Thursday, July 24, 2014

နေပြည်တော်လေဆိပ်သို့ လေယာဉ်ဆီတင်သွင်းရောင်းချဖြန့်ဖြူးခွင့် အေးရှားဝေါလ်ကုမ္ပဏီရ


နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းပိုင်းတစ်နေရာ(ဓာတ်ပုံ− asiaworldmm.com)

နေပြည်တော်လေဆိပ် တွင် လေယာဉ်ဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးလုပ်ငန်းကို အေးရှားဝေါလ်ကုမ္ပဏီလက်ခွဲ ဖြစ်သည့် ပိုင်အိုးနီးယားအေရိုဒုန်း ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိခဲ့ ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။

‘‘တချို့ကုမ္ပဏီတွေက အချက်အလက်မပြည့်စုံလို့ ပြန်ပို့ လိုက်ရတယ်။ အေးရှားဝေါလ် ကုမ္ပဏီခွဲတစ်ခုကတော့ တင်ဒါ အောင်သွားတယ်’’ဟု စွမ်းအင် ဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦး ကပြောသည်။တင်သွင်းဖြန့်ဖြူးရောင်းချ ခွင့်လုပ်ငန်းကို တင်ဒါအောင်သွား သော်လည်း ဆီသိုလှောင်ကန် တည်ဆောက်ရာတွင် သတ္တုဝန် ကြီးဌာန၏ထောက်ခံချက်ပေးမှု မရသေးသောကြောင့် လတ်တ လောအခြေအနေတွင် နေပြည် တော်လေဆိပ်တွင် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းမရှိသေး ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အထက်ပါတာဝန်ရှိသူကပြော သည်။ လုပ်ကိုင်ခွင့်ပြုသည့် လိုင် စင်တစ်ခုတည်းကိုသာ စွမ်းအင် ဝန်ကြီးဌာနတွင်လျှောက်ထားနိုင် ပြီး တင်သွင်းဖြန့်ချိမည့်ပမာဏကို ဖော်ပြသည့် ကျန်သွင်းကုန်လိုင် စင်နှင့် လေယာဉ်ကွင်းအတွင်း ဖြန့်ဖြူးရောင်းချခွင့်ကို စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီး ဌာန၊ သိုလှောင်ကန်တည်ဆောက်မှုတို့ကို သတ္တုတွင်းဝန်ကြီးဌာန တွင် လျှောက်ထားရမည်ဖြစ် သည်။

ပြည်တွင်းလုပ်ငန်းရှင်များ လုပ်ကိုင်ရာတွင် အတွေ့အကြုံ နည်းပါးခြင်းကြောင့် နေပြည် တော်လေဆိပ်တွင် ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သည့် အေးရှား ဝေါလ်ကုမ္ပဏီခွဲကိုလုပ်ကိုင်ခွင့် ပေးသည်မှလွဲ၍ ကျန်လေဆိပ် များတွင် လေယာဉ်ဆီဖြန့်ဖြူး ရောင်းချမှုကို နိုင်ငံတကာကုမ္ပဏီ များနှင့် အကျိုးတူးပူးပေါင်း ဆောင်ရွက်ရန် ပြီးခဲ့သည့်ဇွန်လ က နိုင်ငံတကာ တင်ဒါခေါ်ယူခဲ့ သည်။

လေယာဉ်ဆီတင်သွင်းဖြန့် ဖြူးရောင်းချခြင်းလုပ်ငန်းကို ပုဂ္ဂလိကသို့လွှဲပြောင်းပေးအပ်ရန် စွမ်းအင်ဝန်ကြီးဌာနက လျာထား ပြီး ပုဂ္ဂလိကသို့လွှဲပြောင်းမပေးမီ အကျိုးတူဖက်စပ်လုပ်ကိုင်ခြင်း လုပ်ငန်းများကို ဖိတ်ခေါ်လုပ် ကိုင်လျက်ရှိသည်။

အေးရှားဝေါလ်ကုမ္ပဏီ သည် ပြည်တွင်းသုံးဓာတ်ဆီ၊ ရေနံဆီဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိပြီး လေယာဉ်ဆီဖြန့်ဖြူးခြင်းလုပ်ငန်းလုပ်ပိုင်ခွင့် ကို ပထမဆုံးရရှိခြင်းဖြစ်သည်။

နိုင်ငံတကာလေယာဉ်များ ဆိုက်ကပ်သည့် နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး(တံတားဦး) လေဆိပ်သုံးခုရှိပြီး တစ်နှစ်လျှင်ဂါလန် ၂၈ သန်း ရောင်းချနေရသည်။


7Day Daily

0 comments:

Post a Comment