Wednesday, January 29, 2020

အစိုးရမှ နိုင်ငံ့ဝန်ထမ်းများအား ကားရောင်းချမည့်ကိစ္စကြောင့် ကားဈေးကွက်ပျက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထိခိုက်နေဟုပြော

Image may contain: text
ပြည်သူ့ဝန်ထမ်း ၊နိုင်ငံ့ဝန်ထမ်းများအတွက် မော်တော်ယာဉ်ရောင်းချပေးရေး အစီအစဉ်နှင့် ပတ်သက်သည့် ကြေငြာချက်ကြောင့် ကားဈေးကွက်ပျက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် ထိခိုက်နေကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့တွင် Novotel Yangon Max ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Automotive Association of Myanmar(AAM)၏ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။

"ဒီသတင်းကြောင့် အခွန်အပြည့်အ၀ ဆောင်ပြီး လည်ပတ်နေတဲ့ Show Room တွေမှာ အခွန်အပြည့်အ၀ ပေးထားပြီး ရောက်ရှိနေတဲ့ ကားတွေလည်း ရောင်းချလို့ မရတော့ဘူး ဖြစ်နေပါတယ်။ ဒီပါမစ်ကြောင့် ထပ်ပြီးတော့ လမ်းမှာရောက်နေတဲ့ ကားတွေ ကျွန်တော်တို့ တင်သွင်းလာဆဲ ကားတွေလည်း ဒီစနစ်နဲ့ အကျုံးမဝင်တဲ့အတွက်ကြောင့် ဒီကားတွေလည်း ရောင်းလို့မရ ဖြစ်မယ့် အနေအထား ရှိပါတယ်။ ပြောချင်တာက ဒီကားဈေးကွက်က ပျက်ပြီးတော့ လက်ရှိ လာရောက်ရင်းနှီးမြှုုပ်နှံမယ့် သူတွေဟာ အကြီးအကျယ် ထိခိုက်နေပါတယ်" ဟု ၎င်းက ပြောသည်။
လက်ရှိ Automobile Industry တွင် ပေါ်လစီ ချထားမှုမှာ ကားသစ်များ အရောင်းတိုးတက်လာမှ ကားစက်ရုံများ ရောက်ရှိလာမည်ဆိုသည့် အယူအဆရှိပြီး ယခုခွင့်ပြုမည့် ပါမစ်တွင် ၃ နှစ် အသုံးပြုပြီးသား ကားကို တင်သွင်းခွင့် ပေးခြင်း သည် Auto Policy တွင် ရှိသည့် အခန်း ၃ မှ အပိုဒ် ၁၃ (ခ) နှင့် ဆန့်ကျင်လျက်ရှိသည်ဟု ဆိုသည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းများကို တစ်နှစ်ကျော်မှသာ ကားပြန်ရောင်းရမည်ဟု သတ်မှတ်ထားမှု သည်လည်း အင်မတန် လိုက်နာရ ခက်ခဲသည့် သတ်မှတ်ချက်သာ ဖြစ်ပြီး ယင်းကဲ့သို့ တစ်နှစ်အသုံးပြုပြီးမှ ကားပြန်ရောင်းမည်ဆိုပါက ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ဈေးလျော့ သွားနိုင်ကြောင်း ၎င်းကဆိုသည်။
