Thursday, July 24, 2014

အွန်လိုင်းပေါ်တွင် ပျံနှံ့ နေသည့် ဟိန်းဝေယံနှင့် ပတ်သက်သည့် သတင်းသည် သတင်းမှားသာဖြစ်ဟု ဖခင်ဖြစ်သူ ဦးဝင်းကို ပြောကြား

အွန်လိုင်းပေါ်တွင် သရုပ်ဆောင် ဟိန်းဝေယံနှင့် မင်းသမီးတစ်ဦး ခိုးပြေးသည်ဟု သတင်းများ ထွက်ပေါ်လာခြင်း ကြောင့် ဟိန်းဝေယံ၏ မာန်ထက်ချီ ရုပ်ရှင်ထုတ် လုပ်ရေးကို မဇ္ဈိမမှ သွားရောက် မေးမြန်းရာတွင် ဖခင်ဖြစ်သူ ဦးဝင်းကို က ကောလဟလ သာ ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။



သရုပ်ဆောင် ဟိန်းဝေယံသည် ရိုက်ကူးရေး ထွက်သွားခြင်းကြောင့် နေအိမ်၌ မရှိခြင်းကြောင့် သားဖြစ်သူ ကိုယ်စားဖြေပေး ခဲ့ခြင်းဖြစ်သည်။" အဲဒီသတင်းက ကြာပါပြီ။ ဦးကို မေးတာထက်စာရင် သားငယ် ဟိန်းဝေယံကို မေးတာ က ပိုကောင်း လိမ့်မယ်။ ခုရက်ပိုင်းမှ အဲဒီသတင်းက ပြန်ထွက် လာ တာပါ။ အမှန်အတိုင်း ပြောရရင် လုံးဝကို မဟုတ်ပါဘူး။ အဲဒီလို ပြောတာပဲ ကောင်းလိမ့်မယ်။ တစ်ပါး သူတွေကိုလည်း လုံးဝ မထိခိုက်စေချင်ပါဘူး။ ပြောချင် တာကတော့ ကောလာဟလပါ။ လုံးဝကို မဟုတ်ပါဘူး။ " ဟု မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးပိုင်ရှင် ဟိန်းဝေယံ၏ ဖခင် ဦးဝင်းကိုက ပြောသည်။

လက်ရှိတွင် ဟိန်းဝေယံမှာ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးနေသည့် ယောက်ဖ တောင်ပေါ်ကျော်၍ ယောက္ခမပင်လယ်ဖြတ်မည် ဇာတ်ကားတွင် ဖူးပွင့်သခင်၊ သီးလေးသီး တို့နှင့်အတူ ရိုက်ကူးလျက်ရှိသည်။


Mizzima

0 comments:

Post a Comment