မုံရွာမြို့ ကားလေးကွင်းအနီး Famous ကားဂိတ်တာဝန်ခံအား ဂိတ်အတွင်း ကြိုးတုပ်လုယက်ခံရသည်ဟုဆိုကာ တိုင်တန်းထားမှုအား ရဲတပ်ဖွဲ့က စစ်ဆေးနေသည်။
ဇန်နဝါရီ ၂၁ ရက် နံနက်အစောပိုင်း ၂ နာရီတွင် ဂိတ်တာဝန်ခံ ဦးစိုးခိုင်သည် တစ်ဦးတည်းအိပ်ပျော်နေခိုက် မျက်နှာတွင် Mask အုပ်ထားသော အနက်ရောင်ဝတ် လူနှစ်ဦးရောက်လာပြီး ဓားထောက်နှိုးခဲ့သည် ဟု တိုင်တန်းချက် အရသိရသည်။
၎င်းနောက် မီးခံသေတ္တာသော့အားတောင်း၍ ကြိုးဖြင့် ထိုင်ခုံတွင်တွဲလျက်တုပ်ချည်ကာ ၎င်းတို့ ပါလာသော ဆေးရည်ပုလင်းအားတိုက်ခဲ့ကြောင်း ၊ မီးခံသေတ္တာမှ ပိုက်ဆံ များအား ထည့်ယူသွားသည်ကို မြင်ရပြီးနောက် ၎င်းမှာ အိပ်ပျော်သွားကြောင်း ထွက်ဆို တိုင်တန်းခဲ့သည်။
လုယက်သွားသူများထံ ငွေ သိန်း ၈၀ခန့် နှင့် လက်ကိုင်ဖုန်း ၃ လုံး ပါသွားခဲ့သည်ဟု ဆိုသည်။
" မနက်လင်းတော့ ကျွန်တော့ကို ကားသမားတစ်ယောက်က အရင်စတွေ့လို့ ကြိုးဖြေပေးမယ်အလုပ်မှာ ကျွန်တော်က ရဲအရင်ခေါ်ခိုင်းလိုက်တာ" ဟု ဦးစိုးခိုင်က ရဲတပ်ဖွဲ့သို့ ပြောဆိုထားသည်။
ကားဂိတ်သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တိုင်းရဲတပ်ဖွဲ့ မှ အရာရှိများ ရောက်လာပြီး လုယက်ခံရမှုပုံစံအား အစမ်းပြန်လည် ပြုလုပ်စေကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။
" ပြောရရင် သမားရိုးကျ လုခံရတာထက် ပိုပြီးထူးဆန်းနေတယ်" ဟု အဆိုပါဖြစ်စဉ်အား စစ်မေးနေသည့် တိုင်းမှုခင်းအကူဌာန မှ ရဲအုပ်တစ်ဦးက ပြောသည်။
လက်ရှိ တွင်ယင်းဖြစ်စဉ်အား မုံရွာမြို့မရဲစခန်း(ပ)၁၃၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၉၂ အရ လုယက်မှုဖြင့် အမှုဖွင့် စစ်ဆေးနေသည်။
Source - Monywa Gazette
<zawgyi>
မုံရွာ Famous ကားဂိတ်တာဝန်ခံ ဂိတ်အတွင်းကြိုးတုပ်လုယက်ခံရသည်ဟုဆိုကာ ရဲစခန်းတွင်အမှုဖွင့်
Wednesday , January 22 , 2020
မုံရွာမြို့ ကားလေးကွင်းအနီး Famous ကားဂိတ် တာဝန်ခံအား ဂိတ်အတွင်း ကြိုးတုပ် လုယက် ခံရသည်ဟုဆိုကာ တိုင်တန်းထားမှုအား ရဲတပ်ဖွဲ့က စစ်ဆေးနေသည်။
ဇန်နဝါရီ ၂၁ ရက် နံနက်အစောပိုင်း ၂ နာရီတွင် ဂိတ်တာဝန်ခံ ဦးစိုးခိုင်သည် တစ်ဦးတည်းအိပ်ပျော်နေခိုက် မျက်နှာတွင် Mask အုပ်ထားသော အနက်ရောင်ဝတ် လူနှစ်ဦးရောက်လာပြီး ဓားထောက်နှိုးခဲ့သည် ဟု တိုင်တန်းချက် အရသိရသည်။
၎င်းနောက် မီးခံသေတ္တာသော့အားတောင်း၍ ကြိုးဖြင့် ထိုင်ခုံတွင်တွဲလျက်တုပ်ချည်ကာ ၎င်းတို့ ပါလာသော ဆေးရည်ပုလင်းအားတိုက်ခဲ့ကြောင်း ၊ မီးခံသေတ္တာမှ ပိုက်ဆံ များအား ထည့်ယူသွားသည်ကို မြင်ရပြီးနောက် ၎င်းမှာ အိပ်ပျော်သွားကြောင်း ထွက်ဆို တိုင်တန်းခဲ့သည်။
လုယက်သွားသူများထံ ငွေ သိန်း ၈၀ခန့် နှင့် လက်ကိုင်ဖုန်း ၃ လုံး ပါသွားခဲ့သည်ဟု ဆိုသည်။
" မနက်လင်းတော့ ကျွန်တော့ကို ကားသမားတစ်ယောက်က အရင်စတွေ့လို့ ကြိုးဖြေပေးမယ်အလုပ်မှာ ကျွန်တော်က ရဲအရင်ခေါ်ခိုင်းလိုက်တာ" ဟု ဦးစိုးခိုင်က ရဲတပ်ဖွဲ့သို့ ပြောဆိုထားသည်။
ကားဂိတ်သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တိုင်းရဲတပ်ဖွဲ့ မှ အရာရှိများ ရောက်လာပြီး လုယက်ခံရမှုပုံစံအား အစမ်းပြန်လည် ပြုလုပ်စေကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။
" ပြောရရင် သမားရိုးကျ လုခံရတာထက် ပိုပြီးထူးဆန်းနေတယ်" ဟု အဆိုပါဖြစ်စဉ်အား စစ်မေးနေသည့် တိုင်းမှုခင်းအကူဌာန မှ ရဲအုပ်တစ်ဦးက ပြောသည်။
လက်ရှိ တွင်ယင်းဖြစ်စဉ်အား မုံရွာမြို့မရဲစခန်း(ပ)၁၃၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၉၂ အရ လုယက်မှုဖြင့် အမှုဖွင့် စစ်ဆေးနေသည်။
Source - Monywa Gazette

0 comments:
Post a Comment