"အဲ့အချိန် တစ်နှစ်အသုံးပြုပြီးမှ ရောင်းမယ်ဆိုရင်လည်း ဝန်ထမ်းတွေဟာ အရှုံးပေါ်နိုင်ပါတယ်။ အခု အစိုးရက နာမည်ပြောင်းရင် ၃ ရာခိုင်နှုန်းနဲ့ သက်သာခွင့် ပေးထားတဲ့ စနစ်ကလည်း တစ်နှစ်ပဲ ခွင့်ပြုထားတာ ဖြစ်တဲ့အတွက်ကြောင့် ဝန်ထမ်းတွေ တစ်နှစ်ပြီးမှ ရောင်းရမယ်ဆိုတဲ့ အချိန်မှာ ပြန်ရောင်းရင် ဝယ်တဲ့သူက မူလ ၁၅ ရာခိုင်နှုန်းနဲ့ မိမလား၊ ဒီထက်ပိုတဲ့နှုန်းနဲ့ မိမလားဆိုတာ မသိဘူး။ အဲ့အချိန်ကျရင်လည်း ဝယ်တဲ့သူက အခွန်တွေ များတဲ့အတွက်ကြောင့် ရောင်းရခက်ပါလိမ့်မယ်။ ဒါကြောင့် ဝန်ထမ်းတွေက တစ်နှစ်နေမှ ပြန်ရောင်းရင် တော်တော် မဖြစ်နိုင်တဲ့ ကိစ္စမို့လို့ အခုကတည်းက ပြန်ရောင်းနေကြပါတယ် "ဟု ဟု ဦးအောင်ဝင်းက ဆက်လက် ပြောဆိုသည်။
အစိုးရအနေဖြင့် မလိုက်နာနိုင်သည့် စည်းကမ်းကို ထုတ်၍ ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် စည်းကမ်းဖောက်ဖျက်သည့် အကျင့်များကိုလည်း ဖြစ်ပေါ်လာစေနိုင်သည်ဟု ဆိုသည်။
"အခုဈေးကွက်မှာလည်း ဒီပါမစ်တွေဟာ ပလူပျံအောင် အလုပ်ရှုပ်နေပါတယ်။ နောက်တစ်ခုကလည်း ဒီတစ်နှစ်ပြီးမှ ရောင်းရမယ်ဆိုတဲ့မူက ဒီတိုင်း ကြိုရောင်းမယ်ဆိုရင် ဝန်ထမ်းတွေကို စည်းကမ်းဖောက်ခိုင်းတာနဲ့ တူပါတယ်။ ဝန်ထမ်းတွေကတော့ မတတ်နိုင်တဲ့သူ ကျွန်တော်ထင်တယ် ၈၀ ရာခိုင်နှုန်းလောက်ကတော့ ရောင်းကြမှာပါပဲ။ ဒီလိုဟာမျိုးက ၂၀၁၂ မှာလည်း ကြုံခဲ့ရပြီးပါပြီ။ တက္ကစီဆွဲမည်ဆိုပြီး ကုမ္ပဏီ တစ်ခုကို တက္ကစီ အစီး ၁၀၀ ထုတ်ပေးတယ်။ နာမည် မပြောင်းရဘူး ဆိုတဲ့ မူတွေနဲ့ပဲ ထုတ်ပေးခဲ့ပြီးတော့ ဒါပေမယ့် ပါမစ်ရတဲ့သူ အားလုံးနီးပါးဟာ ပြန်လည် ရောင်းစားခဲ့တာဟာလည်း ကျွန်တော်တို့ အတွေ့အကြုံအရ သိရှိပြီး ဖြစ်ပါတယ်"ဟု ၎င်းကဆိုသည်။
ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်းများ တင်သွင်းလိုသော ကားများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နှစ်စဉ်ထုတ်ပြန်သည့် ပြည်ပမှ တင်သွင်းသော မော်တော်ယာဉ်များ၏ ထုတ်လုပ်သည့် ခုနှစ် (Model Year) အမိန့်ကြော်ငြာစာပါ သတ်မှတ်ချက်အတိုင်း မော်တော်ယာဉ်များကို တင်သွင်းခွင့်ပြုသွားမည် ဖြစ်ကြောင်း စီး/ကူး ဝန်ကြီးဌာနမှ ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ထုတ်ပြန်ထား သည်။
အစိုးရ၏ မော်တော်ယာဉ် ရောင်းချပေးမည့် အစီအစဉ်၏ ပထမအဆင့် အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသော ညွှန်ကြားရေးမှူးချုပ်နှင့် အထက် အစိုးရအရာရှိကြီးများကို ကားတင်သွင်းခွင့် ပြုသွားမည်ဖြစ်ကာ ဒုတိယအဆင့်တွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက် ၂၅ နှစ် ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ ဝန်ထမ်းများ ကိုလည်း ဆက်လက် ဆောင်ရွတ်ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
Image may contain: 3 people
Ref- The Fifth Wave #Myanmar_Online_News
