Thursday, July 24, 2014

အီရတ်ရှိ ISIS စစ်သွေးကြွအုပ်စုက အမျိုးသမီးများ လိင်အင်္ဂါ ဖျက်ဆီးရန် အမိန့်ထုတ်



အီရတ်နိုင်ငံတွင် နေရာဒေသအချို့ကို သိမ်းပိုက်ကာ အစ္စလာမ်မစ်နိုင်ငံ ထူထောင်ထားသော ISIS စစ်သွေးကြွအုပ်စုက အသက် ၁၁ နှစ်မှ ၄၆ နှစ်အရွယ် အမျိုးသမီးများအားလုံးကို လိင်အင်္ဂါပုံပျက်အောင် ဖျက်ဆီးပစ်ရမည်ဟု အမိန့်ထုတ်လိုက်ကြောင်း သိရသည်။အဆိုပါ အမိန့်ကြောင့် စစ်ပွဲများဖြစ်ပွားနေသည့် အီရတ်ရှိ အမျိုးသမီးနှင့် မိန်းကလေးငယ် ၄ သန်းအထိမှာ လိင်အင်္ဂါ ဖျက်ဆီးခံရမည့် အခြေအနေနှင့် တွေ့ကြုံ ရဖွယ်ရှိကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူက ကြာသပတေးနေ့တွင် ပြောကြားသည်။

၎င်းမှာ အစ္စလာမ်မစ်နိုင်ငံအဖြစ် ထူထောင်ခဲ့သည့် ISIS က ထုတ်ပြန်လိုက်သည့် ဖာ့သ်ဝါ သို့မဟုတ် ဘာသာရေးဆိုင်ရာ အမိန့်ပင်ဖြစ်ကြောင်း အီရတ်ရှိ ကုလသမဂ္ဂထိပ်တန်းအရာရှိ ဂျက်ကွေလိုင်း ဘတ်ဒ်ကွတ်က ပြောကြားသည်။ ISIS စစ်သွေးကြွတို့၏ အဆိုပါ အမိန့်ထုတ်ပြန်မှုကို ကြာသပတေးနေ့ နံနက်ပိုင်းတွင် ကြားသိခဲ့ရကြောင်းနှင့် အမျိုးသမီး အရေအတွက် မည်မျှအကျုံးဝင်သည်ကို အတိအကျ မသိရှိရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။


Mizzima

0 comments:

Post a Comment