Wednesday, January 29, 2020

ဒိန်းမတ်သတင်းစာမှ တရုတ်နိုင်ငံအလံရဲ့ ကြယ်ပွင့်နေရာများတွင် ကိုရိုနာဗိုင်းရပ်စ်ရဲ့ပုံဖြင့် အစားထိုးလှောင်ပြောင်

No photo description available.
ဒိန်းမတ်နိုင်ငံထုတ် ယွီလန်းစ်ပိုစတန်သတင်းစာက တရုတ်အလံရဲ့ ကြယ်ပွင့်တွေ နေရာမှာ လက်ရှိ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ပုံဖြင့် အစားထိုးဖော်ပြထားတဲ့ သရုပ်ဖော်ကာတွန်းကို ပုံနှိပ်ဖြန့်ချိခဲ့လို့ တရုတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ကာတွန်းအတွက် တောင်းပန်ဖို့ ဒိန်းမတ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက တောင်းဆိုခဲ့ပါတယ်။

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေခံ စည်းမျဉ်းကိုရော လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်တဲ့ လူ့ကျင့်ဝတ်စည်းကိုပါ ဘောင်ကျော်ပြီး စာနာထောက်ထားမှု ကင်းမဲ့တယ်လို့ သံရုံးက ဇန်နဝါရီ ၂၈ ရက်နေ့မှာ ပြောပါတယ်။
သတင်းစာ အယ်ဒီတာချုပ်ကတော့ သူတို့ သတင်းစာဟာ တရုတ်နိုင်ငံထဲက အခြေအနေကို လှောင်ပြောင်ဖို့ မရည်ရွယ်ကြောင်း၊ မမှားတဲ့ကိစ္စအတွက် မတောင်းပန်နိုင်ဘူးလို့ ပြောကြောင်း ဒေသခံ မီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒိန်းမတ်နိုင်ငံတွင်းအဖွဲ့အသီးသီးက နိုင်ငံရေးသမားတွေကလည်း တရုတ်အစိုးရက သတင်းစာကို ဖိအားမပေးသင့်ဘူးလို့ ပြောခဲ့ကြပါတယ်။ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဆိုရန်ပါပေပေါ်ဆန်ကလည်း သတင်းစာဘက်က အပြည့်အဝ ထောက်ခံတယ်လို့ တွစ်တာ လူမှုကွန်ရက်ပေါ် ရေးခဲ့ပါတယ်။
ဒီသတင်းစာဟာ ၂၀၀၅ ခုနှစ်တုန်းကလည်း တမန်တော် မိုဟာမဒ်ရဲ့ပုံကို ကယ်ရီကေးချား ရုပ်ပြောင်ရေးဆွဲထားတဲ့ပုံကို ပုံနှိပ်ခဲ့လို့ မွတ်စလင် ကမ္ဘာက အုတ်အော်သောင်းတင်း ကန့်ကွက်တာ ခံခဲ့ရဖူးပါတယ်။
>>Zawgyi<<
ဒိန်းမတ်သတင်းစာမှ တရုတ်နိုင်ငံအလံရဲ့ ကြယ်ပွင့်နေရာများတွင် ကိုရိုနာဗိုင်းရပ်စ်ရဲ့ပုံဖြင့် အစားထိုးလှောင်ပြောင်
Thursday ,January 30 , 2020
ဒိန်းမတ်နိုင်ငံထုတ် ယွီလန်းစ်ပိုစတန်သတင်းစာက တရုတ်အလံရဲ့ ကြယ်ပွင့်တွေ နေရာမှာ လက်ရှိ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ပုံဖြင့် အစားထိုးဖော်ပြထားတဲ့ သရုပ်ဖော်ကာတွန်းကို ပုံနှိပ်ဖြန့်ချိခဲ့လို့ တရုတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ကာတွန်းအတွက် တောင်းပန်ဖို့ ဒိန်းမတ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက တောင်းဆိုခဲ့ပါတယ်။

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေခံ စည်းမျဉ်းကိုရော လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်တဲ့ လူ့ကျင့်ဝတ်စည်းကိုပါ ဘောင်ကျော်ပြီး စာနာထောက်ထားမှု ကင်းမဲ့တယ်လို့ သံရုံးက ဇန်နဝါရီ ၂၈ ရက်နေ့မှာ ပြောပါတယ်။
သတင်းစာ အယ်ဒီတာချုပ်ကတော့ သူတို့ သတင်းစာဟာ တရုတ်နိုင်ငံထဲက အခြေအနေကို လှောင်ပြောင်ဖို့ မရည်ရွယ်ကြောင်း၊ မမှားတဲ့ကိစ္စအတွက် မတောင်းပန်နိုင်ဘူးလို့ ပြောကြောင်း ဒေသခံ မီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒိန်းမတ်နိုင်ငံတွင်းအဖွဲ့အသီးသီးက နိုင်ငံရေးသမားတွေကလည်း တရုတ်အစိုးရက သတင်းစာကို ဖိအားမပေးသင့်ဘူးလို့ ပြောခဲ့ကြပါတယ်။ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဆိုရန်ပါပေပေါ်ဆန်ကလည်း သတင်းစာဘက်က အပြည့်အဝ ထောက်ခံတယ်လို့ တွစ်တာ လူမှုကွန်ရက်ပေါ် ရေးခဲ့ပါတယ်။
ဒီသတင်းစာဟာ ၂၀၀၅ ခုနှစ်တုန်းကလည်း တမန်တော် မိုဟာမဒ်ရဲ့ပုံကို ကယ်ရီကေးချား ရုပ်ပြောင်ရေးဆွဲထားတဲ့ပုံကို ပုံနှိပ်ခဲ့လို့ မွတ်စလင် ကမ္ဘာက အုတ်အော်သောင်းတင်း ကန့်ကွက်တာ ခံခဲ့ရဖူးပါတယ်။
Ref-Dvb #Myanmar_Online_News

0 comments:

Post a Comment