>>Zawgyi<<
အစိုးရမှ နိုင်ငံ့ဝန်ထမ်းများအား ကားရောင်းချမည့်ကိစ္စကြောင့် ကားဈေးကွက်ပျက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထိခိုက်နေဟုပြော
Thursday ,January 30 , 2020
ပြည်သူ့ဝန်ထမ်း ၊နိုင်ငံ့ဝန်ထမ်းများအတွက် မော်တော်ယာဉ်ရောင်းချပေးရေး အစီအစဉ်နှင့် ပတ်သက်သည့် ကြေငြာချက်ကြောင့် ကားဈေးကွက်ပျက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် ထိခိုက်နေကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့တွင် Novotel Yangon Max ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Automotive Association of Myanmar(AAM)၏ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။

"ဒီသတင်းကြောင့် အခွန်အပြည့်အဝ ဆောင်ပြီး လည်ပတ်နေတဲ့ Show Room တွေမှာ အခွန်အပြည့်အဝ ပေးထားပြီး ရောက်ရှိနေတဲ့ ကားတွေလည်း ရောင်းချလို့ မရတော့ဘူး ဖြစ်နေပါတယ်။ ဒီပါမစ်ကြောင့် ထပ်ပြီးတော့ လမ်းမှာရောက်နေတဲ့ ကားတွေ ကျွန်တော်တို့ တင်သွင်းလာဆဲ ကားတွေလည်း ဒီစနစ်နဲ့ အကျုံးမဝင်တဲ့အတွက်ကြောင့် ဒီကားတွေလည်း ရောင်းလို့မရ ဖြစ်မယ့် အနေအထား ရှိပါတယ်။ ပြောချင်တာက ဒီကားဈေးကွက်က ပျက်ပြီးတော့ လက်ရှိ လာရောက်ရင်းနှီးမြှုပ်နှံမယ့် သူတွေဟာ အကြီးအကျယ် ထိခိုက်နေပါတယ်" ဟု ၎င်းက ပြောသည်။
လက်ရှိ Automobile Industry တွင် ပေါ်လစီ ချထားမှုမှာ ကားသစ်များ အရောင်းတိုးတက်လာမှ ကားစက်ရုံများ ရောက်ရှိလာမည်ဆိုသည့် အယူအဆရှိပြီး ယခုခွင့်ပြုမည့် ပါမစ်တွင် ၃ နှစ် အသုံးပြုပြီးသား ကားကို တင်သွင်းခွင့် ပေးခြင်း သည် Auto Policy တွင် ရှိသည့် အခန်း ၃ မှ အပိုဒ် ၁၃ (ခ) နှင့် ဆန့်ကျင်လျက်ရှိသည်ဟု ဆိုသည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းများကို တစ်နှစ်ကျော်မှသာ ကားပြန်ရောင်းရမည်ဟု သတ်မှတ်ထားမှု သည်လည်း အင်မတန် လိုက်နာရ ခက်ခဲသည့် သတ်မှတ်ချက်သာ ဖြစ်ပြီး ယင်းကဲ့သို့ တစ်နှစ်အသုံးပြုပြီးမှ ကားပြန်ရောင်းမည်ဆိုပါက ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ဈေးလျော့ သွားနိုင်ကြောင်း ၎င်းကဆိုသည်။
