Wednesday, July 16, 2014

ယူနတီဂျာနယ်မှ သတင်းထောက် လေးဦးနှင့် အမှုဆောင်အရာရှိချုပ်တို့အား နိုင်ငံရေးအကျဉ်းသားအဖြစ် နိုင်/ကျဉ်းဟောင်းများအဖွဲ့ အသိအမှတ်ပြု

ယူနတီ ဂျာနယ်မှ သတင်းထောက် လေး ယောက်နှင့် အမှုဆောင်အရာရှိချုပ် တို့သည် နိုင်ငံရေးအရ ရည်ရွယ် ချက်ရှိရှိဖြင့် ထောင် ချခံရခြင်းဖြစ် သည့်အတွက် နိုင်ငံရေးအကျဉ်းသား များအဖြစ် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ အသိအမှတ်ပြု သတ်မှတ်လိုက်ကြောင်း သိရသည်။
အလုပ်ကြမ်းနှင့်ထောင်ဒဏ် ဆယ်နှစ်ချမှတ်ခံထားရသည့် အထက် ပါ ငါးဦးအား နိုင်ငံရေးအကျဉ်းသား အဖြစ် အသိ အမှတ်ပြုခြင်း ကို ဇူလိုင် ၁၄ရက်ပြုလုပ်သော နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ အစည်းအဝေး တွင် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။


နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့လုပ်ငန်းကော်မတီဝင်တစ် ဦးဖြစ်သူ ဦးထွန်းကြည်က ''သတင်း ထောက်တွေကို ဖမ်းတဲ့အဖွဲ့ရော တရားစွဲတဲ့ အဖွဲ့ရောနှစ်ဖွဲ့လုံးက နိုင်ငံ ရေးရည်ရွယ်ချက်နဲ့ လုပ်တာဖြစ် တယ်။ ဒါကြောင့် ကြိုက်တဲ့ ပုဒ်မနဲ့ ဖမ်းနိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ် တာဆိုရင် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တယ်''ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့အနေဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဆယ်နှစ်ချခံထားရသော သတင်းထောက် လေးဦးနှင့် အမှု ဆောင်အရာရှိချုပ်တို့ အား နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခြင်း သည် 'စတုတ္ထ မဏ္ဍိုင်ဖြစ်သော မီဒီ ယာသမားများနှင့် နိုင်ငံရေးအကျဉ်း သားများသည် တသား တည်းဖြစ် သည်ဆိုသည်ကို ပြသသည့် သဘော' ဖြစ်သည်ဟု ဦးထွန်းကြည်က ဆက် လက်ပြောသည်။

ထို့ပြင် ယူနတီဂျာနယ်မှ ပြစ်ဒဏ် ကျခံနေသူငါးဦးအတွက် ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းကလည်း ဦးစားပေးထောက်ပံ့သွားမည်ဖြစ်ပြီး ယင်းငါးဦးနှင့်ပတ်သက်၍ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့အနေ ဖြင့် သမ္မတညွှန်ကြားချက်ဖြင့် ဖွဲ့ စည်းထားသော လက်ကျန်နိုင်ငံရေး အကျဉ်းသားဟောင်းများ စိစစ်ရေး ကော်မတီထံသို့ တင်ပြသွားမည်ဖြစ် သည်။
လက်ကျန်နိုင်ငံရေး အကျဉ်း သားဟောင်းများ စိစစ်ရေးကော်မတီ အစည်းအဝေးအား ယခုလကုန်ပိုင်း တွင် ပြုလုပ်မည်ဟု ခန့်မှန်းထား ကြောင်း လက်ကျန်နိုင်ငံရေးအကျဉ်း သားဟောင်းများ စိစစ်ရေးကော် မတီဝင် ဦးရဲအောင်က ပြောသည်။

SYMZ
‪‎Democracytoday‬

0 comments:

Post a Comment