သို့သယ်ဆောင်လာပြီး သူနာတင်ယာဉ်ဖြင့် ဘားအံမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု သတင်းရရှိပါသည်။
Source-MFSD #Myanmar_Online_News

0 comments:

Post a Comment