"အဲ့အချိန် တစ်နှစ်အသုံးပြုပြီးမှ ရောင်းမယ်ဆိုရင်လည်း ဝန်ထမ်းတွေဟာ အရှုံးပေါ်နိုင်ပါတယ်။ အခု အစိုးရက နာမည်ပြောင်းရင် ၃ ရာခိုင်နှုန်းနဲ့ သက်သာခွင့် ပေးထားတဲ့ စနစ်ကလည်း တစ်နှစ်ပဲ ခွင့်ပြုထားတာ ဖြစ်တဲ့အတွက်ကြောင့် ဝန်ထမ်းတွေ တစ်နှစ်ပြီးမှ ရောင်းရမယ်ဆိုတဲ့ အချိန်မှာ ပြန်ရောင်းရင် ဝယ်တဲ့သူက မူလ ၁၅ ရာခိုင်နှုန်းနဲ့ မိမလား၊ ဒီထက်ပိုတဲ့နှုန်းနဲ့ မိမလားဆိုတာ မသိဘူး။ အဲ့အချိန်ကျရင်လည်း ဝယ်တဲ့သူက အခွန်တွေ များတဲ့အတွက်ကြောင့် ရောင်းရခက်ပါလိမ့်မယ်။ ဒါကြောင့် ဝန်ထမ်းတွေက တစ်နှစ်နေမှ ပြန်ရောင်းရင် တော်တော် မဖြစ်နိုင်တဲ့ ကိစ္စမို့လို့ အခုကတည်းက ပြန်ရောင်းနေကြပါတယ် "ဟု ဟု ဦးအောင်ဝင်းက ဆက်လက် ပြောဆိုသည်။
အစိုးရအနေဖြင့် မလိုက်နာနိုင်သည့် စည်းကမ်းကို ထုတ်၍ ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် စည်းကမ်းဖောက်ဖျက်သည့် အကျင့်များကိုလည်း ဖြစ်ပေါ်လာစေနိုင်သည်ဟု ဆိုသည်။
"အခုဈေးကွက်မှာလည်း ဒီပါမစ်တွေဟာ ပလူပျံအောင် အလုပ်ရှုပ်နေပါတယ်။ နောက်တစ်ခုကလည်း ဒီတစ်နှစ်ပြီးမှ ရောင်းရမယ်ဆိုတဲ့မူက ဒီတိုင်း ကြိုရောင်းမယ်ဆိုရင် ဝန်ထမ်းတွေကို စည်းကမ်းဖောက်ခိုင်းတာနဲ့ တူပါတယ်။ ဝန်ထမ်းတွေကတော့ မတတ်နိုင်တဲ့သူ ကျွန်တော်ထင်တယ် ၈၀ ရာခိုင်နှုန်းလောက်ကတော့ ရောင်းကြမှာပါပဲ။ ဒီလိုဟာမျိုးက ၂၀၁၂ မှာလည်း ကြုံခဲ့ရပြီးပါပြီ။ တက္ကစီဆွဲမည်ဆိုပြီး ကုမ္ပဏီ တစ်ခုကို တက္ကစီ အစီး ၁၀၀ ထုတ်ပေးတယ်။ နာမည် မပြောင်းရဘူး ဆိုတဲ့ မူတွေနဲ့ပဲ ထုတ်ပေးခဲ့ပြီးတော့ ဒါပေမယ့် ပါမစ်ရတဲ့သူ အားလုံးနီးပါးဟာ ပြန်လည် ရောင်းစားခဲ့တာဟာလည်း ကျွန်တော်တို့ အတွေ့အကြုံအရ သိရှိပြီး ဖြစ်ပါတယ်"ဟု ၎င်းကဆိုသည်။
ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်းများ တင်သွင်းလိုသော ကားများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နှစ်စဉ်ထုတ်ပြန်သည့် ပြည်ပမှ တင်သွင်းသော မော်တော်ယာဉ်များ၏ ထုတ်လုပ်သည့် ခုနှစ် (Model Year) အမိန့်ကြော်ငြာစာပါ သတ်မှတ်ချက်အတိုင်း မော်တော်ယာဉ်များကို တင်သွင်းခွင့်ပြုသွားမည် ဖြစ်ကြောင်း စီး/ကူး ဝန်ကြီးဌာနမှ ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ထုတ်ပြန်ထား သည်။
အစိုးရ၏ မော်တော်ယာဉ် ရောင်းချပေးမည့် အစီအစဉ်၏ ပထမအဆင့် အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသော ညွှန်ကြားရေးမှူးချုပ်နှင့် အထက် အစိုးရအရာရှိကြီးများကို ကားတင်သွင်းခွင့် ပြုသွားမည်ဖြစ်ကာ ဒုတိယအဆင့်တွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက် ၂၅ နှစ် ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ ဝန်ထမ်းများ ကိုလည်း ဆက်လက် ဆောင်ရွတ်ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
Ref- The Fifth Wave #Myanmar_Online_News

0 comments:

Post a Comment