Thursday, July 24, 2014

အသက်ကြီးတဲ့လူတွေ အသက်ငယ်တဲ့ မိန်းကလေးတွေနဲ့ ချစ်ကြိုက်တဲ့အခါ အကောင်းဘက်က တွေးကြည့်နိုင်တဲ့ အချက်များ



အသက်ခပ်ကြီးကြီး အမျိုးသားတစ်ယောက်နဲ့ သူ့ထက် အသက်တော်တော်လေးငယ်တဲ့ ကောင်မလေးနဲ့ ချစ်ကြိုက်ကြတယ်ဆိုပါစို့။ များသောအားဖြင့် လူတော်တော်များများကတော့ ဒီဘဲကြီးက နှာဗူးကြီးပါကွာ။ ကောင်မလေးကလည်း ပိုက်ဆံရှိလို့ ပြန်ကြိုက်တာ ဖြစ်ရမယ် စသဖြင့် သတ်မှတ်တတ်ကြပါတယ်။ သူတို့ အချစ်စစ်ကြောင့် လက်တွဲကြတယ်ဆိုရင်တောင် အများအမြင်မှာ အသက်ကွာဟမှုကြောင့် မတင့်တယ်သလို ဖြစ်နေပြန်ပါတယ်။ အဲ့ဒီလို အသက်ကွာဟတဲ့ အတွဲ၊ အမျိုးသားက အသက်ကြီးပြီး တွဲတဲ့ ကောင်မလေးက အသက်ငယ်ငယ်ဆိုရင် ဒီလိုကောင်းတဲ့အချက်ကလေးတွေလည်း ရှိနေပြန်ပါတယ်။၁။ဒီအတွဲဟာ ပြတ်ဖို့ ခဲယဉ်းသွားပြီ။

အမျိုးသားက အသက်ကြီးတဲ့ အတွက် သူ့ချစ်သူကောင်မလေးကို စိတ်ရှည်မယ်၊ သည်းခံမယ်။ ဒါ့အပြင် သူက အသက်အရွယ်ကြောင့် ပိုမိုတည်ငြိမ်လာတာမို့ နှစ်ယောက်သုံးယောက် တွဲတာမျိုးတွေ မလုပ်တော့ဘူး။ ဒီကောင်မလေးကိုပဲ ချစ်လိမ့်မယ်။ အဲ့ဒီတော့ နားလည်မှုလေး ရှိလိုက်ရုံနဲ့ သူတို့အတွဲဟာ မြဲဖို့ သေချာသလောက် ဖြစ်သွားပါပြီ

၂။အာရုံနောက်ရမယ့် ကိစ္စတွေ နည်းသွားပါလိမ့်မယ်။

အသက်ငယ်တဲ့ သူတွေဆိုရင်တော့ ကလပ်သွားမယ်၊ သူငယ်ချင်းတွေနဲ့ သောက်စားမယ်၊ ဆေးတွေဘာတွေ သုံးရင်သုံးမယ်။ ဒါပေမယ့် အသက်ကြီးတဲ့ သူတွေကျတော့ သူတို့မှာ ခုနကလို အာရုံနောက်စရာတွေ သိပ်မရှိတော့ဘူး။ သူတို့လိုချင်တာလည်း အချစ်တွေ ပြည့်နေတဲ့ ဘ၀လေးပဲ။ သူတို့ကို အားကိုးပြီး တီတီတာတာပြောမယ့် ချစ်သူပဲဆိုတော့ တခြားအာရုံနောက်စရာတွေ မလုပ်တော့ပါဘူး။ သူတို့နဲ့အတူ နေစေချင်တာကလွဲလို့ အခြားအရာတွေ စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။ နေတာကတော့ ဘယ်အတွဲတွေမှာမဆို ရှိတတ်ကြတာမို့ ဒါဟာ အထူးတလည်ရှင်းပြနေဖို့တော့ မလိုအပ်တော့ပါဘူး။

၃။နွားအိုမြက်နုကြိုက်လို့ ပြောနေသူတွေ ရှိပေမယ့် ကိုယ့်ဘ၀ကို ကိုယ်တည်ဆောက်ဖို့သာ အရေးကြီးတာပါ။

နှစ်ဦးစလုံးက အချစ်စစ် အချစ်မှန်နဲ့ တွဲကြတာဆိုရင်တော့ ဘယ်သူတွေ ဘာပြောပြော ဂရုစိုက်စရာမလိုပါဘူး။ ကိုယ့်ထက်အသက်ငယ်တဲ့သူနဲ့ လက်ထပ်မှာမို့ ကောင်းကျိုးတွေ များစွာထဲက တစ်ခုကတော့ ကလေးမွေးဖွားရာမှာ လွယ်ကူတာမျိုးပါ။ ဒါကလည်း စဉ်းစားသင့်တဲ့ အချစ်ပဲလေ။ ကိုယ့်ဘက်က ကျန်းမာရေးလိုက်စားမှုတွေ ပြုလုပ်ပေးဖို့သာ လိုတာပါ။

၎။အသက်ကြီးတဲ့သူကို ချစ်ကြိုက်သူတိုင်းလည်း ပိုင်းလုံး မဟုတ်ပါ။

ကောင်မလေးငယ်ငယ်လေးတွေက အသက်ကြီးကြီးအမျိုးသားတွေနဲ့ တွဲလိုက်တာနဲ့ ဒီကောင်မလေးကတော့ ပိုင်းလုံးလား မသိဘူးဆိုပြီး ပြောဆိုလေ့ရှိပါတယ်။ အမှန်တော့ ခုခေတ်မှာ ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်ရင်း အေးအေးချမ်းချမ်းနေထိုင်နေတဲ့ မိန်းကလေးတွေ အများကြီးပါ။ ဘေးစကားတွေ နားထောင်ပြီး ကိုယ်လုပ်ချင်တာ ကိုယ်ဆုံးဖြတ်ထားတာတွေ ပြင်ရင်တော့ မှားပါလိမ့်မယ်။ ကိုယ်စဉ်းစားတွေးခေါ်ထားတဲ့အတိုင်းသာ သွားပါ။

Ref:mensxp.com
Trend Myanmar

0 comments:

Post a Comment